လက်ရှိမှာ Tesla Model S ကို ဝယ်မယ် ဆိုရင်တော့ Pearl White Multi-Coat ၊ Solid Black ၊ Midnight Silver Metallic ၊ Deep Blue Metallic နဲ့ Red Multi-Coat တို့ဆိုပြီး အရောင် ၅ မျိုးအထိ ရွေးချယ်နိုင်မှာပါ။ လက်ရှိမှာ အခု လို အရောင်တွေကို ထည့်ပေးထားတယ် ဆိုပေမယ့်လည်း ကားကို အား ပေးမယ့် သူတွေကတော့ ဈေးနဲ့ယှဉ်ရင် အားမလို အားမရ ဖြစ်နေကြ ရပါသေးတယ်။ ဒါကြောင့် နောက်ထပ် Obsidian Black ဆိုတဲ့ အနက်ရောင် တစ်မျိုးနဲ့ Metallic Silver ဆိုတဲ့ ငွေရောင်တွေကိုပါ ထပ်ပေးလာခဲ့ ပေမယ့် ဈေးကွက်ထဲ ရှိပြီးသား အရောင်တွေနဲ့ ခပ်ဆင်ဆင် ဖြစ်နေခဲ့ သေးတာကြောင့် သိပ်မထူးခြားပြန်ပါ ဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ တုန်းကတော့ တရုတ်ဈေးကွက်ထဲက Tesla ကားတွေ အတွက်ကို စက်ရုံထုတ် Original Vinyl Wrap ကို ရရှိ နိုင်မယ်လို့ ကြေညာခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အရောင် အသစ်ကိုသာ ပိုလိုချင်ကြတဲ့ တစ်ချို့သော အားပေးသူ ပရိသတ်တွေ ကလည်း ရှိနေသေးတာကြောင့် သေချာပေါက် ပိုကောင်းတဲ့ အရောင် ၂ မျိုးကို Tesla တို့ ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

မနှစ်တုန်း ကတည်းကတော့ Tesla App မှာ Deep Crimson Multi-coat ၊ Mercury Silver Metallic နဲ့ Abyss Blue Multi-Coat တို့ ဆိုပြီး အရောင် ၃ မျိုး ကို ရွေးချယ်စရာတွေ အဖြစ် မြင်ခဲ့ရတာ ဖြစ်ပြီး လက် တွေ့မှာ ရောက်မလာ‌ခဲ့ သေးတာ ဖြစ်နေပါတယ်။ ဒါပေမယ့် အခုတော့ အဆိုပါ အခြေအနေတွေ အပြောင်း အလဲ ဖြစ်လာဖို့ အတွက် CEO Elon Musk ရဲ့ စကားတစ်ခွန်းက အားဖြစ်လာစေခဲ့ပါပြီ။ အဲ့ဒါကတော့ ဂျာမနီ ၊ ဘာလင် မြို့မှာရှိတဲ့ Gigafactory စက်ရုံကြီး မှာ အဆင့်အမြင့်ဆုံး ကားဆေးသုတ် အလုပ်ရုံကြီး ဖွင့်ပေးတော့မယ် ဆိုတာပါပဲ။ အဆိုပါ စက်ရုံကနေ ဖန်တီး ပေးမယ့် လက်ရာတွေကတော့ သိမ်သိမ်မွေ့မွေ့ လေးနဲ့ လှပလွန်းတဲ့ အနုပညာတွေ ဖြစ်လာမှာ ဖြစ်ပြီး သာမန် အရောင်တွေ တင်မကပဲ ကားကိုပါ ပိုပြ ခန့်ခန့်ထည်ထည် ကျယ်ကျယ်ဝန်းဝန်း ဖြစ်သွားစေမယ့် ဖန်တီးမှုတွေ ဖြစ်လာ စေရမယ်လို့ Elon Musk က ဆိုခဲ့ ပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ လူအတော်များများမြင်ဖူးပြီးသား ဖြစ်နိုင်ပေမယ့် ထူးခြားတဲ့ အနီရောင် တောက်တောက် အရောင်ကိုလည်း ဖန်တီးပေးသွားမှာ ဖြစ်ပြီးအဆိုပါ အရောင်မှာ ဆိုရင် အလွှာ ၁၃ လွှာ အထိ ထပ်ထားမှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ၈ လွှာ ထပ်ထားမယ့် ငွေရောင် ကားတွေကိုလည်း Tesla မှာ နောက်ပိုင်း မြင်လာရဖို့ ရှိနေပြန်ပါတယ်။

