ကားအကောင်းစား တစ်စီး ကို ဘယ်လောက် ပမာဏ နဲ့များ ဝယ်နိုင်ကြပါမလဲ ? ဒေါ်လာ ၅ သောင်းလား ၊ ဒေါ်လာ ၅ သိန်း လား? အဲ့လောက် ပမာဏကို များတယ် ထင်ရင်တော့အခု ကားရဲ့ရောင်းဈေးက တကယ် မျက်လုံးပြူးစရာ ဖြစ်နေမှာသေချာပါတယ်။ ဟုတ်ပါတယ် အခုပြောပြပေးမှာကတော့ ၁၉၃၇ ခုနှစ် ကတည်း က ထုတ်ထားတဲ့ ကားတစ်စီးကို လူတစ်ယောက်က ဒေါ်လာ ၁၃ မီလီယံ ကျော် ပေးဝယ်သွားခဲ့တာပါ။ အဆို ပါ ကားကတော့ Talbot-Lago T150-C-SS ဆိုတဲ့ Teardrop Coupe ကား တစ်စီး ဖြစ်ပြီး လေလံတင်ရာ မှာနောက်ဆုံး လေလံအောင်ခဲ့တဲ့ဈေးကတော့ ဒေါ်လာ ၁၃,၄၂၅,၀၀၀ အထိကို ဈေးရခဲ့တာ ဖြစ်ပြီး ပြင်သစ် ရဲ့ ရှေးဟောင်းကားတွေထဲမှာ တန်ဖိုးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကာ ကမ္ဘာ့စံချိန်ပါ တင်နိုင်ခဲ့ပါ တယ်။ အဆိုပါ ကားကိုတော့ ထုတ်လုပ်ခဲ့စဉ်တုန်းက အစီးရေ ၁၀ စီးကနေ ၂၀ စီး အထိ ထုတ်လုပ်ခဲ့တာဖြစ် ပြီး Notchback Coupe Jeancart နဲ့ Fastback Modele New York ဆိုပြီး ဒီဇိုင်း ၂ မျိုး နဲ့ရနိုင်တာ ဖြစ်ပါ တယ်။ အဆိုပါ ကား ၂ မျိုးထဲကမှ ဒုတိယတစ်မျိုးကိုတော့ အစီးရေ ၂ စီးတည်းသာ သီးသန့် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး အလူမီနီယံ ကိုယ်ထည်ကို အပြည့်တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကိုယ်ထည်ရဲ့ အကောင်းတိုင်း ကျန်နေသေးတဲ့ ကားဆိုလို့ လည်း အခု လေလံတင်ခဲ့တဲ့ ကားပဲ ရှိတော့တာပါ။
အဆိုပါ ကားကတော့ မူလအစ စက်ရုံထုတ်တုန်းက အပြာရောင်ကိုမှ မီးခိုးရောင် Fenders တွေနဲ့ ထွက်ပေါ် လာခဲ့တာပါ။ အိတ်ဇောပိုင်းကလည်း Competitive-Style ၊ ဘီးတွေကလည်း ဝါယာဘီးနဲ့ Sunroof တောင် ပါဝင် ပါသေးတယ်။ နောက်ပိုင်းမှာတော့ အဆိုပါ ကားကို ၁၉၃၈ ခုနှစ်ရဲ့ Concours d’Elegance Fémina ပွဲကြီးမှာ အနီရောင် Fender တွေနဲ့ တစ်ကျော့ ပြန်ပွဲထွက်လာ ခဲ့ပြန်ပါသေးတယ်။ အဆိုပါ ပွဲမှာတုန်းက တော့ အခု ကားတစ်စီး တည်းတင် မဟုတ်ပဲ အခြားသော Talbot-Lago T150-C-SS Coupe နောက် ၂ စီးလည်း ပါဝင်ပါသေးတယ်။ နောက်ပိုင်းတော့ အခု ကားကို လော့အိန်ဂျလိစ်က Thomas Stewart Lee ဆိုသူထံ ရောင်းချခဲ့ပြီး သူ့အနေနဲ့ ကတော့ အခြား အလားတူ ကား ၂ စီး ကိုလည်း သူပဲပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် သူ့လက်ထဲ အရောက်မှာတော့ အဆိုပါ ကားကို အနီရောင် အဖြစ် ပြောင်းလိုက်ပါသေးတယ်။ နောက်ပိုင်း ပိုင်ရှင်တွေ လက်ထဲ အမျိုးမျိုးပြောင်းအပြီးမှာတော့ ကားက အဖြူရောင်လေးအဖြစ် နဲ့ ၂၀၀၂ နှစ် အထိ ကို ကယ်လီဖိုးနီးယားရဲ့ ဂိုဒေါင် ထဲမှာ နှစ် ၄၀ လောက်အထိ ဆက်ရှိ နေခဲ့တာပါ။ Restore ပြန် လုပ်ထားတဲ့ 90107 ကား ကိုတော့ ၂၀၀၅ ခုနှစ် တုန်းက ပြန်လည် ပွဲထွက်ခဲ့ပြီး ၂၀၀၇ ခုနှစ် ရဲ့ Amelia Island ကားပြပွဲမှာ ပြန်လည် မြင်တွေ့ ခဲ့ရပါတယ်။ ဒါ့အပြင် အဆိုပါ ကားပြပွဲရဲ့ ပထမတန်းစား အဆင့် ဂုဏ်ပြုဆုကိုလည်း ရရှိခဲ့တဲ့ ကားလောကရဲ့ ဂုဏ်ဆောင် ကားကောင်းတစ်စီးလည်း ဖြစ်လို့နေပါတယ်။
Photo Credit: motor 1.com
အဆိုပါ ကားမှာကတော့ 4.0 Liter Inline-Six Engine ကိုမှ Zenith-Stomberg Carburetor ၃ လုံး နဲ့ အတူ တပ်ဆင် ပေးထားတာကြောင့် 140 hp အထိကို စွမ်းဆောင်နိုင်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကား ထဲမှာ Four-Speed Wilson Pre-Selector Gearbox လည်း ပါဝင်နေသေးပြီး Four-Wheel Mechanical Brake တွေနဲ့ အတူ အရှေ့ဘက် သီးသန့် Suspension ၊ အနောက်ဘက်ဝင်ရိုးအရှင် တို့လည်း ထည့်သွင်းထားတာကြောင့် သူ့ခေတ်သူ့အခါနဲ့တော့ တကယ်ကို ကောင်းတဲ့ ကားတစ်စီးပါပဲ။ အခုဆိုရင် ကားရဲ့ သက်တမ်းကနှစ်ပေါင်း ၈၀ ကျော် အထိကို ရှိလာခဲ့ပြီ ဖြစ်ပြီး နှစ်ပေါင်း ၄၀ လောက်အထိ စွန့်ပစ်ခံ ကားလို ဖြစ်သွားပေမယ့် အခုချိန်အထိကို အကောင်းအတိုင်းနဲ့ လေလံမှာ တန်ဖိုးထား ခံရနေရသေးတာက တော့ ဂုဏ်ယူစရာ ကောင်းနေတာပဲ ဖြစ်ပါတယ်။
Ref: motor 1.com