လျှပ်စစ် ကားလောကထဲ ဝင်ရောက်တဲ့နေရာမှာတော့ ဂျပန် ကားကုမ္ပဏီ Subaru တို့က နောက်ကျတယ် လို့ ဆိုလို့ ရပါတယ်။ သူတို့ရဲ့ ပထမဆုံး လျှပ်စစ်ကားကို အခုနှစ် အစောပိုင်းမှာမှ စတင် မိတ်ဆက်ပြခဲ့တာ ဖြစ်ပြီး ပထမဆုံး သော လျှပ်စစ်ကား အများအပြား ထုတ်လုပ်မှု‌တွေကိုတော့ ၂၀၂၇ လောက်မှသာ စတင် နိုင်မယ်လို့ သိရပါတယ်။ ဒါဆိုရင် လက်ရှိချပြထားတဲ့ Subaru Solterra EV ကို ဘယ်လိုများ ထုတ်လုပ် မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ တကယ်တမ်းကတော့ အဆိုပါ လျှပ်စစ်ကားက Toyota နဲ့ ပူးပေါင်းဆောင် ရွက်မှုကနေ ရလာတဲ့ ကားသာဖြစ်ပြီး Toyota ရဲ့ bZ4X ကားကိုပဲ အခြေခံဖန်တီးထားလို့ ဂျပန်မှာရှိတဲ့ Toyota ရဲ့ Motomachi စက်ရုံမှာပဲ ပူးတွဲထုတ်လုပ် လာနိုင်ပါတယ်။ အခု အခြေအနေမှာ Toyota ရဲ့ အကူ အညီသာ မရရင် အဆင်မပြေဖြစ်နေတဲ့ Subaru ကတော့ အဆိုပါ ပြဿနာကို အခုလက်ရှိ ဆယ်စုနှစ်ရဲ့ တစ်ဝက်ကျော်ကျော်လောက်မှာ စတင်ဖြေရှင်းလာ နိုင်မယ်လို့ သိရပါတယ်။ အဲ့ဒါကတော့ ကုမ္ပဏီ ကနေ ကိုယ်ပိုင် လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံသစ်ကြီးကို လက်ရှိ အင်ဂျင် တွေ ထုတ်လုပ်နေတဲ့ သူတို့ရဲ့ Oizumi စက်ရုံကြီးနားမှာ ဆောက်လုပ်သွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Automotive News ထံကို Subaru CEO ဖြစ်သူ Tomomi Nakamura က သူတို့ရဲ့ ရှေ့အနာဂါတ် လျှပ်စစ် ကား စီမံကိန်းတွေ အကြောင်းကို သေချာပြောပြသွားပြီး အဆိုပါ စက်ရုံအသစ်ကလည်း  ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ကုန်ကျမှာ ဖြစ်ကာ Subaru အနေနဲ့ လျှပ်စစ်သီးသန့် အနာဂါတ်အတွက် အပြင်း အထန် စတင်ကြိုးစားလာပြီလို့ပဲ ဆိုရတော့မှာပါ။ အဆိုပါ စက်ရုံမှာ ထုတ်လုပ်မယ့် လျှပ်စစ်ကားတွေကို တော့နိုင်ငံတကာ ‌ဈေးကွက် အထိ ပို့ဆောင် နိုင်ဖို့ ရည်ရွယ်ထားပြီး အမေရိက ဈေးကွက်ကတော့ ထိပ်ဆုံး က နေပါလာမှာ သေချာနေပါတယ်။ အဆိုပါ စက်ရုံ ကနေ ကားအစီးရေ ဘယ်လောက်များ ထုတ်လုပ်နိုင် မလဲ ဆိုတာကိုတော့ မသိရသေးပေမယ့် စစချင်းမှာတော့ အရေ အတွက် ခပ်နည်းနည်းနဲ့ပဲ စတင်လာနိုင်ပြီး နောက်ပိုင်းမှာ ပိုမို ချဲ့ထွင်လာနိုင်ပါတယ်။ လက်ရှိမှာတော့ BEV ကား တွေ ကို ဝယ်လိုအား မြင့်တက်နေပြီး ပြီးခဲ့တဲ့ နောက်ဆုံး ၂ နှစ် လောက်အတွင်း ကုမ္ပဏီရဲ့ ဝယ်လိုအားတွေ အပေါ် သိသိသာသာ ပြောင်းလဲလာ တာလည်း ဖြစ်ပါတယ်။ Nakamura ကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် လောက် တုန်းက ဆိုရင် အမေရိက ဈေးကွက်ထဲက သူတွေကလည်း လျှပ်စစ်ကား ဆိုတာကို လုံးဝခေါင်းထဲ မရှိကြသေး ပေမယ့် အခုတော့ ရုတ်တရတ်ကို သိသိသာသာ မြင့်တက်လာပြီ ဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

Photo Credit: CARBUZZ

လက်ရှိ Subaru ရဲ့ လျှပ်စစ်အခန်းကဏ္ဍမှာ အရေးပါတဲ့ နောက်တစ်ဆင့်ကတော့ Hybrid Models အသစ် တွေ စတင် ဖန်တီးနိုင်ဖို့ပါ။ မျိုးဆက်သစ် Hybrid Model တွေ အနေနဲ့ Toyota ရဲ့ နည်းပညာတွေကိုပဲ ဆက်သုံးလာနိုင်ကာ အင်ဂျင်တွေကိုတော့ e-Boxers အမျိုးအစားတွေ အဖြစ် ခွဲထုတ်သုံးလာ နိုင်ပါတယ်။ အဆိုပါ Hybrid အသစ်တွေ အပါ အဝင် အနာဂါတ်မှာ မြင်ရမယ့် လျှပ်စစ်သီးသန့် ကားသစ်တွေ အတွက်ကို တော့ ကုမ္ပဏီဘက်ကနေ $ 2 Billion အထိ အကုန်အကျခံဖို့ ရှိနေပါတယ်။ ဒါကြောင့် လာမယ့်နှစ်တွေက စပြီး ငွေကြေး ပုံအောသုံးကာ ရင်းနှီးမြုပ်နှံတော့မှာ ဖြစ်ပြီး တကယ်လည်း အမြတ်ငွေတွေနဲ့ အလုပ်ဖြစ်ဖို့ပဲ မျှော်လင့်ရဖို့ ရှိနေပါတယ်။ လာမယ့် ၂၀၂၇ အရောက် မှာတော့ လျှပ်စစ်ကားတွေ ကိုယ်တိုင် ထုတ်လုပ်လာ တော့မှာ ဖြစ်ပြီး ၂၀၃၀ အစောပိုင်း လောက်မှာ လုပ်ငန်းသေချာ လည်ပတ်လာ နိုင်မှာပါ။ Subaru ကလည်း အနာဂါတ်မှာ လျှပ်စစ်သီးသန့် သုံးတဲ့ ကုမ္ပဏီအဖြစ်ပဲ လည်ပတ်ချင်တာ ဖြစ်ပြီး လက်ရှိ Solterra တွေကို လည်း အခုနှစ် နှောင်းပိုင်းမှာ အမေရိက ဈေးကွက်ဆီ စတင်ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါကားရဲ့ MSRP ‌ဈေးနှုန်းကတော့ $ 45,000 အောက်လို့ သိရတာကြောင့် မဆိုးဘူးလို့ပဲ ဆိုရတော့မှာပါ။

Ref: carbuzz.com