Photo Credit: CARBUZZ

အခုလို အလွှာအထပ်ထပ် နဲ့ ဆေးသုတ်တာကတော့ တကယ့် အဆင့်မြင့်ဇိမ်ခံ Sports Car တွေနဲ့ စူပါ ကားတွေမှာ သာ သုံးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ Tesla က သူတို့ရဲ့ ကားတွေမှာပါ ချပြလာခဲ့တာ ဖြစ်ပြီး ဈေးကတော့ ထုံးစံ အတိုင်းပဲ  မသေးပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလိုမျိုး သာမန်ထက် ထူးခြားကောင်းမွန် လွန်းလှတဲ့ အသေးစိတ်လက်ရာ ဆေးသားတွေကို ထည့်ပေးလာခြင်းကြောင့် Brand ရဲ့ Premium ဆန်လွန်း တဲ့ ပုံရိပ်ကို ကောင်းကောင်း ထိန်းထား နိုင်ရာလည်းရောက်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ နည်းပညာ နဲ့ အရောင်တွေထဲမှာ တော့ အစက ဖော်ပြထားတဲ့ Abyss Blue အရောင် မပါဝင်လာခဲ့ သေးပါ ဘူး။ Crimson Red ဆိုတဲ့ အနီရောင် လေး ကတော့ ၂၀၂၀ ကတည်းက Elon Musk ရဲ့ ကိုယ်ပိုင် ကား လေးပေါ်မှာ စမ်းသပ်ဆဲ အရောင်အနေနဲ့စမြင်ခဲ့ရတာ ဖြစ်ပြီး တကယ်တမ်း ထွက်လာမယ် ဆိုရင်တော့ ပိုပြီး လေးနက်တဲ့ အသွင်နဲ့ မြင်လာရနိုင်ပါတယ်။ နောက်ပိုင်း ရွေးချယ်စရာတွေ ပိုများများ ထည့်လာနိုင်မလား ဆိုတာကတော့ မဖြစ်နိုင်သေးဘူးလို့ပဲ ဆိုရမှာဖြစ်ပြီး Elon Musk ကိုယ်တိုင် ကလည်း အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ အချက်ကို ကောင်းကောင်း လက်ခံထားလို့ပါပဲ။ ဒါကြောင့်လည်း ကုမ္ပဏီက ကားတွေရဲ့ အရောင်တွေနဲ့ ပတ်သက်လာရင် အခြား  သီးသန့်ထုတ်နေစရာ မလိုပဲ နှစ်ပေါင်း ၂၀ လောက် အထိ အာမခံ ကာ ထိန်းသိမ်း စောင့်ရှောက်ပေးထားနိုင်ပါတယ်လို့ Elon Musk ကိုယ်တိုင် ပြောခဲ့ ဖူးတာပါ။ အခု ကား အရောင်တွေ ဘယ်တော့လောက် ရမလဲ ဆိုတာကတော့  Model Y ကားတွေ အခု လပိုင်း လောက်မှာ ဘယ်လောက် အထိ အောင်မြင်မလဲ အပေါ်မှာ မူတည်ပြီး အချိန်သိရနိုင်တယ်လို့တော့ Musk ကိုယ်တိုင် ပြောထားတာကြောင့် သေချာစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com