အမေရိက ကား ဈေးကွက်ကလွဲလို့ အခြားသော ကမ္ဘာ့ ကားဈေးကွက်တွေအတွက် Suzuki Swift ကားမော်ဒယ် မကြာခင် ရောက်ရှိလာတော့မှာပါ။ ယခင်တုန်းက မြင်ခဲ့ရတဲ့ ကားသစ်ထုတ်လုပ်နေစဉ် Spy Shots တွေကို အခြေခံ မြင်ကြည့်ရမယ် ဆိုရင်တော့ ကားသစ်ဟာ တံခါး ၅ ပေါက် နဲ့ Hatchback ပုံစံ ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီတိုင်းသာ ဆိုရင်တော့ Suzuki Swift မျိုးဆက်သစ် ကားသစ်ကို ထင်ထားတာထက် ခပ်စော စော မြင်လာရနိုင်မှာပါ။ အဆိုပါ ကားသစ်ရဲ့ ဖြစ်နိုင်ဖွယ် ကားဒီဇိုင်းကို ခန့်မှန်းကြည့်ဖို့ အတွက် မြင်ထားရတဲ့ Spy Shots တွေနဲ့ Prototype ပုံတွေ အရတော့ အခုဆိုရင် ဒီဂျစ်တယ် ပုံကြမ်းတစ်ခု ထွက်ပေါ်လို့လာခဲ့ ပါပြီ။

Photo Credit: motor 1.com

ထုတ်လုပ်မယ့် အဆင့်မှာ အခု ပုံကြမ်းထဲက ဒီဇိုင်းအတိုင်းသာ တကယ် သုံးလာမယ်ဆိုရင်တော့ ကားသစ်က အတော်လေး သပ်သပ်ရပ်ရပ်နဲ့ Sport ဆန်လာ နိုင်ပါတယ်။ ကားရဲ့ Grille ကလည်း အရောင် ၂ ရောင် စပ် ဖြစ်လာ နိုင်ပြီး လေးထောင့်ကျတဲ့ Fascia ပုံစံလည်း ဖြစ်လာဖို့ ရှိပါတယ်။ Fascia အပိုင်းကို ဆက်ပြောရမယ် ဆိုရင်တော့ Swift အသစ်မှာ ယခင်ကထက် ပိုကြီးမားတဲ့ ပုံပေါက်လာနိုင်ပြီး Headlights တွေက လည်း ခပ်ကြီးကြီးနဲ့ ထင်ထင်ရှားရှား ဒီဇိုင်းတွေ ဖြစ်လာနိုင်ပါတယ်။ ကားရဲ့ ဘေးဘက်တွေမှာ မြင်လာရနိုင်တဲ့ မျဉ်းဖြောင့် ဒီဇိုင်း လေးတွေကလည်း ကားရဲ့ အရှေ့က ကြည့်ရင်လေးထောင့်ကျကျ မြင်ရနိုင်ပြီး ၊ အနက်ရောင် ဖြစ်လာမယ့် အမိုး ကလည်း လက်ရှိ Swift နဲ့ တူလာနိုင်ပြီး ၂ ရောင်စပ် Theme ကိုလည်း တစ်ချို့ ကားဈေးကွက်ထဲ ထည့်ပေးလာ နိုင်ပါသေးတယ်။ ဒါပေမယ့် လက်ရှိ မြင်ထားရ သလောက် ပုံရိပ်တွေ ရဲ့ ကားအမိုးမှာတော့ အနက်ရောင် Version ကို မမြင်ထား ရသေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။

Photo Credit: motor 1.com

မျိုးဆက်သစ် Swift အသစ်ကိုတော့ Heartect Platform ရဲ့ ပြန်လည် အဆင့်မြှင့်တင်ထားတဲ့ Version ကိုအခြေခံကာ ဖန်တီးပေးလာနိုင်ပြီး ခေတ်မှီလုံခြုံရေးပိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ကိုက်ညီမယ့် အဆင့် မြှင့်တင်မှု အများ အပြားကိုလည်း အခုကားမှာ ဖန်တီးပေးလာနိုင်ပါတယ်။ အင်ဂျင်ပိုင်း အတွက်ကတော့ အခုထိ အတည်မပြုနိုင် သေးပေမယ့် Turbocharged 1.4 Liter Mild-Hybrid Engine အတွဲအဖက်ကို ထည့်ပေးလာမယ် ဆိုရင်လည်း သိပ် တော့ အံ့အားသင့်ရမှာ မဟုတ်တော့ပါဘူး။ Suzuki Swift ကိုပဲ Hybrid အပြည့်နဲ့ သီးသန့် အမျိုးအစားကိုလည်း မကြာခင်မြင်လာရနိုင်ပြီး Toyota ကုမ္ပဏီနဲ့လည်း တစ်ချို့သော နည်းပညာပိုင်းတွေ ပူးပေါင်းထားတယ်လို့ သတင်း တွေ ထွက်နေခဲ့ ပြန်ပါတယ်။ အဆိုပါ Suzuki Swift အသစ်ကိုတော့ 2024 Model အနေနဲ့ လာမယ့်နှစ်မှာ ပွဲထုတ်လာနိုင်ပြီး လာမယ့် လပိုင်းတွေမှာတော့ အခုထိ ပိုတိကျတဲ့ သတင်း အချက်အလက်တွေ ထွက်ပေါ်လာ တော့မှာဖြစ်လို့ ဆက်ပြီး စောင့်ကြည့် နေရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com