ပြီးခဲ့တဲ့ ၂၀၁၇ လောက်တုန်းကတော့ Mazda အနေနဲ့ လုံးဝ အနက်ရောင်အပြည့် ခန့်ညားလွန်းနေတဲ့ ကား အသစ်ကြီး တစ်စီးကို ပုံရိပ်လေး တစ်ချို့နဲ့ အရိပ်အမြွက် ပြသခဲ့ဖူးပါတယ်။ အဆိုပါ ကားကတော့ တံခါးလေး ပေါက်ပါ အဆင့်မြင့် Vision Coupe ကားဖြစ်ပြီး အတော်လေးလည်း ခန့်ညားတဲ့အသွင်ပေါက်နေပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ အဲ့ဒီ နောက်ပိုင်း အဆိုပါ ကားနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ ‌အသေးစိတ် မသိ ရတော့တာဖြစ်ပြီး ထုတ်လုပ်ဖြစ်မယ်ဆိုတဲ့ သတင်းတွေတောင်ကြာကြာမခံခဲ့ပါဘူး။ အခု လေးနှစ်ခွဲလောက် ကြာလာတဲ့ အထိလည်း အစအနတောင် ရှာမရတော့တဲ့ ကားရဲ့ သတင်းအခြေအနေတွေကြောင့် လုံးဝဖြစ် မလာ နိုင်တော့တဲ့ ကားအဖြစ် သတ်မှတ်ထားကြပြီး ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဓိက အကြောင်းအရင်းကတော့ ကားလောကထဲကို စိုးမိုးလာတဲ့ SUV ဆိုတဲ့ စာလုံးလေး ၃ လုံးနဲ့ ကား အမျိုး အစား တွေကြောင့်ပါပဲ။ Mazda ရဲ့ ဥရောပပိုင်း Engineering Boss ဖြစ်သူ Joachim Kunz ကိုယ် တိုင်ကလည်း SUV တွေရဲ့ ရောင်းအားကပိုပြီး အရေးကြီးလာနေတယ်လို့ ဝန်ခံခဲ့ပါသေးတယ်။ ဒါ့အပြင် သူ့အနေနဲ့ အင်ဂျင်အရှေ့မှာ တပ်ပြီး Rear-Wheel Drive ၊ Six-Cylinder Engine တို့နဲ့ မောင်းနှင်နိုင်မယ့် Mazda 6 မျိုးဆက်သစ်တို့လို Coupe ကားတွေကိုလည်း မျှော်လင့်နေမိပါတယ်ဆိုပြီး ဝန်ခံထားပြန်ပါ တယ်။ သူ့ရဲ့ အခုလို ပြောဆိုမှုကြောင့် Sedan ကား အကြီးတွေနဲ့ ပတ်သက်လာရင် ကုမ္ပဏီက အခြားသော ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ BMW ၊ Audi နဲ့ Mercedes-Benz တို့လိုမျိုး RWD လမ်းကြောင်းကို ရွေးချယ် ယှဉ်ပြိုင်မှာ မဟုတ်လောက်ပါဘူး။ SUV တွေက ကြီးကြီးမားမားကို နေရာယူလာတာနဲ့ အညီ 2015 တုန်း က တွေ့ခဲ့ရတဲ့ RX Vision Concept ရဲ့ လမ်းမထက်က အလန်းစား ကားကြီး တစ်စီးကိုလည်း ပိုပြီး စိတ် လှုပ်ရှားစွာ မျှော်လင့်လာနိုင်ခဲ့ပါတယ်။ သူတို့အနေနဲ့ နာမည်ကျော် Rotary Engine တွေ ကိုပြန်သုံးဖို့ လုပ်နေပေမယ့် ယခင်လို အဓိကအနေနဲ့ မဟုတ်ပဲ MX-30 Hybrid Crossover ရဲ့ Range ပိုကောင်း အောင် လုပ်ပေးနိုင်မယ့် အရံ အင်ဂျင်အနေနဲ့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခု တော်သေးတာကတော့ MX-5 က NE မျိုးဆက် ဓာတ်ဆီအင်ဂျင်သုံး RWD Sports ပြိုင်ကား‌တွေရဲ့ လမ်းစဉ်အတိုင်း လိုက်လာနိုင် လိမ့်မယ်လို့ ယူဆရ ပါတယ်။

Photo Credit: motor 1.com

Joachim Kunz ရဲ့ SUV ကားတွေ တစ်ခေတ်ထလာတာကြောင့် Mazda ကိုယ်တိုင်လည်း SUV ကားတွေ နဲ့ရထားတဲ့ ဈေးကွက်ကို ပိုမို ခိုင်မာအောင် ဖန်တီးနေချင်တာဖြစ်တယ် ဆိုတဲ့ စကားကြောင့် Mazda-6 Sedan တို့လို ကားရဲ့ နောက်မျိုးဆက်သစ် တွေအတွက်တော့ အနည်းငယ် စိတ်ပူစရာ ဖြစ်လာခဲ့ပါတယ်။ အဆိုပါ ကားရဲ့ အနာဂါတ်ကို မသိရသေးပေမယ့်လည်း CX-60 ထွက်အပြီး နောက်ပိုင်းမှာတော့ CX-70 ၊ CX-80 နဲ့ CX-90 SUV တွေကိုပါ ဆက်ပြီး ချပြလာမှာ ဖြစ်တယ်ဆိုပြီး အတည်ပြုပေးထား ပြီးသားပါ။ အဆိုပါ Mazda-6 Sedan ရဲ့ တတိယမြောက် မျိုးဆက် ကားကတော့ ဆယ်စုနှစ်တစ်ခုလောက် အထိကို သက်တမ်းရှိနေပြီဖြစ်ပြီး တိုက်ရိုက်အစားထိုးနိုင်မယ့် ကားမော်ဒယ် ဆိုတာမျိုးလည်း သတင်းမကြား ရသေး ပါဘူး။ Mazda ကတော့ အခြားသော ကုမ္ပဏီတွေနဲ့ အနည်းငယ် သေးငယ် နေသေးတဲ့ အခြေအနေဖြစ်နေ လို့ SUV ရောင်းအားတွေကိုတစ်ဟုန်ထိုး မြင့်တက်ဖို့ အာရုံစိုက်မယ် ဆိုရင်လည်း အဓိပ္ပါယ် ရှိသေးတယ်လို့ ဆိုလို့ရပါတယ်။

Ref: motor 1.com