Automotive News က ကောက်ယူထားတဲ့ စစ်တမ်းတစ်ချို့ အရတော့ လက်ရှိ လျှပ်စစ်ကားတွေထဲက အဆင့်မြင့် ကားတွေကိုကြည့်မယ်ဆိုရင် Tesla Model 3 လောက်ဘယ်ကားကမှ စိတ်ကျေနပ်လောက်စရာ လုပ်ဆောင်ချက် တွေကို မပေးထားနိုင် သေးဘူးလို့ တွေ့ရပါတယ်။ အထူးသဖြင့် Tesla ကုမ္ပဏီ ရဲ့ ကားတွေ ထဲ ဈေးအသက်သာဆုံး ဖြစ်တဲ့ အခု Sedan ကား ကတော့ ၂ နှစ် ဆက်တိုက် ပရိသတ်တွေ ရွေးချယ်တဲ့ စိတ် ကျေနပ်မှု အပေးနိုင်ဆုံး လျှပ်စစ် ကားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ အဆိုပါ ကားကတော့ စစ်တမ်းထဲက ရနိုင်ချေရှိတဲ့ အမှတ် ၁,၀၀၀ ထဲကမှ ၇၇၇ မှတ် အထိကို ရခဲ့တာဖြစ်ပါတယ်။ အဆိုပါ စစ်တမ်းကိုတော့ ပိုင်ရှင် ပေါင်း ၈,၁၂၂ အထိ ကို ကောက်ယူခဲ့တာ ဖြစ်ပြီး ကားရဲ့ အရည်အသွေးပိုင်း ၊ ယုံကြည်စိတ်ချရမှု အပိုင်း ၊ ဘက်ထရီ Range နဲ့ ပိုင်ဆိုင်မှုပိုင်း ကုန်ကျစရိတ်တွေစတဲ့ အသေးစိတ် အချက်အလက်တွေ အကုန် လုံးကို အမှတ်ပေးစေခဲ့တာပါ။ Tesla အနေနဲ့ကတော့ သူတို့ရဲ့ Premium Brand ကားတွေ အကုန်လုံးမှာ အမှတ်ကောင်းခဲ့တာ ဖြစ်ပြီး Model Y ဆိုရင်ရမှတ် ၇၇၀ နဲ့ ဒုတိယနေရာ ရပ်တည် နိုင်ခဲ့သလို ၊ Model S က ၇၅၆ မှတ် နဲ့ တတိယနေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဆိုပါ ကားတွေရဲ့ အောက် စတုတ္ထနေရာမှာ ဆိုရင် တော့ Audi E-Tron က ၇၁၈ မှတ် နဲ့ ရပ်တည်နိုင်ခဲ့တာပါ။

