အမေရိကန် နိုင်ငံ ၊ မိုင်ယာမီမှာ ကျင်းပနေတဲ့ Art Basel ပွဲကြီးထဲမှာတော့ Rolls-Royce Cullinan ကားသစ်တစ်ချို့ ကို ထူးထူးခြားခြား အပြင်အဆင်တွေနဲ့ မြင်တွေ့လာရပါတယ်။ အဆိုပါ ကားမော်ဒယ်သစ်တွေ ကိုတော့ Rolls-Royce ရဲ့ Inspired By Fashion ဆိုတဲ့ Series အသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မြင်တွေ့ရတာဖြစ်ကာ Re-Belle နဲ့ Fu-Shion Line တွေအဖြစ် ခွဲခြားထုတ်လုပ်ပေးထားပါတယ်။

Photo Credit: AllAutoExperts

အဆိုပါ ကား ၂ မျိုးထဲကမှ Re-Belle Line အမျိုးအစားတွေ အတွက်ကိုဆိုရင် ကားအပြင်ဘက်ပိုင်း အတွက် Lime Green ၊ Gunmetal Gray ၊ Wildberry နဲ့ Arctic White တို့ဆိုတဲ့ အရောင်တောက်တောက် တွေရလာမှာ ဖြစ်ပါတယ်။ အဆိုပါ အရောင်တွေထဲမှာမှ Arctic White အတွက် Peony Pink Accents နဲ့ တွဲဖက်ပေးထားပြီး Cashmere Grey လယ်သာ သားတွေကို Lime Green Accents တွေနဲ့ လိုက်ဖက် အောင် အတွင်းခန်းတွေထဲ ပြင်ဆင်ပေးထားပါတယ်။ တစ်ဖက် မှာတော့ Fu-Shion ကား အမျိုးအစားအပိုင်းကို လက်တွေ့မှာ ပိုပြီး အဆင်ပြေစေမယ့် အရောင်မျိုးတွေနဲ့ပဲ သုံး ပေးထားတာ တွေ့ရပါလိမ့်မယ်။ အဆိုပါ Cullinan တစ်စီးချင်းစီ အတွက်ကိုတော့ Military Green၊ Burnout Grey၊ Forge Yellow ဒါမှမဟုတ်Tempest Grey စတဲ့ အရောင်စုံထဲက ကြိုက်တာရွေးယူနိုင်ပြီး နှစ်ရောင်စပ်ချင်တယ် ဆိုရင်လည်း Military Green, Navy, နဲ့ Mandarin တို့ကို ရောစပ် ပေးထားအောင် လုပ်ပေးထားပါသေးတယ်။ အခြား သော ရွေးချယ်စရာ တစ်ရပ်အနေနဲ့ ဆိုရင်တော့ Arctic White နဲ့ Cashmere Grey လယ်သာသားတွေကို အတွင်းခန်းမှာ Forge Yellow အဝါရောင်လေးတွေ ပေါင်းစပ်ပေးထားတာကို ရနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခု ကားသစ်တွေအတွက် ပိုထူးခြားလာတာကတော့ Starlight Tailgate အပိုင်းပါပဲ။ နဂိုကတည်းက Brand ရဲ့ အမှတ်သညာတစ်ခုလို ဖြစ်လာနေတဲ့ Headliner ကလည်း ကားပတ်ပတ်လည်အတွက် ဆွဲဆောင်မှု ရှိတဲ့ မီးလေးတွေကိုမြင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ အပိုင်းလေးအတွက်ကိုပဲ နာရီပေါင်း ၂၂ နာရီအထိ အချိန်ယူ လုပ်ဆောင်ခဲ့ရကာ လယ်သာအတွင်း မီးလင်းကြယ်ပုံလေးတွေပေါင်း ၁၉၂ ခုအထိကို ပါဝင်တဲ့အထိ အသေးစိတ် ကျတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့အလယ် Console မှာ ဆိုရင်လည်း Piano Veneer ဆိုတဲ့ အရောင်နဲ့ Trim အသစ် ကို ရွေးချယ်လို့ ရလာဦးမှာပါ။ ဒါပေမယ့် Cashmere Grey ဆိုတဲ့ အပိုင်းက တော့ Re-Belle ကား အမျိုးအစားတွေ အတွက်ပဲ သီးသန့်ဖြစ်ကာ Fu-Shion ကားတွေ အတွက်ကိုတော့ Deep Navy Blue ဆိုတဲ့ အရောင်ကို သပ်သပ် ရနိုင်ပါလိမ့်မယ်။ တစ်ခု ထူးခြားတာကတော့ အခုကားတွေ ထဲက တစ်စီးကို ဝယ်ချင်တယ်ဆိုရင် ကိုယ်ရွေးချယ်လိုက်တဲ့ ကားအရောင် အပြင်အဆင်အတိုင်း လက်ဆွဲအိတ် Luggage တစ်လုံးကိုပါ Rolls-Royce က အပိုလက်ဆောင်အဖြစ် ပြင်ဆင်ထည့်ပေးသွားမှာပဲ ဖြစ်ပါ တယ်။

Ref: AllAutoExperts