အလုပ်ပြုတ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးထဲကမှ သတင်းတစ်ခုကို လိုင်းပေါ်တင်ရုံနဲ့တင် အလုပ်ပြုတ်ရသူတွေ လည်း ရှိနိုင်ပါတယ်။ အခုလည်း Tesla ရဲ့ အလုပ်သမားတစ်ယောက် ကတော့ သူတို့ရဲ့ ကားနည်းပညာသစ် အကြောင်းကို YouTube ပေါ်တင်ခဲ့လို့ အလုပ်ပြုတ်ခဲ့ရရှာပါတော့တယ်။ John Bernal ခေါ်တဲ့ သူကတော့ သူတို့ရဲ့ Full Self-Driving FSD မောင်းသူမဲ့ စနစ်နဲ့ ပတ်သက်တဲ့ စမ်းသပ်ထားတဲ့ Video အတော်များများ ကိုသူ့ရဲ့ ကိုယ်ပိုင် YouTube Channel ဖြစ်တဲ့ AI Addicts မှာ တင်ခဲ့တာပါ။ သူ့အနေနဲ့ Tesla Model 3 ကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး အလုပ် ပြုတ်သွားရုံတင် မကပဲ သူ့ကားမှာပါ FSD Beta Software ကို သုံးခွင့် ပိတ်ခံ လိုက်ရပါတယ်။ ဒါပေမယ့် Bernal အနေနဲ့ အဆိုပါ Full Self-Driving စနစ် အမှန်တကယ် ထွက် ပေါ်လာရင် သုံးနိုင်ဖို့ အခွင့်အရေး လေးတော့ ကျန်ပါသေး တယ်လို့ သိရပါတယ်။ သေချာတာကတော့ သူတို့ ရဲ့ နည်းပညာသစ်ကို Elon Musk တို့ ကတော့ ဘယ်လိုမှ ကြိုမြင်မခံနိုင်တဲ့ အခြေအနေဖြစ်လို့ နေပါတယ်။
တကယ်တော့ သူ့အနေနဲ့ ဖေဖော်ဝါရီ လတုန်းက ထုတ်ခံရချိန်မှာ ကုမ္ပဏီရဲ့အရေးကြီးတဲ့ လျှို့ဝှက်ချက်တွေ နဲ့ အခြား အတည်မဖြစ်သေးတဲ့ Software ဒါမှမဟုတ် ထုတ်ကုန်သစ် တစ်ခုတစ်လေ ကိုမှ ချပြခဲ့တာ မရှိဘူးလို့ တုံ့ပြန်ထား ပါတယ်။ သူလုပ် ခဲ့တာလေးကတော့ Tesla Model X လို ကားမျိုးမှာ အခုစမ်းသပ် Software ကိုသုံးပြီး ကားမောင်း နေတာကို Video ရိုက်တင်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခုဆိုးသွားတာကတော့အခု Video မှာ စနစ်သစ်ရဲ့ အားနည်းချက်များစွာကို အထင်းသား မြင်တွေ့လိုက် ရတာ ဖြစ်ပြီး လမ်းပေါ်မှာ အဆင်ပြေဖို့ ရုန်းကန် နေရတာကို မြင်လိုက်ရတာပဲ ဖြစ်ပါတယ်။ Video တစ်ခု ထဲမှာ ဆိုရင် သူစမ်းသပ်နေတဲ့ သူ့ရဲ့ Model 3 ကား က အဆိုပါစနစ် ချို့ယွင်းပြီးလမ်းပေါ်ကနေ ကားပါကင် နေရာကို အလိုအလျောက် ဆင်းချသွားတာ မျိုးတွေ မြင်နေရပါတယ်။ ကားကိုလည်း နည်းနည်းတော့ ထိခိုက် မိသွားခဲ့ပြီး Bernal ကတော့ Video ထဲမှာ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး တစ်ခုခု အာရုံလွဲနေပုံ ရတယ် လို့ပြောခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ သူလည်း အလုပ်ကနေအပြီး ကို အထုတ်ခံ လိုက်ရပါတော့ တယ်။
အခု မောင်းသူမဲ့စနစ်နဲ့ ပတ်သက်ပြီး Tesla အနေနဲ့ အများကြီး ကြိုးစားရဦးမယ် ဆိုတာကတော့ အများ လည်း သိပြီးသား ဖြစ်ပါတယ်။ ဝေဖန်မှုတွေ အများအပြား ကိုလည်း နဂိုကတည်းက ကြုံနေခဲ့ရတဲ့ အပြင် ဥပဒေပိုင်း ဆိုင်ရာ တွေ အရလည်း အများကြီး အသိအမှတ်ပြု ခံရဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ NHTSA ရဲ့ အဆိုအရတော့ အခု Video ထဲမှာ ထွက်ပေါ်လာတဲ့ Software ရဲ့ မှတ်တမ်းတွေကတော့ အတော်လေးကို လိုအပ်ချက်တွေ များနေသေးတာ ဖြစ်ပြီး နောက်ပိုင်း ဘယ်လောက်အထိ ကောင်းအောင် ပြန်လည်ပြင်ဆင် ပေးလာနိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စား စရာ ကောင်းပါတယ်။
Ref: carbuzz.com