တကယ်လို သင်က ပိုက်ဆံတွေ အတော်လေးချမ်းသာပြီး ကားတွေထဲမှာလည်း 911 Sports ကားတွေလို တကယ့် ဂန္ဓဝင် တွေကိုမှ လိုချင်တယ်ဆိုရင် Porsche ထက် ပိုကောင်းအောင် ပြန်ပြင်ပေးနေတဲ့ Singer Vehicle Design ဆီကို သွား သင့်ပါတယ်။ ကုမ္ပဏီကတော့ Reimagined 911 Models တွေကို Porsche ရဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ ဆီက အကောင်းဆုံး ကားတွေကို မှီငြမ်း ကာဖန်တီးနေတာ ဖြစ်ပါတယ်။ အကုန် လုံးကတော့ တကယ့်ကို သီးသန့် ကားတွေ ဖြစ်လို့ ဈေးတွေကလည်း ခပ်မြင့်မြင့် အပျံစားတွေချည်း ပါပဲ။ ကုမ္ပဏီက ဖန်တီးထားတဲ့ ယခင်ကားတွေ မှာတော့ Naturally Aspirated Flat-Six Engine ကိုပဲ သုံး ထားပေမယ့် အခု မကြာသေးမီကမှ မြင်တွေ့လာရတဲ့ Turbo Study ဆိုတဲ့ ကားမှာတော့ Porsche 930 Turbo ကို ဖန်တီးထားပြီး မူလ  964 ကားကို အခြေခံပြီး ထုတ်လုပ် ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုပါ ကားကို မှာယူထားသူပေါင်း အယောက် ၇၀ လောက် အထိ ရှိနေတာကြောင့် ကုမ္ပဏီ ဘက်ကလည်း ပုံရိပ် အသစ်တွေနဲ့ အသေးစိတ် အချက်အလက်တွေကိုပါ စတင် ချပြလာခဲ့ပါတယ်။ အခုကားကို သိသာစေ တဲ့ တစ်ချက်ကတော့ Turbo Racing အဖြူရောင်လေးကို လှလှပပ ထင်းနေအောင် ဖန်တီး ပေးထားတာ ဖြစ်ပြီး ထင်ရှားတဲ့ အစိမ်းရောင် လိုင်းလေးတွေ ကလည်း အစိမ်း‌ရောင်ဘီးတွေနဲ့ ပိုပြီး လိုက်ဖက်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ကား တစ်စီးလုံးကို ကာဗွန် ဖိုက်ဘာနဲ့ပဲ ဖန်တီး ပေးထားလို့ အတော်ကို ပေါ့ပါးနေပြီး အခြား Singer ရဲ့ ကားတွေလိုပဲ Porsche ရဲ့ သမိုင်းထဲက အကောင်းဆုံး ဒီဇိုင်းတွေကို ပြန်သုံးကာ ဆန်းသစ် ပေးထားပါတယ်။ အထူးသဖြင့် အခု ကားမှာလည်း ကားရဲ့ အလယ်မှာ တပ်ဆင်ထားတဲ့ ဆီဖြည့်ပေါက်နေရာ ၊ လေဝင်ပေါက် အနေနဲ့ ပေါင်းစပ်ထားတဲ့ ဘန်ဘာတွေအပြင် အနောက်ဘက်မှာလည်း Whale-Tail Spoiler တွေကို မြင်ရ မှာပါ။ ကားကို အပြင်က ကြည့်လိုက်တာနဲ့တင် အတော်လေး ထူးခြားကောင်းမွန်နေတာ သိသာပေမယ့် ပိုဆန်းတာကတော့ အတွင်းခန်း ဖြစ်ပါတယ်။ Singer ရဲ့ ပထမဆုံး ပုံရိပ်တွေမှာ ကတည်းက Tan လယ်သာ သားတွေနဲ့ လှပနေတဲ့ အတွင်းခန်းကို မြင်ထား ရပေမယ့် အခု ပုံရိပ်တွေအရ ဆိုရင်တော့ Bespoke Houndstooth Grun ဆိုတဲ့ အဝတ်စ အသားကိုမှ အတွင်းခန်း ကာဗွန်ဖိုက်ဘာ Accents တွေနဲ့ ပေါင်း ထားတာ ပဲ ဖြစ်ပါတယ်။ တံခါးတွေ မှာကအစ အဆိုပါ အရသာ တွေကို ပေါင်းစပ်ပေးထားတာ ဖြစ်ပြီး ၁၉၇၀ ဝန်းကျင်နဲ့ ၁၉၈၀ ကာလ တွေဆီက Porsche တို့ နာမည်ကြီး ခဲ့တဲ့ ဒီဇိုင်းတွေ လည်း ဖြစ်ပါတယ်။ ကျန်တဲ့ အပိုင်းတွေမှာတော့ ခေတ်ပေါ် အစိတ်အပိုင်းတွေနဲ့ ပေါင်းစပ်ပေးထားတယ် ဆိုပေမယ့် Retro Theme လေး ရဖို့အတွက်တော့ အဆိုပါ ခေတ်က အထိန်းအချုပ် ခလုတ်တွေ အတိုင်း ထည့်ပေးထား ပါ တယ်။‌ ခေတ်မှီ နည်းပညာတွေ အနေနဲ့ ဆိုရင်တော့ ကြိုးမဲ့ အားသွင်းစနစ်နဲ့ အဲကွန်းတွေ ပါတာက လွဲလို့ ကျန် အပိုင်းတွေမှာ ခေတ်ဟောင်း အရသာလေးတွေ ပိုခံစားနိုင်အောင် ဖန်တီး ပေးထားပါတယ်။

Photo Credit: CARBUZZ

ကာဗွန်ဖိုက်ဘာ ထိုင်ခုံတွေကနေ မောင်းနှင်နေရတဲ့ Six-Speed Manual ဂီယာရဲ့ အရသာကိုလည်း မောင်းနှင် သူတွေ အတော် အကြိုက်တွေ့နိုင်ပြီး အဆိုပါ ဂီယာနဲ့ ချိတ်ဆက် ထားတာက‌တော့ Twin-Turbocharged Flat-Six Engine ဖြစ်ပြီး Rear-Wheel Drive အနေနဲ့ မောင်းနှင်နိုင်မှာပါ။ ယခင် တုန်း  ကတော့ အခုကား အကြောင်း ပြောခဲ့ရာမှာ အနည်းဆုံး 450 hp ရှိနိုင်မယ် လို့ ဆိုခဲ့ပေမယ့် အခု အနေအ ထားကတော့ 510 hp အထိကို ရှိလာပါပြီ။ အခု ပမာဏ က လက်ရှိ Porsche 911 အခြေစိုက် ဖန်တီးထား တဲ့ Sport Classic ကားနဲ့ ယှဉ်ရင်အနည်းငယ် စွမ်းဆောင်ရည် နိမ့်နေ နိုင် သေးပေမယ့်လည်း အခု ကား လေးမှာ ပိုပေါ့ပါးပြီး Bespoke အပိုင်းတွေလည်း ပိုမို ပါဝင်နေတာပါ။ ဒါ့အပြင် ကားကို ပိုနှိမ့် ပေးနိုင်မယ့် Sports Suspension စနစ်နဲ့ အတူ Carbon Ceramic ဘရိတ် စနစ်ကိုလည်း ထည့်ပေးထား ပါသေးတယ်။ Singer အနေနဲ့ကတော့ အခု Turbo Study ကားလေး ဖန်တီးရာမှာ လက်မှုပညာ အနေနဲ့သာ ဖန်တီးထား တယ်လို့သိရတာကြောင့် လတ်တလောမှာ လမ်းမထက် မမြင်ရသေးပေမယ့်လည်း မကြာမီမှာ လမ်းမတွေ ထက် ရှားရှားပါးပါး မြင်လာရတော့မှာကတော့ ရင်ခုန်စရာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com