Tesla အကြောင်း ပြောရမယ် ဆိုရင်တော့ သတင်းတွေက အတော်ကို ရသစုံနေတယ်လို့ ဆိုရမှာပါ။ Model Y က အမေရိက ဈေးကွက်ထဲ ရောင်းအား အကောင်းဆုံး ဖြစ်နေတယ် ဆိုတာမျိုးတွေ ၊ ဈေးသက်သာတဲ့ Package တစ်ခု ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ Full Self Driving စနစ်ကို ရောင်းပေးနေတာမျိုးတွေ စတဲ့ သတင်းကောင်းတွေလည်း ရှိနေပါတယ်။ တစ်ဖက်မှာ ကျပြန်တော့လည်း သတင်းဆိုး ကြီးကြီးမားမား တစ်ခုကို ကြားလိုက်ရပြန်ပါပြီ။ အဲ့ဒါ ကတော့ မောင်းသူမဲ့ နည်းပညာအပိုင်းမှာ ကုမ္ပဏီရဲ့ လုပ်ဆောင်နေမှု တွေကို ပြန်လည် စစ်ဆေးဖို့ အတွက် Tesla မှာ ရင်းနှီးမြုပ်နှံထားသူ တစ်ဦးက ညွှန်ကြားခဲ့အပြီး မှာတော့ အခုဆိုရင် အဆိုပါ လုပ်ငန်းအပိုင်းက အလုပ်သမား ၂၀၀ နီးပါးကို အလုပ်ဖြုတ်ပစ်လိုက်တယ်ဆိုတဲ့ သတင်း ပါပဲ။

Photo Credit: CARBUZZ

Bloomberg ကလာတဲ့ သတင်းတွေအရ ဒီ အစီအစဉ်ကတော့ မကြာသေးမီကမှ Elon Musk ကိုယ်တိုင် အတည်ပြု ပေးထားတဲ့ လုပ်အားရဲ့ ၁၀% လောက်ကို လျှော့ချရဖို့ ရှိတယ် ဆိုတဲ့ စကားရပ်ရဲ့ တစ်စိတ်တစ် ပိုင်း ဖြစ်လာ နိုင်ပါတယ်။ သတင်းအရတော့ အခု အလုပ်ထုတ်မှုတွေဟာ ကယ်လီဖိုးနီးယား ရုံးက Tesla ရဲ့ San Mateo ကနေ ဖြစ်ပါတယ်။ အဆိုပါ ဌာနကတော့ လက်ရှိမှာ Tesla ရဲ့ Autopilot စနစ်ကို စမ်းသပ် ဖန်တီး ပေးနေတဲ့ နေရာဖြစ်ပြီး AI စနစ်ရဲ့ အရေးအပါဆုံးသော နေရာလည်း ဖြစ်ပါတယ်။ ကံမကောင်းတာ တစ်ခုကတော့ အခု လုပ်ငန်းက အရေးပါ တယ် ဆို‌ပေမယ့်လည်းလစာနည်း ၊ ခံစားခွင့်နည်းတဲ့ အပိုင်းတွေ ဖြစ်နေတာဖြစ်ပြီး ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နိုင်ငံတွေ မှာဆိုရင် ပိုလို့တောင် ဝန်နဲ့အားမမျှကာ ခံစားခွင့် နည်း နေရတဲ့ အပိုင်းတွေပါပဲ။

Photo Credit: CARBUZZ

TechCrunch ဆိုတဲ့ သတင်းမှာ ဖော်ပြထားချက် အရတော့ Tesla ရဲ့ San Mateo ရုံးကနေ မူလ ဝန်ထမ်း ဦးရေ ၂၇၆ ဦး ရှိတဲ့ အထဲက ၁၉၅ ဦး ကိုထုတ်ပယ်လိုက်တာ ဖြစ်ပြီး လောလောဆယ်တော့ ရုံးပိတ်ထား တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အမေရိက ‌စီးပွားရေးကျရိပ်ပြနေလို့ Tesla မှာလည်း ဝန်ထမ်း တွေ လိုတာထက် ပိုလျှံ နေတယ် ဆိုပြီး ပြောထားတဲ့ Elon Musk ရဲ့ စကားရပ်တွေကို ဝေဖန်မှုတွေ မြင့် တက်နေပါတယ်။ အစပိုင်းတုန်းကတော့ ဝန်ထမ်းအင်အား လျှော့ချကြတဲ့ အခါမှာ လစာအမြင့်ပိုင်း ရထား  ကြသူတွေသာ သက်ရောက်နိုင်တယ်လို့ ခန့်မှန်း ထားကြပေမယ့် အခုလိုမျိုး San Mateo ရုံးက ဝန်ထမ်းတွေ အရင်ပါတာမျိုးကို ကြည့်ရမယ် ဆိုရင်တော့ ဘယ် အလုပ်မှ စိတ်ချရတဲ့ အာမခံချက်မျိုး ရှိမနေဘူး ဆိုတာ ပါပဲ။ မိသားစုတစ်စု ၊ ဒါမှမဟုတ် လူတစ်ဦးတစ်ယောက်ရဲ့ ဝင်ငွေတွေ ပျောက်ဆုံး  လျော့နည်းသွားတယ်ဆို တာ ကောင်းတဲ့အချက်တော့ လုံးဝမဟုတ်ပေမယ့် Tesla ကိုယ်တိုင်ကလည်း ဒေဝါလီ ခံရတာမျိုးအထိ ဖြစ် မလာစေဖို့ အတွက်တော့ လုပ်သင့်တာကို အချိန်ကိုက် လုပ်နေဦးမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နာမည် ကျော် Tesla Cybertruck တို့ မြန်မြန် ထွက်လာတာမျိုးနဲ့ပဲ ဖြစ်ဖြစ် ယခင်လို ပြန်ပြီး အမြန်ထောင်တက် လာနိုင်ဖို့ပဲ မျှော်လင့်ရတော့မှာပါ။

Ref: carbuzz.com