အီတလီ နိုင်ငံရဲ့ Florence ဒေသ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေ ထဲမှာတစ်လမ်းကို ၂၆ ကီလိုမီတာ အရှည်ရှိတဲ့ Interactive Smart လမ်းဆိုတဲ့ နည်းပညာမြင့် လမ်းပုံစံတွေ ပါဝင်လာ ပါတယ်။ အဆိုပါ လမ်းတွေကတော့ လမ်းတစ်လျှောက် ယာဉ်ကြော အခြေအနေတွေ အကုန်လုံးကို စုစည်းကာ လမ်းအသုံး ပြုနေသူ တွေထံကို ပြန်လည်ဆက်သွယ် အချက်အလက်တွေ ပေးပို့ပေးမယ့် လမ်းတွေပဲဖြစ်ပါတယ်။ အဆိုပါ လမ်းတွေကိုတော့ Volkswagen Group Italy ကုမ္ပဏီ နဲ့ Movyon ကုမ္ပဏီအခွဲ Autostrade Per I’Italia ကုမ္ပဏီ တို့က ပူးပေါင်း ဖန်တီးထားတာဖြစ်ပြီး အခုဆိုရင် ပထမဆုံး စမတ်လမ်း ၂ လမ်းကို စတင် ဖွင့်လှစ်လည်ပတ် နိုင်တော့မှာပါ။ Movyon ကုမ္ပဏီ ဆိုတာကတော့ စမတ်ယာဉ်လမ်း‌ကောက်ခံစနစ် ၊ လမ်းအခြေခံ အဆောက်အဦတွေ ၊ လမ်းလုံခြုံရေးစနစ် တွေနဲ့ Smart City တွေအတွက်ကိုပါ တာဝန်ယူ လုပ်ကိုင်နေတဲ့ နည်းပညာမြင့် Smart Mobility ကုမ္ပဏီ တစ်ရပ် ဖြစ်ပါတယ်။ အခု စမတ်လမ်းကြောင်းတွေ အတွက်ကိုတော့ Movyon ရဲ့ နည်းပညာတွေကို အချက် အလက်စုဆောင်း တဲ့ နေရာတွေ ၊ လမ်းကြော အခြေအနေတွေ တွက်ချက် ထိန်းချုပ်ပေးတာတွေ ၊ ယာဉ်အချင်းချင်း အကြား လိုအပ်တဲ့ အချက်အလက်တွေ ပို့ဆောင် ပေးတာတွေနဲ့ ယာဉ်မောင်းတွေ အကြား ပိုကောင်းတဲ့ အတွေ့အ ကြုံတွေ ရအောင် လုပ်ပေးမယ့် အစီအစဉ်တွေမှာ အသုံးပြုသွား တော့မှာပါ။

