California Coachbuilder ကုမ္ပဏီ Rezvani ကတော့ Beast Sports Car တစ်စီးရဲ့ Version အသစ်တစ် စီးကို ဒီနှစ် နွေရာသီလောက်မှာ မိတ်ဆက်သွားဖို့ စီစဉ်ထားပြီး 2023 Model အဖြစ်ရောင်းချသွားမှာ ဖြစ်ပါ တယ်။အဆိုပါ ကားသစ်မှာတော့ Carbon – Fiber ကိုယ်ထည်နဲ့ 1,000 hp စွမ်းဆောင်ရည်ရှိ Twin-Turbocharged Engine တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ တရားဝင်မထုတ်ပြန်‌သေးခင် အချိန်အထိ မသိရသေးပေမယ့် လက်ရှိမှာတော့ ကားသစ် ဝယ်ယူမှုအတွက် ကြိုတင်စာရင်းပေးမှုများ လက် ခံလျက်ရှိနေပြီး $250 ကို ကနဦး ပေးသွင်း ထားရမှာပဲ ဖြစ်ပါတယ် ။Rezvani ကို 2014 ခုနှစ်မှာ ထုတ်လုပ် ခဲ့ပြီး အချိန်တို အတောတွင်းမှာပဲ Beast အဆင့် စွမ်းဆောင်ရည်မြင့် ကားတစ်စီး အဖြစ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ မူလ Speedster Version ကားမှာတုန်း ကတော့ Ariel Atom ကို အခြေခံထားတာဖြစ်ပြီး ကားရဲ့ အလေးချိန်ကိုလည်း 1470‌ ပေါင် အထိ လျှော့ချနိုင်ခဲ့ ပါတယ်။ အဆိုပါကားရဲ့ အင်ဂျင် ကတော့ Honda ဆီက Turbocharged 2.0 Liter နဲ့ Supercharged 2.4 Liter 4-Cylinder Engine တို့ ဖြစ်ပြီး  315 hp နဲ့ 500 hp အထိကို စွမ်းဆောင်နိုင်ခဲ့တာပါ။

Photo Credit: MotorAuthority

Rezvani က နောက်ပိုင်း မှာတော့ 700-hp အထိရှိတဲ့ Beast X ကား ကိုချပြခဲ့ပြီး  2.5 စက္ကန့် အတွင်း 0-60 mph နှုန်း အရှိန်တင်မောင်းနှင်နိုင်မှာ ဖြစ်ကာ ဒီတစ်ကြိမ်မှာတော့ Atom ထက် Lotus Elise Chassis အပေါ်မှာအခြေခံယူပြီး ဖန်တီးထားခဲ့ပါတယ်။ Alpha ကို‌တော့ ၂၀၁၆ အရောက်မှာ အပိတ် အဖွင့် လုပ်လို့ရတဲ့ အမိုး၊ Slidewinder တံခါးတွေနဲ့ မိတ်ဆက်ခဲ့ပြီး 700-hp ရှိတဲ့ X အမျိုးအစား တစ်ရပ်အနေနဲ့ ကွဲပြားစွာ ထွက်ပေါ်စေခဲ့ပါတယ်။ အခု 2023 Beast ကတော့ Rezvani ထဲမှာ 1,000 hp အထိရှိတဲ့ ပထမဆုံးကား မဟုတ်သေးပါဘူး။ ၂၀၂၀ တုန်းက တစ်ခါချပြခဲ့ဖူးတဲ့ လက်ရှိ  Jeep Wrangler အခြေပြု Rezvani ကားမှာတုန်းက ဆိုရင်လည်း အလားတူ စွမ်းဆောင်ရည် ရှိထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကား တုန်းကတော့ Dodge Challenger SRT Demon ရဲ့ 6.2-Liter Supercharged V-8 အင်ဂျင်ကိုမှ သေ ချာပြန်လည် ပြုပြင်မွမ်းမံ ထားသေးတာကြောင့် အခုလောက် အထိ စွမ်းဆောင် နိုင်ခဲ့တာဖြစ်ပြီး နောက် ပိုင်းမှာတော့ 1,300 hp အထိ ရှိတဲ့ Demon Engine အကြီးစားကြီးနဲ့ Hercules 6×6 ကားကြီးကိုပါ ဆက်လက်ချပြခဲ့ ပါသေးတယ်။ အခုလိုမျိုး အကြမ်းစားတွေချည်း ချပြခဲ့တဲ့ ကုမ္ပဏီဆီက နေနောက်ထပ် 1000 hp အထိ ရှိတဲ့ Beast အဆင့် ကားတစ်စီး ထပ်ရောက်လာတာကတော့ တကယ်စိတ်လှုပ်ရှားစရာပဲ ဖြစ်ပြီး လာမယ့်လပိုင်း တွေမှာ အသေးစိတ် ပိုသိလာရနိုင်ပါတယ်။

Ref: MotorAuthority