Photo Credit: CARBUZZ

Mainstream ကားတွေထဲမှာ ဆိုရင်တော့ Kia Niro EV က စိတ်ကျေနပ်စရာ အကောင်းဆုံး ကားတစ်စီး အဖြစ် ရပ်တည် နိုင်ခဲ့ပါတယ်။ Tesla လိုပဲ အခု ကားကလည်း အဆိုပါစာရင်းမှာ နှစ်ကြိမ်မြောက် ရပ်တည် နိုင်ခဲ့တာ ဖြစ်ကာ စုစုပေါင်း ရမှတ် ၇၄၄ မှတ် အထိ ရခဲ့ပါတယ်။ ဒီနေရာမှာ ရပ်တည်နိုင်ဖို့ကတော့ မလွယ် ကူခဲ့ပဲ အရေအတွက်များများ ထုတ်လုပ်ထားတဲ့ နာမည်ကြီး လျှပ်စစ်ကားတစ်ချို့ကို ကျော်ဖြတ်ခဲ့ ရတာပါ။ အဆိုပါ ကားတွေထဲမှာ ဆိုရင်တော့ Ford Mustang Mach-E က ရမှတ် ၇၄၁ ၊ Nissan Leaf ( ၇၀၈ မှတ် ) နဲ့ Volkswagen ID.4 ( ၆၉၂)  တို့အသီးသီး ရရှိခဲ့ကြတာပါ။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတာတစ် ခု ကတော့ အခုနှစ် စာရင်းမှာ Chevrolet Bolt အနေနဲ့ ၆၈၇ မှတ်ပဲ ရရှိခဲ့တာဖြစ်ပြီး မနှစ်တုန်းကတော့ ၇၄၅ မှတ် အထိကို အမှတ်ကောင်းခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအမှတ်လျော့ သွားရတဲ့ အကြောင်း ကတော့ ဘက်ထရီ မီးလောင်နိုင်မှု အန္တရာယ်ကြောင့် ကားတွေ ပြန်သိမ်းရခြင်း ကြောင့်ဆိုတာ ပြောပြဖို့ တောင် လိုတော့မယ်မထင်ပါဘူး။ အခုစစ်တမ်းကို ကောက်ယူခဲ့တဲ့ J.D Power ကတော့ စုစုပေါင်း လျှပ်စစ်  ကား ၁၀ မျိုး အထိ ကောက်ယူခဲ့ကာ အဓိက ကျတဲ့ ကားတွေကို ပိုရွေးချယ်ခဲ့ပါတယ်။ လျှပ်စစ်ကား ပိုင်ရှင် တွေ အတွက်ကတော့ အခုစာရင်းထဲက လျှပ်စစ်ကားတွေ ရွေးချယ်ရတဲ့ အဓိက အကြောင်းရင်းကတော့ Range အပိုင်းကောင်းလို့ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းပြချက်ကတော့ Premium EV ပိုင်ရှင်တွေရဲ့ ၈၆ % နဲ့ Mainstream EV ပိုင်ရှင် တွေရဲ့ ၈၇ % အထိကို ရှိခဲ့တာ တွေ့ရပါတယ်။

Photo Credit: CARBUZZ

အခုလို Range ကောင်းတာကို ရွေးချယ်ကြတာ လျှပ်စစ်ကားတွေ အတွက် သဘာဝကျတယ် ဆိုပေမယ့် Mainstream EV ပိုင်ရှင်တွေရဲ့ ကားပေါင်း အစီးရေ ၁၀၀ လောက် ရဲ့ ၂၆.၂ ရာခိုင်နှုန်း လောက်မှာဆိုရင် တော့ Infotainment စနစ် က အနည်းငယ် ပြဿနာ ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ Premium လျှပ်စစ် ကား ပိုင်ရှင်တွေမှာလည်း ပြဿနာ တစ်ချို့တော့ ကြုံနေရဆဲဖြစ်ပြီး တစ်ချို့သော ကားရဲ့အပြင်ပိုင်း ပြဿ နာတစ်ချို့ဆိုရင် ၁၀၀ မှာ ၁၄.၆ % နဲ့ ၁၃.၄% လောက်အထိ ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ပြဿနာ ပမာဏတစ်ချို့ ကတော့ သူတို့ကို လျှပ်စစ် ကားတွေ ထပ်မဝယ်ဖို့ မတားဆီးနိုင်သေးပဲ အဆိုပါ စာရင်းထဲက ၉၆% သောသူတွေဟာ ဆိုရင် နောက်ထပ် လျှပ်စစ် ကားသစ်တွေ ဝယ်ကြဦးမယ်လို့ ဆိုထား ပါတယ်။ အဲ့ဒီအထဲကမှ ၆၂% သော ကားပိုင်ရှင်တွေကတော့ သူတို့ရဲ့ လက်ရှိ ကား ကုမ္ပဏီတွေကိုပဲ သစ္စာ ရှိရှိ ဆက်ရွေးချယ်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ တစ်ချက်ကတော့ အခု စာရင်းထဲမှာ ပါထား တဲ့ လျှပ်စစ်ကားတွေ အနေနဲ့ အခုနောက်ပိုင်း အသစ်ပေါ်လာပြီး ဈေးကွက်နေရာ ရလာတာ တောင် ကြာပြီ ဖြစ်တဲ့ Mercedes EQS ၊ Lucid Air ၊ Ford F-150 Lightning တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ဘယ်လောက် အထိ ရပ်တည်မှုတွေ ယှဉ်နိုင်မလဲ ဆိုတာပါပဲ။

Ref: carbuzz.ocm