Subaru ကတော့ All-Wheel Drive စနစ်ကို စတင် မိတ်ဆက်နိုင်ခဲ့တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အနေနဲ့ Forester XT ဆိုတဲ့ Edition အသစ်တစ်မျိုးကို ဖန်တီးပေးလိုက်ပါတယ်။ အခု ကားမှာတော့ Geyser Blue ဆိုတဲ့ အပြာရောင်လေးကို သုံးပေးလာတာကြောင့် ဂျပန်ဈေးကွက်အတွက် ပထမဆုံး အရောင်လေး ဖြစ်လာတော့မှာပါ။ အဆိုပါ ကားကတော့ နဂိုမူလ Sport Trim Level ပေါ် အခြေခံ ဖန်တီးထားတာ ဖြစ်ပြီး အမြင်ပိုင်းဆိုင်ရာ အပြောင်းအလဲ တစ်ချို့နဲ့အတူ ၁၈ လက်မ အရွယ်ဘီး၊ Metallic အနက်ရောင်နဲ့ All-Season တာယာတွေကို အသုံး ပြုပေးထားတာပဲ ဖြစ်ပါတယ်။  အဓိက အခုကားကို သိသိသာသာ ကွဲပြားစေမှာကတော့ အနက်ရောင် Accents လေးတွေဖြစ်ပြီး အရှေ့ဘက် Grille ဘောင်တွေ ၊ အမိုးကိုင်းတွေနဲ့ ဘေးဘက်မှန် နေရာတွေမှာ သုံးပေးထားတာ ပါ။ ဒါ့အပြင် ကားရဲ့ Fog Light မီးရောင်တွေ နေရာနဲ့ အမိုး Spoiler နေရာတွေအပြင် ဘန်ဘာတွေမှာပါ အနက်ရောင်အဖြစ် သုံးပေးထားပါသေးတယ်။ SUV ရဲ့ သဘာဝဆန်တဲ့ အရသာကိုပိုပြီး ကောင်းကောင်း ခံစား ရစေဖို့အတွက် ရည်ရွယ်ပြီး Water Repellent ဖြစ်တဲ့ ကြမ်းခင်းတွေအပြင် ချည်သားထိုင်ခုံတွေကိုလည်း အသုံးပြု ပေးထား လိုက်ပါတယ်။

Photo Credit: motor 1.com

ယခင် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်း လောက်တုန်းက မိတ်ဆက်ခဲ့တဲ့ Facelifted Model ပေါ်မှာ အခြေခံ ဖန်တီးထားတာကြောင့် အခု ကားသစ်မှာလည်း EyeSight Safety Plus ဆိုတဲ့ လုံခြုံရေးစနစ် ပါဝင်လာမှာ ဖြစ်ပါတယ်။ အဆိုပါ စနစ်မှာ ထူးခြားတာတော့ အနောက်ဘက် မြင်ကွင်းအတွက် Digital Rearview Camera ပါဝင် လာတာပါပဲ။ ကားရဲ့ Cabin ပိုင်းမှာ ဆိုရင်တော့ Subaru တို့က ထိုင်ခုံတွေမှာ ပိုလှသွားစေ မယ့် ငွေရောင် Stitch လေးတွေလည်း ထည့်ပေးထားသလို ၊ Dashboard တစ်လျှောက်နဲ့ တံခါးဘောင်တွေမှာ လည်းအလားတူ အပြင် အဆင်လေးတွေ သုံးပေးထားတာ ဖြစ်ပါတယ်။ အဲကွန်းပေါက် လေးတွေ နေရာမှာတော့ နောက်ထပ် သတ္တုပုံစံ Metallic Finish လေး‌တွေနဲ့ ပိုပြီးလှပနေစေပါတယ်။

Photo Credit: motor 1.com

စက်ပိုင်းဆိုင်ရာမှာ ဆိုရင်တော့ XT-Edition အသစ်က 1.8 Liter ဓာတ်ဆီ အင်ဂျင်ပါဝင်လာတာဖြစ်ပြီး 174 hp နဲ့ 221 lb-ft Torque အထိကို စွမ်းဆောင် နိုင်မှာလည်း ဖြစ်ပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း အတွက်ကို ပိုအား ဖြည့်ပေးထားတာ ကတော့ Continuously Variable ဂီယာဖြစ်တဲ့ CVT ဂီယာ စနစ်နဲ့အတူ All-Wheel Drive စနစ် တို့ပဲ ဖြစ်ပါတယ်။ ဂျပန် ဈေးကွက်ထဲမှာပဲ သီးသန့်ရမယ့် အခု Edition အသစ်ကတော့ အခွန်အခတွေအပါ ပြီးကို မှ $ 25,400 ဝန်းကျင် လောက် ကျသင့်နိုင်မှာပါ။ ကားရဲ့ အခြားသော ရွေးချယ်စရာ အနေနဲ့ကတော့ တစ်မျိုးပဲ ထပ်ထည့်လို့ရမှာဖြစ်ပြီး အဲ့ဒါကတော့ အလိုအလျောက် အဖွင့်အပိတ် လုပ်နိုင်မယ့် ကားနောက်ဖုံးဖြစ်ကာ ရွေးချယ်မယ် ဆိုရင်တော့ $ 416 လောက် ထပ်မံကျသင့်မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com