Rivian လျှပ်စစ် ကားကုမ္ပဏီကတော့ လက်ရှိမှာ ကားထုတ်လုပ်ရေးပိုင်း ပြဿနာတစ်ချို့နဲ့အတူ မထင် မှတ်ထား လောက်တဲ့ ဈေးနှုန်းမြင့်တက်မှုတွေကြောင့် မှာယူထားသူတွေနဲ့ ပြဿနာ ဖြစ်နေရပါတယ်။ ဒါပေ မယ့်လည်း ဒီ အခြေအနေတွေက သူတို့ထုတ်လုပ်ထားပြီးသား Rivian R1T လျှပ်စစ်ကားရဲ့ စွမ်းဆောင်ရည် မြင့် လမ်းကြမ်းမောင်း ကား တစ်စီးဖြစ်တယ် ဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ မှေးမှိန်သွားမှာ မဟုတ်ပါဘူး။ ယခင်က လည်း အဆိုပါ R1T ကားကိုပဲ နှင်းတောထဲမှာ ကောင်းကောင်း မောင်းနှင်ပြထားတဲ့ Video တွေ တွေ့ထားရ ပြီး တကယ့်ဂန္ဓဝင် လမ်းကြမ်းမောင်း Toyota Land Cruiser တို့ကိုတောင် အထင်ကြီးစေလောက်တဲ့ ကား အဖြစ် မြင်ခဲ့ကြရပါတယ်။ အခု ဆိုရင်တော့ R1T ကားသစ်ရဲ့ စွမ်းဆောင်ရည်တွေက ရပ်တန့်လို့ မရလောက် အောင် ကောင်းမွန်ကြောင်း သက်သေ Video တွေ ဆက်တိုက် ထွက်ပေါ်လာနေပြီး အခုလည်း ရေထဲမှာ လျှပ်စစ် ကားတစ်စီးလို့ မထင်ရလောက်အောင် မောင်းပြသွား တာကို မြင်လိုက်ရပြန်ပါတယ်။

 

အခု ရေထဲမှာ သာသာယာယာ ဖြတ်မောင်းပြနေတဲ့ Video ကိုတော့ R1T ကားပိုင်ရှင်တစ်ယောက် ဖြစ်တဲ့ Nuwan Rajapakse ဆိုသူက ဖော်ပြလာတာပါ။ Rivian ဆီက တရားဝင် ကြေညာထားတဲ့ ရေမြုပ် ဒဏ်ခံ နိုင်တဲ့ ပမာဏ ကတော့ ၃ ပေ အထက်လို့ သိရပြီး အခု Video ထဲမှာတော့ ရွှံ့ထူထူ ရေအိုင်ထဲကို ကောင်း ကောင်း ဖြတ်မောင်းသွားတာ မယုံနိုင်စရာပါပဲ။ နောက်ဆုံးမှာဆိုရင် ရေက တာယာအထက်အထိကို ရောက် သွားပြီး ကားကတော့ ဘာမှ မဖြစ်တဲ့ အတိုင်း ဆက်သွားနေဆဲပါ။ ရေထဲ ဖြတ်မောင်းလို့ရတဲ့ သာမန်အင်ဂျင် ကားတွေမှာဆိုရင်တော့ Snorkel ပုံစံ ခေါင်းတိုင်တွေကို မြင်ရမှာဖြစ်ပြီး အဆိုပါပစ္စည်းကနေ ကားထဲရေဝင် သွားနိုင်တာမျိုး မဖြစ်ရအောင် ကာကွယ် ပေးထား ပါတယ်။ ဒါပေမယ့် အခု လျှပ်စစ်ကားတွေ မှာတော့ အခု ပြဿနာ မရှိတော့ပဲ သေချာလည်ပတ်နေဖို့ လိုတဲ့ အင်ဂျင်ထဲက လေလည်း မလိုအပ်ပြန်သလို ရေတွေဝင် သွား ရင်တောင်မှ ကောင်းကောင်း ခံနိုင်ရည်ရှိပုံ ရနေပါတယ်။ တကယ်လို့ သာမန် ICE အင်ဂျင် တွေထဲကို သာ ရေက အလုံးလိုက်ဝင်လို့ အင်ဂျင်အထဲထိ ပြဿနာတက်ပြီ ဆိုရင် အတွင်း ပိုင်းတွေ ဆိုးဆိုးရွားရွား ဖြစ်ပြီး ဘယ်လိုမှ ရှေ့ဆက်နိုင်မှာ မဟုတ်တော့ပါဘူး။

Photo Credit: CARBUZZ

အဆိုပါ All-Electric R1T Truck ကားမှာ ဆိုရင်တော့ လျှပ်စစ် မော်တာ ၄ လုံး အထိ တပ်ဆင်ထားပြီး စွမ်း ဆောင်ရည် ပိုင်းကတော့ 800 hp နဲ့ 908 lb-ft Torque အထိကိုရှိတာလည်း ဖြစ်ပါတယ်။ ဒီလို စွမ်းဆောင် ရည်မျိုး ကြောင့်လည်း ရွှံ့ထဲပဲ ဖြစ်ဖြစ် ကျောက်သားအပြည့်နဲ့ လမ်းကြမ်းပိုင်းပဲ ဖြစ်ဖြစ် ရေပြင်ကျယ်ကြီးပဲ ဖြစ်ဖြစ် ကောင်းကောင်း မောင်းပြနေနိုင်တာပါ။ R1T Truck ကတော့ အခြား‌သော ခေတ်အဆက်ဆက် က လမ်းကြမ်းမောင်း ကားတွေလိုပဲ သတ္တု အပြည့်နဲ့ခိုင်ခိုင်မာမာ တည်ဆောက်ထားတာ ဖြစ်ပြီး ရေနဲ့တွေ့ရင် တောင် ကောင်းကောင်း ခံနိုင်ရည်ရှိမယ် ဆိုတာကို ပြသထားနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခုရှိတာက  ဒီကားရဲ့ပုံစံကတော့ ရေအောက်ထဲမှာတောင် မောင်းပြနိုင်တဲ့ ပုံစံဖြစ်နေပေမယ့် Rivian ဘက်က တရားဝင် ထုတ်ပြန်ထားတဲ့ ရေထဲ ဖြတ်သန်းနိုင်တဲ့ ၃ ပေ ပမာဏ ကိုတော့ လိုက်နာဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com