သာမန်ထက် ဈေးနှုန်းပိုင်း ပိုသက်သာတယ်လို့ ဆိုရမယ့် ပြိုင်ကားလောကထဲကဂျပန်ကား ဈေးကွက်ထဲကိုတော့ 2022 Subaru BRZ နဲ့ Toyota GR 86 တို့ပါဝင်ရောက်လာခဲ့ပါပြီ။ အဆိုပါ ကားတွေမှာတော့ ပြေးလမ်းထက်မှာ ပိုမို ကောင်းမွန် တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တွေပြသနိုင်ဖို့နဲ့ လုံခြုံရေးပိုင်းလည်း ပိုစိတ်ချရစေဖို့ အဓိက ပြင်ဆင် ပေးလာတာကို တွေ့ရပါတယ်။ အဆိုပါ ကား ၂ မျိုး လုံးမှာတော့ Six-Point Roll Cage တွေကို ကားရဲ့ပတ်ပတ် လည်မှာ အလျားလိုက် တပ်ဆင် ထည့်သွင်းပေးထားပြီး ယာဉ်မောင်းရဲ့ထိုင်ခုံမှာ ဆိုရင်လည်း လုံခြုံစိတ်ချရမှုအတွက် Eyebolts တွေထပ်ထည့် ပေးထားပါသေးတယ်။ ဒါ့အပြင်အခု Package မှာတော့ Roll Cage တွေရဲ့ အရွယ်အစား ကိုက်ညီအောင် သေချာစီစဉ်ပေးထားတဲ့ ကြမ်းခင်းတွေလည်း ပါဝင်လာသေးတာ ဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး၊ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ အတွက် လေအေးစနစ် ပါဝင်တဲ့ အင်ဂျင် Oil Cooler ကို သုံးပေးထားပါတယ်။ အနောက်ဘက်က Differential Cover ဟာ ဆိုရင်တော့ Cooling Fins တွေပါ ပါဝင်လာခဲ့ပြီ ဖြစ်ပြီး ကားနှစ်မျိုးလုံးကတော့ စတီး ဘီးဂွေတွေကိုချည်း သုံးပေးထားတာပါ။ ကားရဲ့ အင်ဂျင်ပိုင်းမှာတော့ ယခင် Road Going Version ကား အတိုင်းပဲ ထွက်ပေါ်လာပါ တယ်။ ဒါကြောင့် 2.4 Liter Naturally Aspirated Flat Four- Cylinder Engine ကိုပဲ မြင်ရမှာဖြစ်ကာ 232 hp နဲ့ 184 lb-ft Torque အထိ စွမ်းဆောင်ရည် ရှိလာမှာပဲ ဖြစ်ပါ တယ်။ အဆိုပါ ပြိုင်ကား Version ၂ မျိုးလုံးမှာတော့ Six-Speed Manual Gear တွေကိုပဲ သုံး ထားပါတယ်။ Subaru အနေနဲ့ ကတော့ ပုံမှန်အားဖြင့် အခု BRZ Cup Car Basic အသစ်တွေကိုတော့ တစ်နှစ်ကို အစီးရေ ၃၀ လောက် အထိပဲ ရောင်းချမယ်လို့ ခန့်မှန်းထားပြီး Toyota တို့ကတော့ ခန့်မှန်းခြေ မပြောပြထားသေးပါဘူး။
အဆိုပါ 2022 Toyota Gazoo Racing GR86/BRZ Cup Series ကားတွေ အနေနဲ့ကတော့ အခုနှစ် ပြိုင်ကား ရာသီမှာ ပြိုင်ပွဲ ၅ ခု အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးကတော့ အခု လာမယ့် ဇူလိုင် လ ၁၆ ရက် နေ့မှာ စတင် ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲရဲ့ ခေတ္တ ရပ်နားမယ့် Stop တွေ အနေနဲ့ ဆိုရင်တော့ Sportsland Sugo ၊ Tokachi Speedway ၊ Suzuka Circuit နဲ့ Okayama International Circuit တို့ ပါဝင်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ ကား နှစ်စီးမှာတော့ Professional နဲ့ Clubman ဆိုပြီး နောက်ထပ် Class ၂ ခု ရှိနေသေးကာ Professional ဆိုတာ ကတော့ ပိုပြီး သေချာ ကျွမ်းကျင်ပြီးသား Pro ယာဉ်မောင်းတွေ အတွက်ပဲ ဖြစ်ပြီး Super GT Clubman ကတော့ အခုမှ စမောင်းမယ့် သူတွေအတွက် ပိုပြီး ရည်ရွယ်ထားပါတယ်။ ပြိုင်ကားတွေရဲ့ ဆွဲဆောင်မှုအပေါ် မူတည်ပြီး ဈေးတွေတော့ ကွာခြားမှုရှိ လာမှာ ဖြစ်ပေမယ့် တကယ်တမ်းတော့ဈေးက တတ်နိုင်တဲ့အပိုင်းမှာ ရှိနေပါတယ်။ Subaru ကတော့ ဂျပန်ယန်း ၃,၃၃၈,၅၀၀ (၂၈,၉၀၀ ဒေါ်လာ ခန့်) ကျသင့်မှာဖြစ်ပြီး Toyota အနေနဲ့ကတော့ နည်းနည်းလေး ဈေးပိုကြီးတယ်လို့ ဆိုလို့ရကာ ၃,၃၃၄,၀၀၀ ယန်း (၂၈,၈၇၀ ဒေါ်လာ) ကျသင့်မှာ ဖြစ်ပါတယ်။ အဆိုပါ ကားနှစ်စီးနဲ့ ယှဉ်ပြီး တစ်ခြားသော နာမည်ကြီး ကားတွေကို ကြည့်ရမယ် ဆိုရင်တော့ ပြေးလမ်း သီးသန့် မောင်း Porsche 718 Cayman GT4 RS Clubsport ဆိုရင် $ 229,000 လောက် ကျသင့်နေတာပဲ ဖြစ်ပါတယ်။
Ref: motor 1.com