အမေရိက အတွက် Shelby Cobra က Sports ကားသမိုင်းမှာ အဓိကကျခဲ့သလို ၁၉၆၀ ပြည့်နှစ်တွေက Toyota 2000GT ကလည်း ဂျပန် Sports ကားသမိုင်းမှာ အဓိကကျတဲ့ နေရာက ပါဝင်ခဲ့ပါတယ်။ တကယ် လို့များ အဆိုပါ သမိုင်းဝင်ကားနှစ်စီးကိုသာ အတူတကွပေါင်းစည်းလိုက်မယ်ဆိုရင်ဘယ်လိုများ ဖြစ်ပေါ်လာ နိုင်မလဲ စဉ်းစားကြည့်ရအောင်ပါ။ နောက်ပိုင်းမှာတော့ Toyota က မြောက်အမေရိက ကားထုတ်လုပ်သူ တွေ ကြားထဲမှာ ဂုဏ်သိက္ခာ တည်ဆောက်နိုင်ဖို့အတွက် SCCA (Sport Car Club Of America) ပြိုင်ပွဲမှာ အနိုင်ရယူနိုင်ဖို့ ကြိုးပမ်းလာခဲ့ ပါတယ်။
၁၉၆၈ ခုနှစ် ရာသီအတွက် ရည်ရွယ်ပြီး ၃ စီးသာထုတ်လုပ်ခဲ့တဲ့ Shelby-Toyota 2000GTs ကားကိုတော့ Gooding & Company’s Amelia Island မှာ မတ်လ ၄ ရက်နေ့မှာ ကျင်းပမယ့် လေလံပွဲမှာ အရောင်း စာရင်းတင်လာခဲ့ပါတယ်။ 2000 GT ကားက Shelby နဲ့ မပူးပေါင်းခင်ကတည်းက ဂျပန်နိုင်ငံ ပြိုင်ပွဲမှာ သူ့ရဲ့ တန်ဖိုးကို ပြသထားခဲ့ပြီးဖြစ်ကာ ၁၉၆၆ တုန်းက ကျင်းပခဲ့တဲ့ နာမည်ကျော် Japanese Grand Prix ပြိုင်ပွဲမှာ တတိယ နေရာရယူနိုင်ခဲ့တာပါ။ အဲ့ဒီနောက် တစ်လ အကြာ Suzuka 1000 km ပြိုင်ပွဲမှာ One-Two Finish ပွဲဆက်လက်ယှဉ်နွှဲခဲ့သလို ၁၉၆၇ ရာသီတစ်လျှောက် နောက်ထပ်အောင်ပွဲတွေ ဆက်လက် ရရှိနိုင်ခဲ့ပါတယ်။ Daytona Cobra ရဲ့ ဒီဇိုင်နာ ဖြစ်သူ Pete Brock က SCCA ပြိုင်ပွဲရဲ့ C-Production Class မှာ ယှဉ်ပြိုင်မယ့် 2000GT ကို ပြင်ဆင်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် နောက်ဆုံး အခိုက်အတန့်လေး မှာတင် သူဌေးဟောင်း Shelby က ထိန်းချုပ်နိုင်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ Brock က Datsun နဲ့အောင်မြင်စွာပူးပေါင်းခဲ့ပြီး 510 Sedan နဲ့ 240Z လိုကားတွေကို ဖန်တီးတဲ့နေရာမှာ ပါဝင်ခဲ့တာပါ။
Shelby ကတော့ GT ရဲ့ Soundproofing နဲ့ Insulation တွေကို ဖယ်ရှားလိုက်ပြီး Anti-Roll Bars အသစ်တွေပါဝင်တဲ့ Suspension၊ Koni Springs နဲ့ Shocks တွေနဲ့ အစားထိုးလိုက်သလို Low-Profile ပြိုင်ကားတာယာတွေနဲ့ မဂ္ဂနီဆီယမ် ဘီးတွေကိုလည်း တပ်ဆင်ပေးလိုက်ပါတယ်။ ဒါ့အပြင် 2.0 Liter Straight-Six Engine ကိုတပ်ဆင်ပေးလိုက်တာကြောင့် စွမ်းဆောင်ရည်က 148 hp ကနေ 200 hp အထိ မြင့်တက်သွားခဲ့တာပါ။ ၁၉၆၈ ခုနှစ်ကတော့ အသင်းစတင်တဲ့ နှစ်ဖြစ်တာကြောင့် ရလဒ်တွေအတော်လေး ကောင်းမွန်ခဲ့ပေမယ့် နာမည်ကျော် Porsche ကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။ စိတ်မကောင်းစရာ တစ်ခုကတော့ အဆိုပါ နှစ်အပြီးမှာ Toyota က ပူးပေါင်းမှုကို ပယ်ဖျက်လိုက်တာပဲ ဖြစ်ပါတယ်။ လက်ရှိလေလံပွဲထဲ ရောက် ရှိလာတဲ့ ကားကတော့ ပထမဆုံး ဖန်တီးခဲ့တဲ့ 2000GT ကားဖြစ်ပြီး ၁၉၈၀ ခုနှစ်ကတည်းက ပိုင်ရှင်တစ်ဦး ထဲ ပိုင်ဆိုင်ထားခဲ့တာပါ။ အမှန်တကယ်ရှားပါးတဲ့ ကားတစ်စီးဖြစ်တာကြောင့်လဲ 2000GT ကားက အနည်း ဆုံး ဒေါ်လာ တစ်သန်းလောက်တော့ ရရှိနိုင်တာပဲ ဖြစ်ပါတယ်။
Ref: AllAutoExperts