အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Uber App ပေါ်မှာတော့ ပထမဆုံးအကြိမ် အနေနဲ့ မောင်းသူမဲ့ ကားတွေ ကိုပါ စတင်ပြီး အော်ဒါချိတ်ကာ စီးနင်းနိုင်တော့မယ်လို့ သိရပါတယ်။ အဆိုပါ ဝန်ဆောင်မှုကို တော့ လောလောဆယ် အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ် မြို့မှာ စတင်ရရှိနိုင်မှာ ဖြစ်ပြီး Hyundai ရဲ့ ကျောထောက် နောက်ခံနဲ့ လည်ပတ် နေတဲ့ မောင်းသူမဲ့ အငှားယာဉ် ကုမ္ပဏီ Motional က ကားတွေကို စတင်ငှားရမ်း နိုင်တော့မှာပါ။ Motional ရဲ့ Robotaxi တွေ ကတော့ Hyundai Ioniq 5 crossover ကားတွေကို အသုံးပြုနေတာဖြစ်ပြီး လော့အိန်ဂျလိပ်စ်မှာ ရှိတဲ့ Uber Eats မှာပါ အလားတူ အသုံးပြုနှင့်နေ ပြီး ဖြစ်ပါတယ်။ ကားတွေက မောင်းသူမဲ့ဆိုပေမယ့် အရေးပေါ် လိုအပ်လာခဲ့ရင် အလုပ်လုပ်နိုင်ဖို့အတွက် ယာဉ်မောင်းတစ်ယောက်စီ ပါဝင်နေဦးမှာဖြစ်ကာ လာမယ့် ၂၀၂၃ အရောက်မှာတော့ လုံးဝမောင်းသူမဲ့ စနစ်ဖြစ်ဖို့ Motional လို့ ရည်မှန်းထားပါတယ်။ ဒါကြောင့် အမေရိကန် နိုင်ငံ ၊ လက်စ်ဗီးဂတ်စ် မြို့က Uber စီးနင်းသူတွေ အနေနဲ့ အခု Robotaxi ဝန်ဆောင်မှုကို အသုံးပြုချင်တယ် ဆိုရင် App ထဲက UberX ဒါမှမဟုတ် Uber Comfort Electric ဆိုတဲ့ အပိုင်းတွေကို ရွေးချယ်ရ‌မှာ ပဲ ဖြစ်ပါတယ်။ တကယ်လို့ အဆိုပါ ၂ မျိုးထဲက တစ်မျိုးကို အော်ဒါအဖြစ် ရရှိခဲ့ပြီဆိုရင်တော့ ခရီးစဉ်အတွက် အတည်ပြုပြီး စီးနင်းဖို့ စောင့်ဆိုင်းနိုင်ပြီ ဖြစ်ပါတယ်။ Uber နဲ့ Motional တို့ကတော့ လာမယ့် ၁၀ နှစ် ကျော် ကာလ လောက် အတွင်းမှာတင် အမေရိကရဲ့ မြို့ကြီးတွေ တစ်ဝန်း Robotaxi ပေါင်းများစွာကို ဖြန့်ကျက်သွားနိုင်ဖို့ ပြင်ဆင် နေတာလည်း ဖြစ်ပြန်ပါတယ်။

နောက်ပိုင်းမှာတော့ Motional ရဲ့ Robotaxi ကိုတော့ အမေရိကန်နိုင်ငံ ၊ Los Angeles မှာရှိတဲ့ Uber ရဲ့ ကွန်ရက် ထဲကိုပါ ထပ်ပေါင်းထည့်ပေးသွားမှာဖြစ်ပြီး နောက်ထပ် ထပ်လာဦးမယ့် မြို့တွေရဲ့ အချိန်အတိ အကျကိုတော့ မသိ ရသေးတာပဲ ဖြစ်ပါတယ်။ Uber အနေနဲ့ အစောပိုင်းတုန်းကတော့ ကိုယ်ပိုင် Robotaxi တွေကို ဖန်တီးနိုင်ဖို့ ကြံစည် ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ကုမ္ပဏီ အနေနဲ့ ၂၀၂၀ လောက်တုန်းက စမ်း သပ်ခဲ့ရာမှာတော့ Prototype ကား‌ တွေထဲက တစ်စီးက လမ်းသွားလမ်းလာ တစ်ဦးကို တိုက်မိပြီး အသက်ပါ ဆုံးရှုံးစေခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆိုပါ နည်းပညာရဲ့ ရှေ့ဆောင် အင်ဂျင်နီယာ တွေထဲက တစ်ဦးက Google မှာ အလုပ်လုပ် စဉ် လျှို့ဝှက်ချက်တွေကို ရောင်းစားခဲ့ဖူးကြောင့် ဝန်ခံချက်တွေနဲ့ အရှုပ်အရှင်းတွေ ဖြစ်ခဲ့ရသေးတာပါ။ ဒါကြောင့် Uber က  သူတို့ရဲ့ မောင်းသူမဲ့ လုပ်ငန်းအပိုင်းကို အခုလက်ရှိ Motional ဆီ အပြီးရောင်းချလိုက်တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority