Skoda Fabia ကားကတော့ ၁၉၉၉ ခုနှစ် ကတည်းက ဖရန့်ဖတ် ကားပြပွဲမှာ ချပြခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း ကုမ္ပဏီရဲ့ အရေးကြီးတဲ့ ကားအမျိုးအစားတစ်ရပ် ဖြစ်ခဲ့တာပါ။ ဥရောပ ဈေးကွက်ရဲ့ B-Segment အပိုင်းမှာလည်း ကားကောင်း တစ်စီးဖြစ်ခဲ့ပေမယ့် Hatchback ဒါမှမဟုတ် Wagon Versions တွေ အဖြစ်တော့ မရနိုင်တဲ့ ကားအဖြစ် ပဲ ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခု ဆယ်စုနှစ် အတွင်းမှာ တော့ ဘက်ထရီ လျှပ်စစ်ကားတစ်စီးအနေနဲ့ Fabia တို့ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ Volkswagen ရဲ့ MEB platform ကို သုံးထားမယ့်  ကားကတော့ ယခင် Fabia Model ရဲ့ ကျစ်လစ်လှပတဲ့ အချိုးအစား ကို ပိုမြှင့်တင်ထားတဲ့ Suspension ၊ အနည်းငယ် ပိုကျယ်လာနိုင်တဲ့ အတွင်းခန်းတို့နဲ့ ပေါင်းစပ်ပေးလာ နိုင်ပါတယ်။ ကားသစ်အတွက် ဖန်တီးနေဆဲ ဖြစ်နိုင်ပေမယ့် လောလောဆယ်မှာ တော့ ဒီဂျစ်တယ်ပုံကြမ်း တစ်ချို့ ထွက်ပေါ်လာပြီဖြစ်ပြီး ပုံစံတွေအရ ခန့်မှန်းရမယ် ဆိုရင်တော့ မကြာခင်မှာ အဆင့်မြှင့်တင်ပေးဦးမယ့် Kamiq လျှပ်စစ်ကားအစား ရွေးချယ်စရာတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

Photo Credit: motor 1.com

Logo အသစ်နဲ့ ကားရဲ့ ပုံစံအသစ်တွေကို Vision 7S Concept နဲ့ ချပြခဲ့တဲ့ Skoda တို့ကတော့ အခု ကားသစ်မှာလည်း ခေါင်းပိုင်းက Nose Design သစ်နဲ့ ပွဲထွက်လာနိုင်ပြီး T ပုံစံ Headlights တွေလည်း ပါလာနိုင် ပါတယ်။ ဒီဇိုင်း ပြောင်းထားတဲ့ Skoda တံဆိပ် နဲ့အတူ Grille အပိတ်ဒီဇိုင်းကိုလည်း သုံးပေးထားနိုင်ပြီး ပုံမှန်အားဖြင့် တစ်စီးလုံး အနေအထား ကတော့ လေးထောင့်ခပ်ကျကျကိုမှ အတွင်းခန်း ခပ်လင်းလင်းနဲ့ လှ လှပပပုံစံဖြစ်ဖို့ များပါတယ်။ လောလောဆယ်မှာ ဘာမှတိတိကျကျ မမြင်ထားရသေးတာကြောင့် အတွင်းခန်းကို ခန့်မှန်းကြည့်ဖို့ရာ ခက်နေသေးပြီး ဈေးကွက်ထဲ မြင်ရဖို့ကိုလည်း ၃ နှစ် ၄ နှစ် လောက်အထိ စောင့် ဆိုင်းရနိုင်ပါသေးတယ်။ Skoda အဓိက ပြောင်းလဲသွားနိုင်တဲ့ နောက်တစ်ချက်ကတော့ ဒီဂျစ်တယ် နည်းပညာပိုင်းဖြစ်ပြီး Digital Instrument Cluster ခပ်ကြီးကြီးနဲ့ Infotainment Screen အကြီးကို ထည့်ပေး ထားဖို့ များပါတယ်။ ကားအတွင်းခန်းထဲ နောက်ထပ် Head-Up Display တစ်ခုကိုလည်း ထည့်ပေးထားနိုင် သေးပေမယ့် လောလောဆယ်မှာတော့ ခန့်မှန်းချက် တွေပဲဖြစ်လို့ အတည်ပြုဖို့ရာတော့ စောလွန်းသေး တယ်လို့ပဲ ဆိုရမှာပါ။

Photo Credit: motor 1.com

လောလောဆယ်မှာ Skoda Brand ကတော့ လက်တွေ့ဆန်ဆန်အသုံးတည့်စေမယ့် ကားတွေအဖြစ်ကို ပိုပိုပြီးဦးတည်ထုတ်လုပ်လာနေတာကြောင့် အခုမြင်လာရမယ့် လျှပ်စစ်ကားသစ် Fabia Crossover ကလည်း Range နဲ့ အတွင်းခန်းနေရာကျယ်တဲ့ အပိုင်းမှာတော့ အမြင့်ပိုင်း ကားတစ်စီးဖြစ်လာနိုင်ပါတယ်။ အစောပိုင်း ထွက်ပေါ်ထားတဲ့ အတည်မပြုနိုင်သေးတဲ့ ခန့်မှန်းချက်တွေ အရဆိုရင်တော့ တစ်ကြိမ် အားသွင်းရုံ နဲ့ မိုင်ပေါင်း ၂၄၉ မိုင် အထိ မောင်းနှင် လာနိုင်ပြီး အားသွင်းဖို့ကိုလည်း 200 kW အထိ ထောက်ပံ့ပေးလာ နိုင်မယ်လို့ သိထားရတာကြောင့် ဘယ်လောက် အထိ စွမ်းဆောင်လာနိုင်မလဲ စောင့်ကြည့်ရတော့မှာပါ။

Ref: motor 1.com