Mazda ကတော့ Rear-Wheel Drive Platfrom တွေ ၊ Hybrid ၊ Inline-Six Engine အသစ်တွေနဲ့ အတူ ဈေးကွက်မှာ ထိပ်ပိုင်း ပိုရောက်လာအောင် ကြိုးစားနေပြီဖြစ်ပြီး ပိုပြီးလည်း ဇိမ်ခံကားကောင်းတွေ ဖြစ်လာနေပါတယ်။ ဒ့ါအပြင် ၊Mazda ချစ်သူအတော် များများက မျှော်လင့်နေကြတဲ့ Rotary Sports Car တွေကလည်း တစ်ကျော့ပြန်လာဖို့ ရှိနေပြန်ပါတယ်။ ဒါပေမယ့် Mazda ထုတ်ကုန်တွေထဲ စိတ်အလှုပ်ရှားခဲ့ ရဆုံး ကားကို ပြပါ ဆိုရင်တော့ Rear-Wheel Drive ၊ Inline-Six Engine နည်းပညာတွေ သုံးထားတဲ့ Mazda 6 Sedan ကားတွေပါပဲ။ အဆိုပါ ကားတွေက BMW 3 Series တွေအတွက် အကောင်းဆုံးသော ပြိုင်ဖက်တွေလည်း ဖြစ်သလို လက်ရှိ အမေရိကလို ကားဈေးကွက်ထဲမှာ လည်း FWD Model အဟောင်း တွေ မရှိတော့တာကြောင့် အတော်လေး ချိန်သားကိုက်ပဲ ခန့်မှန်းထား ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အခု တစ်ခေါက် Mazda တာဝန်ရှိသူတစ်ဦး ပြောလိုက်တဲ့ စကားကြောင့် မျှော်လင့်ချက် မဲ့သွားသလိုပါပဲ။ အဲ့ဒါကတော့ RWD 6 Sedan ကားတွေနဲ့ တံခါး ၂ ပေါက်ပါ Coupe Version တွေ ကိုပါ ဆက်မမြင်ရနိုင်ဘူးဆိုတဲ့ သဘောပါ။
အဆိုပါ သတင်းကတော့ ဗြိတိန် ရဲ့ Autocar ဆီကနေ ထွက်ပေါ်လာတာဖြစ်ပြီး Mazda ဥရောပ ရဲ့ အင်ဂျင် နီယာပိုင်း ဖွံ့ဖြိုးရေးပိုင်း တာဝန်ယူထားသူ Joachim Kunz က ပွင့်ပွင့်လင်းလင်းပဲ ပြောကြားလာခဲ့တာပါ။ သူ့အနေနဲ့ ပြောကြားရာမှာတော့ အဆိုပါ ကားတွေမှာ အင်ဂျင် အရှေ့ဘက် ထားပြီး Rear-Wheel Drive လို Concept မျိုးနဲ့ Six- Cylinder Engine တွေကို သုံးတာကို ပိုမြင်ချင်မိကြောင်း ဆိုခဲ့ပြီး Mazda 6 ရဲ့ မျိုးဆက်သစ် ဒါမှမဟုတ် ပိုကြီးတဲ့ Sports Coupe တို့မှာ အခုလို စနစ်သုံးလာနိုင်တယ်လို့ ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ SUV တွေ ခေတ် ကောင်းနေတာကြောင့် ပိုပြီး ရောင်းအားကောင်းမယ့် SUV တွေဘက်ကိုသာ ဦးလှည့်ချင်တာ ဖြစ်တယ် လို့လည်း ပွင့်ပွင့်လင်းလင်းကို ပြောခဲ့ပါသေးတယ်။ ဒါကြောင့် ဒီ အချက်အရ ဆိုရင်ပဲ SUV တွေ အစားဝင် လာနိုင်တာ ကြောင့် အများ မျှော်လင့်နေကြတဲ့ အဆို ပါ Sedan ကားတွေ တစ်ခန်း ရပ်သွားဖို့ ရှိနေပါပြီ။
အဆိုပါ SUV တွေထဲမှာ မကြာ သေးခင်ကမှ မြင်တွေ့ထား ရတဲ့ CX-60 နဲ့ အတူ Mazda ရဲ့ ပိုကြီးတဲ့ FR Platform အသစ်ကို သုံးလာနိုင်ပါတယ်။ နောက်ပိုင်း အသစ်ထွက်လာမယ့် CX-70 ၊ 80 နဲ့ 90 တို့ မှာလည်း အခု Platform ကိုပဲ သုံးလာဖို့ ရှိပါတယ်။ အမေရိကန် ဈေးကွက်ထဲမှာ ဆိုရင်တော့ ထိုင်ခုံ ၂ တန်းပါ CX- 70 နဲ့ ထိုင်ခုံ ၃ တန်းပါ CX-90 တို့ကို ရရှိ လာနိုင်ပြီး ဥရောပကားတွေထက် ပိုကျယ်တဲ့ ကိုယ်ထည် ပါဝင် လာနိုင်ပါတယ်။ အဆိုပါ ကားတွေမှာလည်း CX-60 လိုပဲ 322 hp စွမ်းဆောင်ရည် ရှိလာနိုင်ပြီး 2.5 Liter Inline-Four Engine နဲ့အတူ လျှပ်စစ်မော်တာ တို့ကို သုံးစွဲ ပေးလာဖို့ ရှိပါတယ်။ ဒါပေမယ့် အနာဂါတ် Inline-Six Engine တွေကိုတော့ အနည်းဆုံး CX-90 လောက်မှာ သုံးလာနိုင်သေးတာကြောင့် ပိုကောင်း တဲ့ စွမ်းဆောင်ရည် ပါလာနိုင်ပါသေးတယ်။ ဒါ့အပြင် Eight-Speed Automatic Gearbox ကို အသုံးပြု လာနိုင်ပြီး RWD ကို မျှော်လင့်လို့မရတာ သေချာတာကြောင့် All-Wheel Drive စနစ်ကိုပဲ သုံးလာမှာ သေချာလို့နေပြီ ဖြစ်ပါတယ်။
Ref: carbuzz.com