သတင်းတွေ အရတော့ ဂျာမနီ နိုင်ငံ ၊ ဘာလင်မြို့ အနီး Grunheide ဒေသမှာ ရှိတဲ့ Tesla Giga Berlin-Brandenburg စက်ရုံ အဆင့်မြှင့်တင်မှုတွေ ပြီးစီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ Tesla ကတော့ အခု စက်ရုံကြီးရဲ့ ထုတ်လုပ်မှု အပိုင်းတွေနဲ့ အခြားသော အစိတ်အပိုင်းတွေအတွက် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ဖို့ အတွက်ကို Model Y ကား ထုတ်လုပ်မှုတွေ ကိုတောင် ၂ ပတ်ခန့် ရပ်နားခဲ့ ရတာပါ။ အခုဆိုရင်တော့ အဆင့်မြှင့်တင်မှုတွေလည်း ပြီးစီးသွားပြီ ဖြစ်တာကြောင့် ကားသစ် ထုတ်လုပ်မှုတွေကို ယခင်ကထက် ပိုလို့တောင် တိုးချဲ့ထုတ်လုပ်တော့မယ်လို့ ယုံကြည် ရပြီး ယခင် တစ်ပတ်ကို အစီးရေ ၁,၀၀၀ အထိ ထုတ်နေတာထက်တောင် ပိုများလာနိုင်ပါတယ်။

 

ဒါပေမယ့် အခု စက်ရုံကြီးဆီက ထူးခြားချက်တစ်ရပ်တော့ ရှိလာနေပါတယ်။ အဲ့ဒါကတော့ အပေါ်စီး ရိုက်ချက် ကောင်းကင် ဓာတ်ပုံတွေကနေ Model Y ကားကိုပဲ Single-Piece Front Casting ကားပုံစံ ၊ မော်တာ တစ်လုံး တည်းတပ် Rear-Wheel Drive Model ပုံစံနဲ့ အဖြူရောင် အတွင်းခန်း သုံးထားမယ့် Model တွေဆိုပြီး ခွဲခြားမြင်လာ ရတာပါ။ ဒီ အခြေအနေအတိုင်းကို ခန့်မှန်းကြည့်ရမယ် ဆိုရင်တော့ Tesla Model Y ရဲ့ ကားအမျိုးအစား အကုန်လုံးကို အခု ဂျာမနီရဲ့ စက်ရုံကြီးမှာ တင်တစ်ထိုင်တည်း ထုတ်လုပ်နိုင်တော့မယ့်ပုံပါပဲ။ ဒါတင်မကသေးပဲ Model Y ကိုမှ ကုမ္ပဏီ ရဲ့ နည်းပညာသစ်နဲ့ 4680 Battery Type အမျိုးအစား ကိုလည်းအခု စက်ရုံမှာ ထုတ်လုပ်လာနိုင်ပြီး အရောင် ပိုင်းမှာ ဆိုရင်လည်း အရောင်အသစ်တွေ ထုတ်လုပ်နိုင်ဖို့ စမ်းသပ်နေတာကိုပါ မြင်တွေ့ထားရပါတယ်။ အရောင် အသစ်တွေထဲမှာ ဆိုရင်တော့ သာမန်အဖြူနဲ့ အနက်တွေအပြင် Mercury Silver Metallic အရောင်နဲ့ Deep Crimson Multicoat အရောင်တွေပါ ပါလာတာ မြင်ထားရတာပါ။

Photo Credit: InsideEvs

Tesla ကတော့ အခုစက်ရုံကနေ အရောင်အသစ်တွေ ချပြလာ နိုင်တာကို ပြီးခဲ့တဲ့ ၂၀၂၁  အောက်တိုဘာ ကတည်းက အနည်းငယ်လေး ကြိုပြောဖူးတာဖြစ်ပြီး Tesla App ထဲမှာ မြင်ရသလောက်ကတော့ အရောင်သစ်က ၃ မျိုး အထိ ရှိနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အရောင်သစ် ၂ ရောင် အပြင် Abyss Blue Multi-Coat ဆိုတဲ့ အရောင်ကိုလည်း ရလာ နိုင်ပါတယ်။ အခုလို အရောင်အသစ် တွေကနေ တစ်ဆင့် Tesla ကားတွေကို ယခင်ထက် ပိုစိတ်ဝင်စားအောင် ဆွဲဆောင်ပေးလာနိုင်ပြီး  လက်ရှိမှာတော့ အရောင်သစ်တွေလောက် စိတ်ဝင်စားဖို့ မကောင်းတဲ့ သာမန်အရောင် ၅ ရောင်ပဲ ရှိနေသေးတာပါ။ Drive Tesla ရဲ့ သတင်းတွေအရတော့ အခု စက်ရုံရဲ့ စမ်းသပ်ဆဲယာဉ်အသစ် တွေကို အမေရိက ကို ပေးပို့ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရောင်အသစ်တွေကို ဘယ်အချိန်မှာ ဘယ်လို ရလာမလဲ ဆိုတာအပြင် ဈေးတွေကရော ကွာခြားမှု ရှိလာဦးမလား ဆိုတာကိုတော့ အချိန်ကပဲ အဆုံး အဖြတ်ပေးသွား ဦးမှာပါ။

Ref: InsideEvs

(14) စွမ်းဆောင်ရည်မြင့် မီးသတ်ကားများ – YouTube