Photo Credit: RideApart

တကယ်တော့ အဆိုပါ အီတလီ လမ်းမ အသစ်တွေကို ဘာကြောင့် စမတ်ဖြစ်သွား စေရသလဲ ဆိုတာ ကြည့်ကြရအောင်ပါ။ Movyon ရဲ့ Website နဲ့အတူ အီတလီ မဂ္ဂဇင်း Moto.it တို့ရဲ့ ဖော်ပြချက်တွေ အရတော့ အဆိုပါ လမ်းတွေ အကုန်လုံးက အချက်အလက်စုဆောင်းရေး စင်တာနဲ့ ချိတ်ဆက်ထားပြီး လမ်းအသုံး ပြုသူတွေထံ လမ်း အခြေအနေနဲ့ အချက်အလက်တွေ ၊ သတိပေးချက်တွေ အကုန်လုံးကို ပေးပို့နေမှာ ဖြစ် တယ်လို့ သိရပါတယ်။ ဒါကြောင့် အချက်အလက် ပို့ဆောင် ၊ လက်ခံနိုင်မယ့် Transmitter တွေကိုလည်း လိုအပ်လာပြီး ၂ မျိုးလုံး ကိုတော့ Movyon ဘက်က ပံ့ပိုး ပေးသွားမှာပါ။ အဆိုပါ လမ်းအသစ် တွေမှာတော့ Movyon တို့က Vehicle To Infrastructure (V2I) ဆိုတဲ့ ဆက်သွယ်ရေး စနစ်တွေကို တပ်ဆင်ပေးထားပြီးဖြစ်ပြီး လမ်းအခြေအနေတွေနဲ့ သတိပေးချက်တွေ အကုန်လုံးကို အချိန်နဲ့အမျှ အမြန်ပေးပို့ ပေးနေနိုင်မှာ ပါ။ အဆိုပါ အချက်အလက်တွေ ထဲမှာတော့ လမ်းပေါ်က ယာဉ် မတော်တဆမှုတွေ ၊ လမ်းကြောင်းကြပ်တည်းနေတဲ့ နေရာ တွေ ၊ ကားပျက်လို့ ရပ်နေတာမျိုးတွေ ၊ လမ်းပြောင်းပြန် မောင်းလာတဲ့ ယာဉ်မျိုးတွေ ၊ လမ်းချော် နေတာတွေ ၊ လမ်းပေါ် ရောက်နေတဲ့ လူတွေ ၊ လမ်းပေါ်က အတား အတားအဆီး တွေ ၊ လမ်းပြုပြင်ရေး လုပ်နေတာတွေအပြင် လမ်းကြောင်း တစ်လျှောက် ရာသီဥတု ‌အခြေအနေတွေ စသဖြင့် အတော် လေးကို အသေးစိတ် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ အချက်အလက်တွေကို ကားတွေ မှာ Transmitter မပါပဲ မရနိုင်သေးပဲ အဆိုပါ လုပ်ဆောင်ချက်ကိုတော့ Volkswagen ဘက်က စတင်လာမှ ရနိုင်မှာ ပါ။ အခုလိုမျိုးသတင်း အချက်အလက် စင်တာတွေနဲ့ ချိတ်ဆက်ပေးထားမယ့် ကားတွေကတော့ Volkswagen ရဲ့ Car2X စနစ် နဲ့ ကားတွေမှာ စတင် ရလာမှာဖြစ်ပြီး Movyon စနစ်ရဲ့ အစောပိုင်း Adopters တွေကိုလည်း သုံးလာမှာ ပါ။ ဒါ့အပြင် အခုစနစ်တွေကို ကားတွေမှာတင် မဟုတ်ပဲဆိုင်ကယ်တွေမှာ ကောင်းကောင်းသုံးနိုင်အောင် ပြင်ဆင် ထားပါတယ်။

Photo Credit: RideApart

Autostrade Per I’Italia ရဲ့ CEO ဖြစ်သူ Roberto Tomasi ကတော့ အဆိုပါ စမတ်လမ်းတွေဟာ အစပိုင်းမှာတင် Ligurian ကားအပိုင်းမှာ ကီလိုမီတာ ၅၀ လောက် အထိ စတင်လွှမ်းခြုံလာနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ နောက်အပိုင်း တွေမှာ ဆိုရင်တော့ Variate Di Valico ဆိုတဲ့ ကားလမ်းပိုင်းမှာတင် ကီလိုမီတာ ၉၀ လောက် အထိ ထပ်ရလာတော့မှာပဲ ဖြစ်ပါတယ်။ Movyon ရဲ့  CEO ကတော့ နောက်ပိုင်းမှာ အဆိုပါစနစ်ကို Volkswagen နဲ့တင် မဟုတ်ပဲ ဘယ်လို ကားကုမ္ပဏီမျိုးရဲ့ ကားမျိုး‌နဲ့မဆို အဆင်ပြေအောင် ချဲ့ထွင်လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့လည်းဆိုထား ပါသေးတယ်။ ဒါ့အပြင် အခု V2I လမ်းပိုင်း ဆက် သွယ်ရေး စနစ်က ယာဉ်လမ်းကြောင်း အခြေအနေ တွေကို ပိုပြီးတိုးတက်ကောင်းမွန်လာ စေရုံတင် မကပဲ အသိဉာဏ်အပြည့်နဲ့ လုံခြုံစိတ်ချရတဲ့ လမ်းပိုင်း ဆက်သွယ်မှု တွေကိုလည်း ပေးစွမ်း လာနိုင်လိမ့်မယ်လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။

Ref: RideApart