အမေရိက ဈေးကွက်အထိ မပေါက်မြောက် သေးပေမယ့်လည်း ကမ္ဘာ့ ဈေးကွက် တစ်ချို့မှာ သိသိသာသာ တိုးတက် လာနေတဲ့ တရုတ် Brand တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Great Wall Motor ဆိုတဲ့ ကုမ္ပဏီပါပဲ။ အချိန်တိုလေး အတွင်းမှာပဲ အဆိုပါ ကုမ္ပဏီကတော့ သူတို့ရဲ့ လုပ်ငန်းကို သိသိသာသာ ချဲ့ထွင်လာခဲ့တာ ဖြစ်ပြီး Haval Brand ကနေ Semi-Premium Crossover ကားတွေ ထုတ်လုပ်လာသလို လျှပ်စစ် ကား ဈေးကွက် ထဲကိုလည်း Ora Division လုပ်ငန်း အနေနဲ့ ဝင်ရောက်လာနေပါတယ်။ အခု ဆိုရင်တော့ ပိုစိတ် ဝင် စားစရာ ကောင်းလာနေတဲ့ ကား အမျိုးအစား တစ်ရပ်ကို ထပ်မံ တွေ့ရမှာဖြစ်ပြီး အဲ့ဒါကတော့ ခပ်ကြမ်း ကြမ်း အသုံးတော်ခံမယ့် Tank ဆိုတဲ့ SUV ကားတွေပါပဲ။ အဆိုပါ ကား အမျိုးအစားအသစ် တွေထဲ နောက် ဆုံး မြင်တွေ့ထားရတာကတော့ မနှစ်က ချန်ဒူး ကားပြပွဲမှာ ပြသခဲ့တဲ့ Tank 500 ဆိုတဲ့ ကားပဲ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ Toyota နဲ့ Ford တို့ ရဲ့ လမ်းကြမ်းမောင်းကားတွေ လိုမျိုး အဓိက ဈေးကွက် ပြိုင်ဆိုင် မှု ရရှိနိုင်မယ့် ပုံစံလို့ ဆိုရမှာပါ။ အခု ဆိုရင်တော့ အဆိုပါ ကားအမျိုးအစားကို တရုတ် ပြည်တွင်း ဈေးကွက် ထဲမှာ တရားဝင် စတင်ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။ တရုတ်လူမျိုးတွေ အတွက် အဓိက ရည်ရွယ်ထုတ်လုပ် ထားတဲ့ ကားတစ်စီး ဖြစ်ပေမယ့်လည်းအများရဲ့ အမြင်မှာတော့ ကမ္ဘာ့ဈေးကွက် အတော် များများ ကိုတောင် ပြိုင်ဘက်ကောင်း တစ်ရပ်အနေနဲ့ ထိုးဖောက်လာနိုင်ဖို့ ခန့်မှန်းနေကြပါပြီ။

Photo Credit: CARBUZZ

အဆိုပါ ကားကိုတော့ Trim ၄ ခုနဲ့ ရောင်းချပေးမှာ ဖြစ်ပြီး Entry Level ဆိုရင် $ 52,500 ၊ Flagship Custom Trim ဆိုရင်တော့ $ 62,000 အထိ ကျသင့်မှာ ဖြစ်ပါတယ်။ အဆိုပါ ကား မော်ဒယ်တွေ အကုန် လုံးကိုတော့ Turbocharged 3.0 Liter V 6 ဓာတ်ဆီ Engine ကို သုံးပေးထားတာဖြစ်ပြီး 48 Volt Mild-Hybrid လျှပ်စစ် မော်တာကိုလည်း ထည့်သွင်း ပေးထားသေးကာ ဂီယာပိုင်းမှာတော့ Nine-Speed Automatic Transmission နဲ့ ပေါင်းစပ် ပေးထားပါ တယ်။ အထင်ကြီးစရာ ကောင်းတဲ့ တစ်ချက်ကတော့ အဆိုပါ ကားရဲ့ အင်ဂျင်ပိုင်းကို GWM ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး တဖြည်းဖြည်း နဲ့ လျှပ်စစ်စွမ်းအင်ပိုင်းကိုပါ ကိုယ်ပိုင် နည်းပညာနဲ့ ရှေ့ဆက်တော့မှာပါ။ ကားရဲ့ စွမ်းဆောင်ရည်ကတော့ 349 hp နဲ့ 367 lb-ft Torque အထိ ရှိထားတာဖြစ်ပြီး တစ်နာရီ ၆၂ မိုင်နှုန်း အထိ အရှိန်တင်ဖို့ကို ၇.၃ စက္ကန့် ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Tank 500 ကားမှာတော့ Intelligent 4×4 စနစ်ကို ထည့်ပေးထားတာကြောင့် ကားမောင်းနှင်မှု ပုံစံ ၁၁ မျိုး အထိ ရွေးချယ်နိုင်မှာပါ။ Tank ရဲ့ CEO  Liu Yangzhao ကတော့ အခုလိုမျိုး All -New Powertrain ပိုင်းကိုပါ ကုမ္ပဏီကနေ ကိုယ်တိုင် ထုတ်လုပ်ရခြင်းကတော့ အမြဲတမ်း နိုင်ငံတကာ ဈေးကွက်ကနေ တင် သွင်းနေရတဲ့ တရုတ်ရဲ့ SUV ကား ဈေးကွက်ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ဖို့ အတွက်ပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ကားရဲ့ အတွင်းခန်းမှာ လည်း Premium Cabin အရသာကို ခံစားနိုင်ဖို့ အတွက် ထိုင်ခုံနဲ့ Trim တွေကအစ Neppa Leather တွေ ကိုသုံးပေးထားပြီး အနှိပ်ထိုင်ခုံ၊ အပူပေးစနစ်နဲ့ လေသန့် စင်စနစ်တွေကိုလည်း ကားအတွင်းခန်းထဲ ထည့်ပေးထားပါ သေးတယ်။ အတွင်းခန်းရဲ့ နောက်ထပ် နည်းပ ညာ အလန်းအနေနဲ့ ဆိုရင်တော့ ၁၂.၃ လက်မ အရွယ် Digital Instrument Cluster ပါဝင်လာတာ ဖြစ်ပြီး ၁၄.၆ လက်မအရွယ် Touchscreen Infotainment Display ကလည်း အတော်ကို ဆွဲဆောင်မှု ရှိပါတယ်။ ဒါ့အပြင် အဆိုပါ စနစ်ကို ထိန်းချုပ်နိုင်ဖို့ အတွက် Rotary Dial ကို ဂီယာ Selector ရဲ့ အနောက်မှာ ထည့် သွင်း ပေးထားပါသေးတယ်။ ဒါကြောင့် ကြည့်ရတာ Premium ဆန်လွန်း နေတဲ့ အဆိုပါ ကားက လက်တွေ့ မှာ Land Cruiser လိုကားမျိုးကို ယှဉ်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရတော့မှာပါ။

Ref: carbuzz.com