လျှပ်စစ် ကားဈေးကွက်အတွင်း အပြိုင်အဆိုင် ခြေလှမ်းတွေ ကြားထဲမှာတော့ ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Suzuki တို့က အနည်းငယ် နောက်ကျနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၂၅ အရောက်မှာ သူတို့ရဲ့ ပထမဆုံး သော လျှပ်စစ်ကားသစ်ကို ဈေးကွက်ထဲပို့ဖို့ ပြင်ဆင်ထားပြီဖြစ်ပြီး အခုဆိုရင် အဆိုပါ ကား ရဲ့ Concept ကို eVX ဆိုတဲ့ နာမည်နဲ့ ချပြလာခဲ့ပါပြီ။ အဆိုပါ ကားကတော့ Concept အနေနဲ့ပဲ ချပြ ထားတာကြောင့် အသေးစိတ် အချက်အလက် တွေကို မဖော်ပြထားသေးပေမယ့်လည်း Suzuki ကတော့ ခေတ်ပေါ် လျှပ်စစ်ကားတွေ ထဲအကြမ်းဆုံးသော 4×4 စွမ်းဆောင်ရည်ကို ပေးနိုင်လိမ့်မယ်လို့ ဆိုထား ပါတယ်။ ကားရဲ့ ပုံစံကတော့ ကျစ်ကျစ်လစ်လစ် SUV တစ်စီး အသွင် ဆောင်နေပြီး အရှေ့ဘက် Fascia ပုံစံ ၊ Overhang အတိုတွေနဲ့ ဘီးဖုံးခပ်ကြီးကြီး တောင့်တောင့်တွေနဲ့တင် လမ်းကြမ်း ပိုင်း ကြမ်းပြမယ့် ကားမျိုးဆိုတာ ခန့်မှန်းမိစေပါတယ်။

Photo Credit: motor 1.com

Concept အရတော့ ကားက ၁၆၉ လက်မ ရှည်ပြီး ၇၁ လက်မ ကျယ်ကာ ၆၃ လက်မ အမြင့်ရှိလို့ နေပါတယ်။ အရွယ် ကတော့ လက်ရှိ ဈေးကွက်ထဲက Vitara ထက် နည်းနည်း ပိုရှည်ပိုကြီးနိုင်ပြီး တစ်ကြိမ် အားသွင်းရုံနဲ့ ၃၄၂ မိုင် လောက် မောင်းနိုင်မယ့် 60 kWh ဘက်ထရီ ‌လောက်ကိုတော့ ထည့်ပေးလာဖို့ များနေပါတယ်။ ဒါပေမယ့် အဆိုပါ အတိုင်း အတာ ‌ပမာဏတွေက အိန္ဒိယရဲ့ MIDC စံ အရသာ‌ဖြစ်တာ ကြောင့် ဥရောပ ရဲ့ WLTP နဲ့ အမေရိက ရဲ့ EPA စံတွေမှာ ဆိုရင် ကွဲပြားလာ နိုင်ပါသေးတယ်။ အခု Concept ကို မိတ်ဆက်ခဲ့တဲ့ ပွဲမှာလည်း Suzuki ရဲ့ ဥက္ကဌဖြစ်သူ Toshihiro Suzuki က သူတို့ရဲ့ ပထမဆုံး သော ကမ္ဘာ့ဈေးကွက်ဝင် ဖြစ်လာမယ့် လျှပ်စစ်ကား နမူနာ Concept ကို ချပြရတာ တကယ် စိတ်လှုပ်ရှားမိကြောင်းနဲ့ လျှပ်စစ်ကားသစ်တွေ အပါအဝင် နောက်ထပ် ကမ္ဘာ့ဈေးကွက် အသီးသီး အတွက် ကား အမျိုးမျိုးကိုလည်း ချပြသွားဦးမှာပါလို့ ဆိုခဲ့ပါတယ်။

Photo Credit: motor 1.com

အခု တစ်ပတ် အစောပိုင်းမှာတင်ပဲ Suzuki တို့က ကနေဒါ အခြေစိုက် Inmotive ဆိုတဲ့ ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဖို့ အတွက် သဘောတူညီခဲ့ကြပါသေးတယ်။ အဓိက ကတော့ အနာဂတ် Suzuli လျှပ်စစ်ကားသစ် တွေမှာ အသုံးပြုမယ့် Two-Speed Transmission ဂီယာ စနစ်ကို ပူးပေါင်းဖန်တီးဖို့ပါပဲ။ အဆိုပါ ဂီယာစနစ်ကလည်း သာမန် လျှပ်စစ်ကားတွေ ဆီကရနိုင်မယ့် Range ထက် ပိုရအောင် လုပ်ပေးနိုင်မယ့် နည်းပညာသစ် တစ်ရပ်ဖြစ်ပြီး အဆိုပါ ဂီယာကို အခုမြင်နေရတဲ့ eVX Concept ကား တကယ်ထွက်လာတဲ့အခါ စသုံးလာနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com