လမ်းကြမ်း မောင်းထဲ တကယ်ကြမ်းတဲ့ ကားတွေကို ဆွဲထုတ်ကြည့်လိုက်မယ် ဆိုရင်တော့ Subaru Crosstrek က ပါချင်မှ ပါပါ လိမ့်မယ်။ ဒါပေမယ့် အခု CVT Transmission ဂီယာ အသစ် နဲ့ Moab ဒေသ က သေချာ ပြင်ဆင်ထားတဲ့ ခက်ခက်ခဲခဲ လမ်းကြမ်းတွေထဲမှာ မောင်းပြနေတဲ့ Subaru Crosstrek ကို မြင်လိုက်ရင်တော့ အမြင်တွေ ပြောင်းပြီး အံ့အား သင့်သွားနိုင်ပါတယ်။ မြင်တဲ့ အတိုင်းပါပဲ ၊ အခု ကားက လမ်းကြမ်းတွေ မောင်းရင် Locking Differential တွေ နဲ့ အခြား Air Suspension တွေ အရမ်းကြီး မလို အပ်ပါဘူး လို့တောင် သက်သေပြနေသလို ထင်ရပါလိမ့်မယ်။ Subaru Crosstrek ကား ကတော့ ၂၀၁၂ မှာ စတင် ပွဲထွက်ခဲ့တာဖြစ်ပြီး Subaru Impreza Hatchback ကားရဲ့ ပိုကြမ်းတဲ့ မော်ဒယ် အနေနဲ့ စမြင်ခဲ့ ရတာပါ။ Subaru Crosstrek မှာဆိုရင်တော့ ပိုမြှင့်တင် ပေးထားတဲ့ Suspension စနစ် ၊ ပိုကြမ်းတဲ့ အပြင် ပိုင်း အသွင်အပြင် တို့နဲ့အတူ ပိုထူးခြားတဲ့ အလူမီနီယံ ဘီးတွေကို ပြောင်းလဲ အသုံး ပြုလာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခု အားသာတာကတော့ Subaru ရဲ့ Symmetrical All Wheel Drive စနစ် ပါပဲ၊ ဒီ စနစ် ကြောင့်ပဲ ကားရဲ့ ဘီးတွေ အကုန်လုံး ကို အရုန်း အဆွဲ ပိုကောင်းအောင် ဖန်တီး ပေးထားနိုင်တာ ကြောင့် အခုလို လမ်းကြမ်းပိုင်း အတွက် အဆင်ပြေ နေစေ တာပါ။

ဒါပေမယ့် ကားရဲ့ တကယ့် စွမ်းဆောင်ရည်က အရမ်းကြီး ထူးထူးခြားခြား ကောင်းနေတာမျိုး မဟုတ်ပဲ 148 Hp နဲ့ 145 Lb-Ft Torque ပဲ ရှိနေတာ ပါ။ အင်ဂျင် ကလည်း 2.0 Liter FB20B 2.0 Liter Flat 4 ကို ပဲ သုံးပေးထားတာ ဖြစ်ပါတယ်။ 2021 မှာ တော့ Subaru Crosstrek Sport ဆိုတဲ့ နောက်ထပ် မျိုးကွဲ တစ်ခု ကို မိတ်ဆက် ပေးခဲ့ ဖူးပြီး 2.5 Liter Flat 4 အင်ဂျင် အသစ် နဲ့ အတူ 182 Hp နဲ့ 176 Lb-Ft Torque အထိ တော့ စွမ်းဆောင် လာနိုင်ခဲ့ ပါတယ်။ အခု လမ်းကြမ်း မောင်းပြနေတဲ့ Crosstrek ကတော့ ပထမမျိုးဆက် ကားပဲဖြစ်ပြီး အင်ဂျင်ပိုင်း ပိုအားနည်းတာကြောင့် အခုလို လမ်းကြမ်း မောင်း အတွက် Hp နည်းတာက ပြဿနာ မဟုတ်ဘူးလို့တောင် ဆိုရမလိုပါပဲ။ ဒါပေမယ့် အခု ကားထဲမှာ တော့ မြှင့်ပေးထားတဲ့ Suspension စနစ် ၊ လမ်းကြမ်းပိုင်း သုံးတဲ့ ဘီးတွေနဲ့ တာယာတွေ ၊ ပိုကြမ်းတဲ့ အသွင်နဲ့ အကွေ့ တွေမှာ အဆင်ပြေမယ့် အရှေ့ဘက် ဘန်ဘာတွေကိုတော့ ပြောင်းလဲ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အခုလိုမျိုး ခပ်သေးသေး လေးတွေပဲ ပြောင်းထားတယ် ဆိုပေမယ့်လည်း ရလဒ်ပိုင်းကတော့ ထင်ထားတာထက် ပို ကောင်းအောင် စွမ်းဆောင် ထားနိုင်တာဖြစ်ပြီး လမ်းကြမ်း ပိုင်းတွေမှာ ကောင်းမွန်ဖို့ အတွက် ဆယ်စုနှစ် တွေ များစွာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ ပြေလည်နိုင်ဖို့ အထောက် အကူတော့ ပေးနိုင်ခဲ့တာပါ။

Photo Credit: motor 1.com

အခုလိုမျိုး တာယာ အသစ်တွေနဲ့ Differential တွေ သုံးတာမျိုးနဲ့တောင် အခု လမ်းကြမ်းပိုင်း စိန်ခေါ်မှုတွေ ကို ကောင်းကောင်း ကျော်ဖြတ်ပြထားနိုင်တဲ့ Subaru ကားလေးကတော့ အံ့အားသင့်စရာ ဖြစ်ပြီး သာမန် လမ်းကြမ်း ကားတွေ ထက်တော့ အရှိန်လေး နည်းနည်း ပိုယူရတာကို တွေ့ရပါတယ်။ အခု ကားမှာ ပါဝင် ထားတဲ့ Open Differential တွေ ကြောင့်လည်း ကားက အခက်အခဲတွေကို ဖြတ်ကျော် နေချိန်မှာ မြေကြီး နဲ့မထိရပဲ လေထဲရောက်နေတဲ့ ဘီးတွေအတွက်လည်း စွမ်းအင်သုံးစွဲမှုတွေ ချိန်ညှိ ပေးထားနိုင်ပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု Video ကို ကြည့်ပြီးတာ နဲ့တင် Subaru Crosstrek က တကယ်ပဲ လမ်းကြမ်းပိုင်း ကောင်းတဲ့ ကားတစ်စီးဖြစ်သွားပြီလား ၊ ဒါမှ မဟုတ် သာမန် Impreza Hatchback ကိုပဲ နည်းနည်း အဆင့် မြှင့်ထားတဲ့ ပုံပေါက် နေသေးတာလား ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြည့်ကြရတော့မှာပါ။

Ref: motor 1.com