လတ်တလော အပြောင်းအလဲ များစွာနဲ့ ပြိုင်ဘက် ကုမ္ပဏီ အသစ်တွေ အတော်များများ ပေါ်လာတဲ့ လျှပ်စစ် ကား ဈေးကွက် ကြီး ထဲမှာတော့ နဂို စွန့်ဦးတီထွင်သူလို ဖြစ်ခဲ့တဲ့ Tesla တို့က ပန်းပန်ထား နိုင်ဆဲလို့ ဆိုရ မှာပါ။ တကယ် တော့ ပိုပြီး ယှဉ်ပြိုင်ရခက် လာခဲ့တာက လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက် ကတည်းကဖြစ် ပြီး Lucid Air နဲ့ BMW၊ Audi နဲ့ Mercedes တို့ရဲ့ လျှပ်စစ် ကားသစ်တွေက အဓိက စိန်ခေါ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တော့ အခုလို ကုမ္ပဏီ အသစ်တွေနဲ့ ကုမ္ပဏီ အဟောင်းတွေဆီက ကားတွေ ဘယ်လောက် ကောင်းကောင်းလူတိုင်း သိနေတဲ့ ကုမ္ပဏီကတော့ Tesla ပါပဲ။ အခုလိုမျိုး နာမည်ရထားပြီး သား Brand တစ်ခုဖြစ်လာ ရာကနေ ရောင်းအားကလည်း ဆက်တိုက် လိုက်လာနေတာ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ Experian ဆိုတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်လိုက်တဲ့ မနှစ်က Q4 ကာလ ရောင်းအားတွေ ကို ယှဉ်ကြည့်လိုက်တဲ့ အခါမှာတော့ အံ့အားသင့်စရာ ကောင်းစွာနဲ့ပဲ Tesla ကသာ လျှင် ဈေးကွက်ကို ဦးဆောင် ထားနိုင်သေးတာ တွေ့လိုက်ရပါတယ်။ အဆိုပါ လျှပ်စစ်ကား ရောင်းအားတွေရဲ့ အတော် များတဲ့ ပမာဏလို့ ပြောရမယ့် ၆၉ ရာခိုင်နှုန်း ကတော့ Tesla ရဲ့ ကားတွေ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Tesla နောက်ကနေ ဒုတိယ လိုက်နေတာကတော့ ဂျပန်ကုမ္ပဏီ Nissan ပါပဲ။ Nissan Leaf ကတော့ အခု ချိန်အထိ နာမည်အကြီးဆုံးလျှပ်စစ်ကားတစ်စီးအဖြစ် ဆက်ရှိနေပေမယ့်ရောင်းအားကတော့ ၈.၅၁ လောက် ပဲ နေရာ ယူထားနိုင်တာဖြစ်ကာ Chevrolet ကတော့ ၇.၁၅ % နဲ့ Ford ကတော့ ၂.၃၁ ရာခိုင်နှုန်းတို့ အသီး သီး ရရှိထားတာ တွေ့ ရပါတယ်။ ဒါကြောင့်လည်း လက်ရှိမှာ နာမည်ရထားပြီးသား သမိုင်းကြောင်း ကောင်း ခဲ့တဲ့ ကားကုမ္ပဏီ ကြီးတွေ အတော်များများက လျှပ်စစ်ကားတွေ ပြောင်းကြဖို့အတွက် ဆက်တိုက်ကို တိုက် တွန်း ပြနေတာပါပဲ။ တကယ်လည်း အခု နောက်ပိုင်းမှပေါ်လာခဲ့တဲ့ Tesla ရဲ့ ကားရောင်းအားက ကြောက်ခ မန်းလိလိ ကျော်တက်နေတာက စိုးရိမ်စရာ ဖြစ် နေနိုင်လို့ပါပဲ။ အမေရိကန် ကားဈေးကွက်ထဲကို တစ်ချက် ကြည့်မယ် ဆိုရင်တော့ အလက်စကာ ပြည်နယ် ဈေးကွက်ထဲမှာ ဆိုရင် Nissan တို့ နည်းနည်း ခြေပိုသွက် လာပြီး ကားအသစ် ၄၀ ရာခိုင်နှုန်း အထိက သူတို့ရဲ့ လျှပ်စစ် ကားတွေ ဖြစ်လာ ပါတယ်။ ဒါပေမယ့်လည်း ဆက်တိုက် ထောင်တက်နေဆဲ Tesla တို့ ကတော့ ၃၃ ရာခိုင်နှုန်း အထိ ရောင်းအား ယူထားနိုင်သေးတာ ဖြစ်ပါတယ်။ ကားချင်း ယှဉ်ကြည့်ရင်တော့လည်း Nissan ရဲ့ Leaf အသစ် ထက်ကို Tesla ModelS က တော်တော်လေး ဈေးပိုကြီး နေသေးတာ တွေ့ရပါတယ်။ သေချာခြုံကြည့်မယ် ဆိုရင်တော့ ကားဈေးကွက် တွေထဲကို လျှပ်စစ် ကားရောင်းအားတွေက လွှမ်းမိုးလာနေတာ သတိပြု ရတော့မှာပါ။

Photo Credit: CARBUZZ

အရမ်းကြီး အံ့အားသင့်စရာ မကောင်းတဲ့ အချက်အလက်ကတော့ Tesla အခြေစိုက်ရာ ကယ်လီဖိုးနီးယား ပြည်နယ် ရဲ့ လျှပ်စစ်ကား ရောင်းအားတွေပါပဲ။ အဆိုပါ ဒေသရဲ့ ရောင်းအားက ၃၅ % အထိ ရှိခဲ့ပြီး ဖလော် ရီဒါရဲ့ ရောင်းအား ကိုလည်း ကျော်တက်ခဲ့ ပါတယ်။ လက်ရှိ အချက်အလက်အရ ဆိုရင်တော့ အမေရိကန် မှာတောင် ကယ်လီဖိုးနီးယား အပြင်ဘက်မှာဆိုရင် လျှပ်စစ် ကားတွေဘက်ကို ကူးပြောင်းနိုင်ဖို့ အတွက် အနည်းငယ် တုံ့ဆိုင်းနေကြတုန်းပါပဲ။ လက်ရှိ မှာတော့ အခုရောင်းအားအခြေအနေတွေကြောင့် အခြားသော အဓိက ကားထုတ်လုပ်ရေးလုပ်ငန်းအများ စုမှာ လည်း လျှပ်စစ် ကားတွေ ဘက်ကို မြန်မြန် ဆန်ဆန်ပဲ ခြေဦး လှည့်လာနိုင်ကာ Mini ၊ Cadillac နဲ့ အခြားသော နာမည်ကြီး တစ်ချို့ဆီက သာမန်ဂတ်စ် ကားတွေကို တောင် တဖြည်းဖြည်း မြင်ရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လျှပ်စစ် ကားဘုရင်ကို ပြပါဆိုရင်တော့ လက်ရှိမှာ Tesla ကိုပဲ အကြွင်းမဲ့ လက်ညိုးထိုး ပြရတော့မှာ ဖြစ်ပြီး ဒီအနေအထားကို ကျန်ကုမ္ပဏီတွေ ဘယ်လောက် မြန်မြန်ပြောင်းပြန်လှန်လာနိုင်မလဲ ဆိုတာကတော့ဈေးကွက် ဝယ်လို အားပေါ်ပဲ မူတည်နေ ပြီ ဖြစ်ပါတယ်။

Ref: carbuzz.com