ပြီးခဲ့တဲ့ ဧပြီလကမှ ထွက်ရှိထားခဲ့တဲ့ လျှပ်စစ်ကား အမျိုးအစားအသစ် Smart #1 Subcompact Crossover အသစ်ကိုတော့ မာစီးဒီး ကားတွေကို Tuning လုပ်ပေးနေကြ Brabus ကုမ္ပဏီက မျက်စိကျလာ ခဲ့ပါတယ်။ တကယ်တော့ အဆိုပါ Smart Brand ကို Mercedes-Benz Group က ပိုင်ဆိုင်ခဲ့စဉ် ၂၀၀၂ လောက်တုန်းကတော့ Smart ကားတွေကို Brabus တို့ Tuning လုပ်ပေး နေခဲ့ဖူးတာပါ။ လက်ရှိမှာလည်း Smart က တရုတ်နိုင်ငံရဲ့ Zhejiang Geely Holding Group နဲ့ Mercedes-Benz Group တို့ တစ်ဝက်စီ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ ဖြစ်နေတာကြောင့် အခုလို Tuning အသစ်တွေကိုလည်း Brabus တို့ ဆက်လက် ဖန်တီးလာဖို့ ရှိနေနိုင်ပါတယ်။ အခုဆိုရင်ပဲ တရုတ် ဈေးကွက်သီးသန့် အပြင် Sport ဆန်ဆန် စွမ်းဆောင်ရည် အသားပေး Smart #1 Brabus Performance Edition ကို Smart တို့က စတင်ချပြလာပါပြီ။ အဆိုပါ ကားကိုတော့ လာမယ့် ဩဂုတ် ၂၆ ရက်မှာ ကျင်းပမယ့် Chengdu ကားပြပွဲမှာ မိတ်ဆက်ဖို့ စီစဉ်ထားပြီး အခုနှစ် အစောပိုင်းတုန်းက မြင်ခဲ့ရတဲ့ မူလ Smart 1 ကားနဲ့ ယှဉ်မယ်ဆိုရင်တော့ ပိုပြီး ခပ်ကြမ်းကြမ်း အသွင်ဆောင်မယ့် ကြည့်ကောင်းတဲ့ ဒီဇိုင်းကိုပိုင်ဆိုင်ထားပါတယ်။

Photo Credit: InsiedeEvs

ကြီးကြီးမားမား အပြောင်းအလဲကတော့ ဒီဇိုင်းလုံးဝ ပြောင်းလဲထားတဲ့ ဘန်ဘာတွေနဲ့ Air Intake ပုံစံ အသစ်တွေရယ်၊ အနီရောင် အနားသတ်လိုင်းတွေရယ်နဲ့ Headlights တွေနားက Intake အပို တွေပါပဲ။ နောက်ထပ် သိသာတဲ့ အချက်တွေကတော့ ၁၉ လက်မ အရွယ် အလွိုင်းဘီးတွေ ၊ ပိုကြီးတဲ့ အနီရောင် Spoiler ၊ ၂ ရောင်စပ် ကားအရောင်ကိုမှ အမိုးကို အနီနဲ့ ကိုယ်ထည်ကို မီးခိုး ပုံစံမျိုး လေးနဲ့ မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အပြင်ဘက်မှာလည်း ကားတံဆိပ်လေးတွေ အကုန်လုံးကို Matte Gray မီးခိုး ရောင်လေးတွေအနေနဲ့ ပြင်ဆင် ပေးထားပါသေးတယ်။ အတွင်းခန်းမှာလည်း အနီရောင် Accents လေးတွေကို ကားရဲ့ Dashboard ၊ ခုံနောက်မှီနေရာတွေနဲ့ ထိုင်ခုံအပြည့် နေရာ တွေအပြင် ထိုင်ခုံ ခါးပတ်တွေမှာ ထည့်ပေးထားတာ ဖြစ်ပါတယ်။ အတွင်းခန်းရဲ့ နောက်ထပ် ထူးခြားချက် အနေနဲ့ ခြေနင်းတွေက သတ္တုတွေ ဖြစ်သွားပြီး Alcantara ၊ လယ်သာနဲ့ Microfiber သားတွေ ပေါင်းစပ်ထားတဲ့ Sports ထိုင်ခုံတွေကိုလည်း ရရှိဦးမှာပါ။

Photo Credit: InsiedeEvs

အခုလို အပြင်အဆင်တွေကြောင့် ကားက Hot Hatch တစ်စီးလို အသွင်ဆောင်သွားပေမယ့်လည်း Brabus တို့ စွမ်းဆောင်ရည်ပိုင်းပါ အဆင့်မြှင့်ပေးထားလား ဆိုတာက စိတ်ဝင်စားစရာ ပိုကောင်းလာ ပါတယ်။ တကယ်ကတော့ ကားရဲ့စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ မထွက်လာ သေးတာကြောင့် အတိအကျ မသိနိုင်သေးပေမယ့်လည်း လျှပ်စစ်မော်တာ ၂ လုံးနဲ့ All- Wheel Drive စနစ်တွေ အခုကားမှာ ပါလာနိုင်တယ်လို့တော့ ခန့်မှန်းရပါတယ်။ နောက်ထပ် လျှပ်စစ် မော်တာ တစ်လုံးက တကယ်သာ ပါလာမယ်ဆိုရင် အရှေ့ဘက် ဝင်ရိုးမှာဖြစ်နိုင်ပြီး စွမ်းဆောင်ရည် ပိုင်းကလည်း 434 hp လောက်အထိ ရှိလာနိုင်တာကြောင့် သာမန် မူလကားရဲ့ မော်တာတစ်လုံးနဲ့ 268 hp ထက် အများကြီး သာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရရှိလာတော့မှာပါပဲ။ တကယ် လို့ အခု ယူဆချက်တွေသာ မှန်ခဲ့မယ်ဆိုရင် အဆိုပါ Brabus Edition က မူလကားထက် အများကြီး ပိုမို မြန်ဆန်လာနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဘက်ထရီကိုတော့ မူလကားအတိုင်း 66 kWh ပမာဏပဲ သုံးမယ်ဆိုရင် Range ပိုလျော့သွားနိုင်ပါသေးတယ်။ အခုလို စွမ်းဆောင်ရည် ပိုင်းကို တကယ်မြှင့်တင်ပေးထားမယ် ဆိုရင်တော့ ကားရဲ့ ဘရိတ်နဲ့ Suspension အပိုင်းတွေကိုလည်း Brabus တို့ ပြောင်းလဲ ပေးထားနိုင်ပြီး Sporting Red Calipers တွေ အနေနဲ့လည်း ပုံမှာမြင်ထားရတာကြောင့် ဖြစ်နိုင်ချေတော့ ရှိနိုင်ပါတယ်။ တရုတ် မီဒီယာတွေရဲ့ ဖော်ပြချက် အရတော့ Smart 1 လျှပ်စစ်ကား Brabus Edition ဟာ အဆိုပါ စတင်ချပြမယ့် ဩဂုတ်လ ၂၆ ရက်နေ့မှာတင် ဝယ်ယူနိုင်လိမ့်မယ်လို့ သိရပြီး ပထမအသုတ် ပို့ဆောင်မှုတွေကိုတော့ လာမယ့် စက်တင်ဘာမှာ စတင်လာနိုင်မှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs