ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀၂၂ မှာ လျှပ်စစ်စွမ်းအင်သုံး Coupe တစ်စီး အနေနဲ့ တရားဝင် မိတ်ဆက်ပေးခဲ့တဲ့ Rolls-Royce Spectre အမျိုးအစားကို ကုမ္ပဏီ ဘက်ကတော့ အခုချိန်အထိ ပိုကောင်းအောင် အဆင့်မြှင့်ပေးနေပါတယ်။ အခု တစ်ခေါက် စမ်းသပ်ချက်ကတော့ ကားကို တောင်အာဖရိကဒေသမှာ မောင်းနှင် နေစေပြီး အပူပိုင်းရာသီဥတု တွေအပေါ် အခြေအနေကို လေ့လာမယ်လို့ သိရပါတယ်။ တောင်အာဖရိက ရဲ့ နွေရာသီ အပူချိန်ကလည်း ၅၀ ဒီဂရီ ဆဲလ်စီးရပ်စ် လောက်အထိကို ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာပြင် အမျိုးမျိုးလမ်းတွေရဲ့ အနေအထားတွေ ပေါ်မှာပါ မောင်းနှင်မှာ ဖြစ်တာကြောင့် ကားရဲ့ Anti-Roll Bar စနစ်ကိုပါ စမ်းသပ်နိုင်မှာပါ။ ကားကို လမ်းဆိုးရင်တောင် ငြိမ်‌နေအောင် ထိန်းပေးထားနိုင်တဲ့ အဆိုပါ စနစ်အတွင်း အပူချိန် တအားတက်လာရင် ရာဘာ တွေ ထိခိုက်နိုင်မှု ရှိမရှိကိုလည်း ဆက်စပ်လေ့လာ နိုင်ပါလိမ့်မယ်။ ဒါ့အပြင် Cabin တစ်လျှောက် သုံးထားတဲ့ Materials တွေအကုန်လုံး ရာသီဥတု အပြောင်း အလဲမှာ ဘယ်လိုတုံ့ပြန်မလဲကိုပါ စောင့်ကြည့် နိုင်ပါလိမ့်မယ်။

Photo Credit: motor 1.com

အခုစမ်းသပ်မယ့် လမ်းကြောင်းထဲမှာတော့ Spectre အနေနဲ့ ကီလို ၂ သန်းလောက်အထိ ခရီးနှင်ရမှာ ဖြစ်ပါတယ်။ ကားအတွက်တော့စမ်းသပ်တဲ့လမ်း ကြောင်း တစ်လျှောက် Marginal Gains ဆိုတဲ့ အခြေအနေတွေကို အသုံး ပြုမှာ ဖြစ်ပြီး အဆိုပါ နည်းလမ်းအရတော့ ကားကို ပိုကောင်းတဲ့ တိုးတက်မှုတွေ ရစေဖို့အတွက် လမ်း‌တစ်လျှောက် လိုသလို ‌အပြောင်းအလဲသေးသေးလေးတွေ လုပ်ပေးတာကို ဆိုလိုပါတယ်။ လက်ရှိမှာတော့ အဆိုပါ ကားသစ်ကို စမ်းသပ် နေတာ ၈၀% လောက်အထိ ပြီးစီးပြီ ဖြစ်ပြီး နောက်ဆုံး အပိုင်းတွေကတော့ မြို့ကြီးတွေထဲ မောင်းနှင်တဲ့ Lifestyle Analysis ဆိုတဲ့ အပိုင်းပဲ ကျန်တော့တယ် လို့ သိရပါတယ်။ အစောပိုင်း စမ်းသပ်ချက်တွေ အရတော့ ကားသစ်က 577 hp နဲ့ 664 lb-ft Torque အထိကို ရှိထားတာဖြစ်ပြီး တစ်နာရီ မိုင် ၆၀ နှုန်းကို ၄.၄ စက္ကန့် အတွင်းမှာတင် အရှိန်တင်နိုင်ပါ လိမ့်မယ်။ ဒါ့အပြင် ခန့်မှန်းခြေအရတော့ တစ်ခါ အားသွင်းထားရင် ၂၆၀ မိုင် လောက် အထိကို မောင်းနှင် နိုင်လိမ့်မယ် လို့ သိထားရပါတယ်။

Photo Credit: motor 1.com

ကားကို အတော်လေး သက်တောင့်သက်သာ ဖြစ်စေဖို့ အတွက် Planar Suspension စနစ်ကိုလည်း Spectre ကား မှာ သုံးပေးထားပြီး ဘီးတစ်လုံးချင်းစီ လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်မယ့် Anti-Roll Bars တွေကြောင့်လည်း ကားက တော်တော်ကို ချောချောမွေ့မွေ့ ဖြစ်နေလိမ့်မယ်လို့ သိရပါတယ်။ ကားသစ် တွေကိုတော့ အခု ၂၀၂၃ ခုနှစ် ပထမ ၃ လပတ် အတွင်းမှာတင် ပို့ဆောင်ပေးတော့မှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မဖော်ပြထား သေးပါဘူး။ ကားသစ် ကို ဝယ်ယူ ဖို့ အတွက် ဆန္ဒမရှိသေးဘူး ဆိုရင်တောင်မှ အဆိုပါ လျှပ်စစ်ကားကို စိတ်ကြိုက် ပြင်ဆင် ဖန်တီး ကြည့်လို့ ရမယ့် Online Configurator ကိုလည်း စီစဉ် ပေးထားသေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com