Skoda Enyaq Coupe iV ဆိုတဲ့ ကားနာမည်ကို ကြားလိုက်ရင်တော့ အနည်းငယ်ရှုပ်ထွေးကာ ပုံမှန်အား ဖြင့်တော့ အဆိုပါ ကားမှာ စွမ်းဆောင်ရည်ပိုမို မြင့်မားတဲ့ RS မျိုးကွဲလည်း ရှိနေသေးပြီး ပိုပြီး ပါးလျကျစ် လစ်တဲ့ ကားတစ်စီး အဖြစ် ရှိလို့နေတာပါ။ အခုဆိုရင် အဆိုပါ ကားမော်ဒယ်အတွက် အသစ် ထွက်လာခဲ့ရာ မှာတော့ အစကတည်းက ခန့်မှန်းထားခဲ့ကြတဲ့အတိုင်း Volkswagen ID.5 ရဲ့ GTX စွမ်းဆောင်ရည်နဲ့ တွဲ ဖက်ပေးလာပါတယ်။ အဆိုပါ အင်ဂျင်ကတော့ 295 hp နဲ့ 460 Nm Torque အထိကိုရှိတာ ဖြစ်ပြီး ကုမ္ပဏီ ရဲ့ ထုတ်လုပ်ခဲ့သမျှ ထဲမှာကို စွမ်းဆောင်ရည် အမြင့်ဆုံး ကားတစ်စီး အဖြစ် ဖန်တီးပေးလိုက်နိုင်ပါပြီ။ ဒါတင် မကသေးပဲ All-Wheel Drive Superb Sportline 2.0 TSI စနစ် ကိုပါ ပေါင်းထည့် ပေးလိုက်တာကြောင့် သာမန်ထက် ပိုကောင်းတဲ့ ကားတစ်စီး အဖြစ် မြင်လာရတာပဲ ဖြစ်ပါတယ်။ လျှပ်စစ် စွမ်းအင်ပါ အထောက် အကူ ပေးထားသေးတာ ကြောင့် 0-62 mph အထိ အရှိန်တင်နိုင်ဖို့ အချိန် ၆ စက္ကန့် ခွဲလောက်သာ ကြာမြင့် မှာပါ။ ဒါ့အပြင် လျှပ်စစ် မော်တာ ၂ လုံး ၊ All-Wheel Drive လည်း ပါဝင်နေမယ့် Range အမြင့်ဆုံး ကား ကိုဆိုရင် ပိုကြီးတဲ့ 82 kWh ဘက်ထရီနဲ့ပါ ပေါင်းစပ်ပေးထား ပါသေးတယ်။  အဆိုပါ ဘက်ထရီရဲ့ ကောင်း ကွက်ကတော့ ၁၀ % ကနေ ၈၀% အထိအားသွင်းနိုင်ဖို့ အတွက် စုစုပေါင်းမှ ၃၆ မိနစ် ပဲ အချိန်ယူရမယ့်အ ထိ မြန်ဆန်လွန်းနေတာပါ။

