2021 Toyota GR 010 Hybrid နဲ့ Roadster Shop Rampage Camaro တို့နဲ့ အတူ အခုဆိုရင်တော့ Suzuki Vision Gran Turismo ကားကပါ Gran Turismo 7 ကားဂိမ်းရဲ့ Free Upadte 1.15 မှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ အခု ကားကတော့ အဟောင်းပေမယ့် အသစ် ပြောင်းလဲပေးထားတဲ့ Virtual Race Car ဂိမ်းထဲက ပြိုင်ကား အသစ်ပါပဲ။ အဆိုပါ ကားကတော့ ၂၀၀၁ ကတည်းက ထွက်ပေါ်ခဲ့တဲ့ GSX-R/4 Concept အပေါ် အခြေခံကာ ဖန်တီးထားခဲ့တာ ဖြစ်ပြီး အချိန်နဲ့အမျှ ခေတ်ပေါ်ဒီဇိုင်းအဖြစ် ပြောင်းလဲခဲ့တာ တွေတော့ အများကြီး မြင်ရမှာပါ။ အဆိုပါ ကား ကတော့ ဂိမ်းထဲမှာကိုပဲ ထိုင်ခုံ နှစ်လုံးပါ Speedster အနေနဲ့ မြင်လာရပြီး အင်ဂျင်ကို အလယ်မှာ တပ်ဆင်ထား တဲ့ ကားအမျိုး အစားဖြစ်ကာ အရှေ့ဘီးရဲ့ နောက်ဝင်ရိုး ၂ ခု ကြားမှာ ထည့်ထားတာ ဖြစ်ပါတယ်။ အင်ဂျင်ကိုတော့ ကား တွေဆီကနေ ယူထားတဲ့ အစား Hayabusa Sports Bike ဆီကနေ ယူဆောင်ထားတာဖြစ်ပြီး High-Revving Inline-Four Engine ကို သုံးပေးထား တာပါ။ 1.3 Liter ရှိတဲ့ အဆိုပါအင်ဂျင်ကိုမှ လျှပ်စစ်မော်တာ ၃ လုံး ပါပါသေးတယ်။ ကားရဲ့ အရှေ့ဘက်မှာ မော်တာ ၂ လုံးနဲ့ ‌အနောက် ဘက် မှာတော့ တစ်လုံး တပ်ဆင်ထားတာကြောင့် ဂိမ်းထဲမှာကိုပဲ All-Wheel Drive အနေနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပြီး စွမ်းဆောင်ရည်က လည်း 426 hp ၊ 450 lb-ft Torque အထိ ရရှိနိုင်မယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

အဆိုပါ Hybrid ကား ကတော့ အလေးချိန်အားဖြင့် ၂,၁၃၈ ပေါင် ရှိမယ် လို့ သတ်မှတ် ထားပြီး Swift Sport ဆီက ဒီဇိုင်း ပုံစံတွေကို ပြန် လည် ယူဆောင်ထားတာ တွေ့ရမှာပါ။ ကားရဲ့ Champion Yellow အရောင်ကိုမှ Two-Tone Alloy ဘီးတွေကြောင့် တော်တော်လေး ကြည့်လို့ ကောင်းနေတဲ့ Hot Hatch အမိုးဖွင့် Sports ကားတစ်စီး အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက်လှပပြီး ကောင်း လွန်းတဲ့ ကားလေးအတွက် ဝမ်းနည်းစရာ တစ်ချက် ကတော့ ဂိမ်းထဲမှာပဲ ရနိုင်တာ ပါပဲ။ Gran Turismo ရဲ့ တရားဝင် Website မှာတော့ အဆိုပါ ကားရဲ့ GR.3 Version ကို နောက်ပိုင်းမှာ ဆက်လက် ချပြလာဦးမယ်လို့ ဖော်ပြပေးထားပါသေးတယ်။

Photo Credit: motor 1.com

အခုလို Virtual GT ကားတွေ မတိုင်ခင်တုန်းကတော့ Suzuki ဟာ ကားဂိမ်း လောကထဲမှာ ထုတ်လုပ် ပေးတာမျိုး လုံးဝ မရှိခဲ့ဖူးပါဘူး။ အခုလို မျိုးဂိမ်းထဲက အလန်းစားကားကို အပြင်မှာ ကျင်းပမယ့် တိုကျို ကားပြပွဲကြီးထဲမှာ ကောင်းကောင်းချပြလာနိုင်ဖို့ကိုပဲ မျှော်လင့်နေရ တော့မှာပါ။ ယခင် ဆယ်စုနှစ် တစ်ခုလောက်က မြင်ခဲ့ရတဲ့ မူလ ကားရဲ့ Concept နဲ့ အခု ထွက်လာတဲ့ ကားအပေါ်မှာလည်း အတော်လေး ကွဲပြားခြားနားချက်တွေကို မြင်ခဲ့ ရပါတယ်။ Gran Turismo 7 ကားဂိမ်းရဲ့ အခု Update အသစ်မှာတော့ အခုလို ကားသစ် ၃ မျိုး အပြင် New Orleans ဒေသ မြေပုံအသစ် ကိုပါ ထည့်ပေးထားပြီး အခု ဆိုရင်တော့ စတင် Download လုပ်ယူကာ ကစားလို့ရပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com