တရုတ် ကားကုမ္ပဏီ တွေထဲက တစ်ခုဖြစ်တဲ့ Wey ကနေ ပြီးခဲ့တဲ့ ဇူလိုင် ၂၀၂၀ လောက် တုန်းက ထူးထူးဆန်းဆန်း Tank 300 ဆိုတဲ့ Concept ကားတစ်စီးကို ချပြခဲ့ ဖူးပါတယ်။ လပိုင်းများစွာ အကြာမှာတော့ အဆိုပါ ကားကို ထုတ်လုပ်ရေး အဆင့်ရောက်အောင် ယူဆောင်လာပေးခဲ့ပြီး Tank Brand ရဲ့ လက်အောက်ကနေ တရုတ် ဈေးကွက် ထဲကို ထိုးဖောက်လာခဲ့တာပါ။ အခု Tank 300 ကားရဲ့ ဒီဇိုင်းကတော့ ထူးထူး ခြားခြားပဲ Ford Bronco နဲ့ Jeep Wrangler တို့ ပေါင်းစပ်ထားသလို ဖြစ်နေပါတယ်။ ဒါပေမယ့် ကားရဲ့ အခြားသော အပိုင်းအခြားတွေကတော့ အခု ခေတ် နာမည်ရနေတဲ့ Crossover တွေ SUV တွေ အတိုင်းပါပဲ။ အခုဆိုရင်တော့ အဆိုပါ ကားအမျိုးအစားကို တရုတ် နဲ့ ဆောဒီအာရေဗျ ဈေးကွက်တွေထဲ စတင်တွေ့နေရပြီဖြစ်ပြီး ဩစတြေးလျ ဈေးကွက်ကိုပါ မကြာခင် ထိုးဖောက်လာတော့မယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

တရုတ် ကားသစ်တွေကို အများဆုံး Review လုပ်ပေးနေကြ YouTube Channel Wheelsboy ကနေ အခုဆိုရင် တော့ အဆိုပါ Tank 300 အကြောင်း အသေးစိတ် Review တစ်ခု လုပ်ပေးထားပါတယ်။ ၉ မိနစ် ခန့်ကြာတဲ့ အဆိုပါ Review Video ထဲမှာတော့ ကားရဲ့ အပြင်ပိုင်း အတွင်းပိုင်း Feature တွေ အတော် ‌စုံလင်အောင် ပြသထားတဲ့ အပြင် မောင်းရတဲ့ အရသာ သိအောင်လည်း စမ်းပြထားပါသေးတယ်။ ကားရဲ့ အပြင်ဘက်ကတော့ လေးထောင့်ကျကျ ဖြစ်ပေမယ့် အချိုးအစား ပြေပြစ်လှပါတယ်။ ဘေးဘက်ကြည့်မှန် တွေနဲ့ ဘီးဖုံးတွေက Wrangler ကားနဲ့ အတော် လေး ဆင်တူပေမယ့် အရှေ့ဘက် မျက်နှာစာတွေကတော့ Bronco ကားကို နမူနာ ပိုယူထားတာပါ။ ဘယ်လို ပဲပြောပြော အခြား ကားဒီဇိုင်း တွေကို Copy ယူထားတဲ့ ကားဖြစ်တယ်လို့တော့ ထပ်တူကျ မသတ်မှတ်နိုင်သေးပဲ တစ်ချို့ နေရာတွေမှာလည်း ကိုယ်ပိုင်ဟန် တစ်ချို့ တော့ မြင်နေရသေးတာ  ဖြစ်ပါတယ်။

Photo Credit: motor 1.com

အတွင်းခန်း ကလည်း အပြင်ဘက် အတိုင်းအလားတူပဲ ဖြစ်ပြီး ကြည့်လို့ကောင်းတဲ့အပြင် Premium ဆန်တဲ့ အရသာ ရတယ်လို့တောင် ဆိုလို့ရပါတယ်။ ဒီနေရာမှာလည်း အမြင်ပိုင်းအရ Mercedes G-Class နဲ့ သွားဆင်တူ နေတယ်လို့ ဆိုလို့ရနိုင်ပေမယ့် တူရုံတူတာ ဖြစ်ပြီး တကယ်တမ်း စတင်ထိတွေ့ သုံးစွဲလိုက်ရင်တော့ ခံစားချက်က တကယ် ကွာပါသေးတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တရုတ် ဈေးကွက်ထဲမှာ ဒေါ်လာ ၃၀,၀၀၀ နဲ့ပဲ ရောင်းချ နေပြီး Wrangler ထက်တောင် တစ်ဝက်လောက် ဈေးနည်းတဲ့ ကားဖြစ်တာကြောင့် လက်ခံလို့ရမယ့်အပြင် အတွင်းခန်း Material Quality ကလည်း ထင်ထားတာထက်တော့ ပိုအ ဆင်ပြေပါတယ်။ ကားကိုတော့ သာမန် Body-On-Frame SUV ပေါ်မှာပဲ အခြေခံ ဖန်တီးထားတာကြောင့် မောင်းရတဲ့ အရသာ အရမ်းကြီး မကောင်းပေမယ့်လည်း Multi-Link Suspension စနစ်ကြောင့်တော့ Wrangler ထက်ကိုပဲ ပိုပိုပြီး သက်တောင့်သက်သာ ရှိနေတယ်လို့ သိရပါတယ်။

Ref: motor 1.com