SUV ကား အလန်းစားကြီးတွေ အကြောင်း ပြောကြမယ် ဆိုရင်တော့ Rolls-Royce Cullinan က အကောင်းဆုံးတွေထဲက တစ်စီး ဆိုတာ သေချာပေါက်ပါပဲ။ ဒါပေမယ့် အခုလို အလန်းစား ကောင်းမွန်နေပြီး သား ဇိမ်ခံ SUV ကြီး ကတော့ Keyvany ဆိုတဲ့ Tuning Company အတွက်တော့ လုံလောက်မှု မရှိသေးပဲ KEYVANY EDITION ဆိုတဲ့ ထူးထူးခြားခြား ပြင်ဆင်မှု တစ်ရပ်ကို ထုတ်ပေးလိုက်ပါတယ်။ သတင်းတွေ အရတော့ အဆိုပါ ကုမ္ပဏီ က အခု ကားကြီးအတွက် ထုတ်ပေးလိုက်တဲ့ Carbon Aero Kit က အကောင်းဆုံးသော Kit တစ်ခုပဲလို့ သိရပါတယ်။ ဒါပေမယ့် အခု Rolls-Royce ကားကြီး အတွက် ပြင်ဆင်ပေးထားတဲ့ အဆင့်မြှင့်တင် ပေးထားမှုတိုင်းက အမြင်ပိုင်းဆိုင်ရာ ဒီဇိုင်း အပြောင်းအလဲ တွေပဲဖြစ်ကြပါတယ်။

Photo Credit: AllAutoExperts

နာမည် အတိုင်းပဲ အခုကားမှာ ထပ်ဖြည့်လာတဲ့ အစိတ်အပိုင်းတိုင်းကတော့ Carbon Fiber Aero အပိုင်းတွေပဲ ဖြစ်ပါတယ်။ အရှေ့ဘက် ဘန်ဘာမှာတော့ LED Light Bar တစ်ခု ပေါင်းထည့်ပေးလာပြီး ၊ အမိုး Spoiler ၊ အနောက်ဘက်က Lip ၊ ဘေးဘက်က Side Skirts တွေ ၊ Widebody Kits အသစ် တွေနဲ့ အနောက်ဘက် Diffuser တွေ စုံစုံလင်လင်ကို ပါဝင်လာမှာပါ။ ကြော်ငြာ အရတော့ စက်ပိုင်းဆိုင်ရာအရ တစ်ခုတည်းသော အပြောင်းအလဲမှာ အောက်ဘက်က Links အသစ်တွေ ထပ်ထည့်ပေးထားတာပဲ ဖြစ်ပါလိမ့်မယ်။

Photo Credit: AllAutoExperts

အခု ကားကြီးရဲ့ စက်ပိုင်း ဆိုင်ရာကတော့ မူလ 6.7 Liter Twin-Turbocharged V 12 အင်ဂျင်ကြီးပဲ ဖြစ်ပြီး Eight- Speed Automatic ဂီယာကိုမှ All-Wheel Drive နဲ့ တွဲဖက် ပေးထားတာပဲ ဖြစ်ပါတယ်။ အခုလိုမျိုး လှလှပပနဲ့ ကွဲထွက် နေစေမယ့် Rolls-Royce Cullinan Kit အသစ်ကို ရစေဖို့ အတွက်ကိုလည်း $ 250,000 လောက် အထိကို အကုန်အကျ ခံ ဖန်တီးရခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ အထက်ပါ အချက်တွေနဲ့ ပြည့်ပြည့်စုံစုံ ဖန်တီးပေးထားတဲ့ Cullinan ကားကြီးဟာ ၆၉၁ မိုင် လောက်ပဲ မောင်းအပြီးမှာတော့ eBay Website ကနေ $ 639,800 လောက်နဲ့ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။

Ref: AllAutoExperts