Twitter ကို ဝယ်ယူဖို့ လတ်တလော သတင်းကြီးနေပြန်တဲ့ Tesla ကား ကုမ္ပဏီပိုင်ရှင် ဘီလျံနာကြီး Elon Musk ကတော့ Twitter ကို အချိန်တော်တော်ကြာအောင် အလေးပေး အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ အကြောင်း ကတော့ Twitter ပေါ်ကနေ Tesla ကားတွေအကြောင်း ဝေဖန်လာတာ မေးမြန်းလာတာတွေ ကို သူကိုယ်တိုင် ဖြေကြား ရှင်းပြလေ့ရှိလို့ ပါပဲ။ အခု ဆိုရင်လည်း Tesla သုံးသူ တစ်ယောက်ရဲ့ မေးခွန်းကို ပြန်ဖြေရင်း အရေးကြီးတဲ့ တစ်ချက်ကို အတည်ပြုလာပြန်ပါပြီ။ အဆိုပါ မေးခွန်းကတော့ Tesla ရဲ့ Autopilot စနစ်ထည့်ထားတဲ့ Tesla Model 3 ကားမှာ အဆိုပါစနစ်က Speed Limit ဘယ်လောက် အထိ ကို အလုပ်လုပ်မှာလဲဆိုပြီး မေးလာတာ ဖြစ်ပါတယ်။ အဆိုပါ Autopilot စနစ်ကတော့ ကင်မရာတွေကိုသာ သီးသန့်သုံးထားတဲ့ နည်းပညာတစ်ရပ် ဖြစ်ပြီးလက်ရှိမှာတော့ Tesla Model S နဲ့ Model Y တို့လို ကားတွေ မှာလည်းရရှိနေပြီဖြစ်ကာ မေးထားသူရဲ့ မေးခွန်းကို Elon Musk တစ်ယောက် တုံ့ပြန်သွားပုံကတော့ ဒီလို ပါ။

Photo Credit: CARBUZZ

“မကြာမီ လာမည်မျှော်” ပါတဲ့။ ဒါပေမယ့် ကံမကောင်းတာကတော့ CEO Elon Musk က နည်းပညာ အကြောင်းကို ဘာမှ အသေးစိတ် မရှင်းပြသွားတော့ပဲ မေးတဲ့သူကလည်း သူ့ရဲ့ Model 3 ကားလေးကို မြန် နှုန်း ခပ်မြင့်မြင့်နဲ့ Autopilot စနစ် သုံးချင်လို့ မေးတာ ဖြစ်လို့ပါပဲ။ လက်ရှိ မှာတော့ Tesla အခြေစိုက်ရာ အမေရိကန် ရဲ့ဒေသ အတော် များများက Speed Limit တွေထဲ နိုင်ငံအလယ်ပိုင်း အဓိကနေရာတွေမှာ မြန်နှုန်း ပိုမြင့်တာကို ခွင့်ပြုထားပြီး ကော်လိုရာဒို ပြည်နယ် အရှေ့ပိုင်းမှာ ဆိုရင်တော့ တစ်နာရီ ၇၅ မိုင်ပဲ ခွင့်ပြုထား ပါတယ်။ လက်ရှိ မှာတော့ Tesla ရဲ့ အဆိုအရ သူတို့ အနေနဲ့ ကင်မရာ အခြေပြု အလုပ်လုပ်မယ့် နောက်ထပ် နည်းပညာအသစ် တစ်ရပ်ကိုလည်း ဖန်တီး နေပြန်ပြီး တစ်နာရီ မိုင် ၈၀ နှုန်းလောက် အထိကို အလိုအလျောက် မောင်းနှင်ပေးနိုင်မယ့် Tesla Vision စနစ် ဖြစ်တယ်လို့သိထားရပါတယ်။ လက်ရှိမှာ အဆို ပါ စနစ်ရဲ့ အသေးစိတ် အချက်အလက်တွေ အကြောင်းကိုတော့ မသိရသေးပေမယ့် တရားဝင် ပြောကြား ထားတာ ဖြစ်လို့ ဖြစ်လာနိုင်ချေကတော့ များနေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်ကားပိုင်ရှင်က မှတော့ ကိုယ့်ကား တစ်စီးလုံး တစ်နာရီ မိုင် ၁၀၀ နီးပါး လောက်နဲ့ အလိုအလျောက် မောင်းနှင်နေတာမျိုးကို စိတ်ချလက်ချ ကြည့်နေနိုင်မယ်လို့တော့ မထင်မိပါဘူး။

Photo Credit: CARBUZZ

ဒါကြောင့် လက်တွေ့ အခြေအနေတွေကို စဉ်းစားကြည့်ရင် တကယ်ပဲ ကား ပိုင်ရှင်တွေက အခုလို အနေအ ထားမှာ သက်တောင့် သက်သာ ဖြစ်လာနိုင်မလား  ဒါမှမဟုတ် Software ကပဲ တကယ်ရော အဲ့လောက်အ ထိ ဖြစ်အောင် လုပ် နိုင်ပါ့မလား ဆိုတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ လက်ရှိ အနေအထားမှာ ကိုပဲ တစ်နာရီ မိုင် ၈၀ နှုန်း ဆိုတာ က မောင်းသူမဲ့ Autopilot လို စနစ်မျိုး အတွက် အတော်လေးကို များလွန်းနေ ပြီလို့ ယူဆလို့ ရပါတယ်။ ဘယ်လိုပဲ Elon Musk တစ်ယောက် ကိုယ်တိုင် ဒီကိစ္စကို အတည်ပြု သွားတယ်ပဲ ပြောပြော အချိန်အတိုင်းအတာ တစ်ခု အထိ တော့ ပေးပြီး စောင့်ဆိုင်းရမှာကတော့ သေချာပါတယ်။ ပုံမှန် အားဖြင့်တော့ အခု နည်းပညာပိုင်း အပြောင်းအလဲတွေ ရှိရင် Over The Air Update မျိုးတွေနဲ့ ပိုင်ရှင်တွေ ဆီ ဖြန့်ဝေပေးလေ့ရှိတာကြောင့် နောက်ပိုင်း ကုမ္ပဏီရဲ့ Software Update တိုင်းကိုတော့ သတိထား စောင့် ကြည့်ကြရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com