Photo Credit: motor 1.com

ကားရဲ့ စွမ်းဆောင်ရည် ပိုကောင်းစေဖို့ အတွက်ဒီဇိုင်းပိုင်းကလည်း အကောင်းဆုံး ထောက်ပံ့ပေးနေပြီး အစိမ်းရောင် တောက်တောက်လေးနဲ့ တကယ် ဆွဲဆောင်မှုရှိလို့ နေပါတယ်။ အခုလို ကားဒီဇိုင်းကတော့ လှပရုံတင်အတွက် မဟုတ် ပဲ Aerodynamic အပိုင်းအတွက်ကိုပါ သေချာဖန်တီးထားတာ ဖြစ်တာကြောင့် ကားရဲ့ Drag Coefficient ပမာဏ ကလည်း 0.234 အထိကို ချထားနိုင်တာ ဖြစ်ပါတယ်။ Flagship Model တစ်စီး အနေနဲ့တော့ အရှေ့ဘက် Grille မှာ မီးလင်းမယ့် Diodes ပေါင်း ၁၃၁ ခုနဲ့ အတူ ဒီဇိုင်းအ သစ် ကို Standard အနေနဲ့ ထည့်ပေးထားပြီ ဖြစ်ပါတယ်။ ကားရဲ့ မီးလုံး စနစ်တွေကို ထပ်ပြောရမယ် ဆိုရင် လည်း Matrix LED Headlight တွေနဲ့ LED Taillights တွေကို လှလှပပ ပေါင်းစပ်ထားတာ ဖြစ်ပြီး သာ မန် Enyaq ကားနဲ့ ယှဉ်ရင်တော့ ကားရဲ့ အချိုးအစားက အရှေ့ဘက်မှာ ၁၅ မီလီမီတာ ပိုနိမ့်ပြီး အနောက် ဘက်မှာတော့ ၁၀ မီလီမီတာ လောက် ပိုနိမ့်လာတာ တွေ့ရမှာပါ။ အခု RS Model အဖြစ် နောက်ထပ် Sportline Version အသစ်ကိုလည်း ချပြခဲ့သေးပြီး ဒီဇိုင်းပိုင်း အရကတော့ ခပ်ဆင်ဆင် သုံးထားကာ နည်း နည်းပိုလည်း နှိမ့်ပေးထား ပါသေးတယ်။ ဒါပေမယ့် Range အပိုင်းအရတော့ အနည်းငယ်နိမ့်သွားပြီး 62 kWh Battery နဲ့ အတူ လျှပ်စစ်မော်တာ တစ်လုံးပဲ ပါဝင်တော့မှာ ဖြစ်တာကြောင့် 177 hp နဲ့ 201 hp တို့ ဆိုပြီး နှစ်မျိုး စွမ်းဆောင်လာနိုင်မှာ ဖြစ်ကာ Rear-Wheel Drive ကိုတော့ အဆိုပါ ကား ၂ မျိုးလုံးမှာ ထည့် ပေးထားမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဘက်ထရီ အရွယ်အစားတွေ ၊ RWD နဲ့ AWD တွေ အကုန်လုံးကို သေချာရွေးမယ် ဆိုရင်တော့ရွေးချယ်မှု အပေါ် မူတည် ပြီး ကားရဲ့ Range က ၃၃၉ မိုင် လောက် အထိ ရှိနိုင်ပါတယ်။ ကားရဲ့ အတွင်းခန်းတွေကို ဆက်ကြည့်ရမယ် ဆိုရင် တော့ အမိုးမှာလည်း Panoramic Sunroof Glass ‌ဖြစ်လာပြီး ၅.၃ လက်မအရွယ် ယာဉ်မောင်းရဲ့ရှေ့က Screen နဲ့ ပေါင်းစပ်ထားတဲ့ ၁၃ လက်မ အရွယ်  Touchscreen Infotainment System လည်း ပါဝင်လို့ လာပါတယ်။ နောက်ထပ် AR နည်းပညာတွေ ပါဝင်မယ့် Head-Up Display လို မျိုးတွေကို Customers တွေ စိတ်ကြိုက် အပိုဆောင်း ဝယ်တပ်နိုင်သေးပြီး စပီကာ ၁၃ လုံးပါ Canton အသံ စနစ်နဲ့ ကြိုးမဲ့အားသွင်းစနစ်တွေလည်း ထပ်ထည့်နိုင်ဦးမှာပါ။ အခုနှစ် နှောင်းပိုင်းလောက်မှာ စတင်ရောင်းချ မယ့် အဆိုပါ ကားကတော့ ကုမ္ပဏီ ရဲ့ ဈေးအကြီးဆုံး ကားတစ်စီး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ နောက် ဆက်တွဲ လျှပ်စစ်ကားသစ် ၃ မျိုး ကိုလည်း အခုဆယ်စုနှစ် အကုန်လောက်မှာ ကုမ္ပဏီ ကနေ ထုတ်လုပ်ဖို့ ရှိနေတာကြောင့် စောင့်မျှော်နေရဦးတော့မှာပါ။

Ref: motor 1.com