သိပ်မကြာသေးတဲ့ ကာလထဲမှာပဲ ကားသစ်တွေထဲ နည်းပညာသစ်တွေ များလာခဲ့ပြီး Toyota Mirai လိုကားမျိုး ဆိုရင်တော့ လျှပ်စစ်စွမ်း အင်ရဖို့ကိုပဲ ဟိုက်ဒရိုဂျင်နဲ့ မောင်းနှင်နိုင်တာမျိုးတွေ အထိရှိလာ ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Toyota ကနေ လက်ရှိ ရှိထား ပြီးသား Combustion Engine တွေကိုပဲ ဟိုက်ဒရိုဂျင်စွမ်းအင် နဲ့ မောင်းနိုင်မယ့် နည်းပညာအသစ်ကို ချပြနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တော့ အဆိုပါ နည်းပညာကို Corolla နဲ့ ပိုသေးတဲ့ Yaris Supermini ကားတွေ အထိကို ထည့်သွင်း အသုံးပြုလာနိုင်တာ တွေ့ရပါတယ်။ အဆိုပါ ကားနှစ်စီး လုံးမှာ ဟိုက်ဒရိုဂျင်နဲ့ တွဲဖက်သုံးခဲ့တဲ့ အင်ဂျင်ကတော့ GR Yaris ဆီက Three-Cylinder 1.6 Liter Turbocharged Engine ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အခုတော့ အဆိုပါ နည်းပညာကို ပိုင်ဆိုင်ထားတာ Toyota တစ်ဦးတည်း မဟုတ်တော့ပါဘူး။ အခု ဆိုရင်လည်း Renault ကုမ္ပဏီကနေ အဆိုပါ နည်းပညာနဲ့ အလားတူ ဟိုက်ဒရိုဂျင် အင်ဂျင်ဆိုတဲ့ Concept တစ်ခု ကို ချပြလာနိုင်ခဲ့ပါပြီ။ အင်ဂျင်ဆိုပြီးသေချာ ပြောနိုင်တာကတော့ အခုချပြထားတဲ့ Concept မှာ လျှပ်စစ် မော်တာတွေရဲ့ အရိပ်အယောင်ကို မမြင်ရပဲ သာမန် ICE အင်ဂျင်တွေကိုပဲ ဓာတ်ဆီ ၊ ဒီဇယ်ထည့်သုံးမယ့် အစား ဟိုက်ဒရိုဂျင် ထည့်မောင်းမယ့် သဘောရှိပါတယ်။ အဆိုပါ Concept ကားကိုတော့ ယခင်က လုံးဝ မရှိဖူးသေးတဲ့ နည်းပညာအသစ် အဆန်းကားလို့ ကုမ္ပဏီဘက်က ဖော်ပြထားတာကြောင့် သေချာတာကတော့ ဟိုက်ဒရိုဂျင် ဆိုရင်လည်း သာမန်ဟိုက်ဒရိုဂျင် Fuel Cell နဲ့ မောင်းမယ့်ပုံတော့ မဖြစ်နိုင် လောက်ပါဘူး။
ကားရဲ့ Concept မှာ မြင်တွေ့ထားရတဲ့ ပိုပြီးပါးလျတဲ့ Headlight နဲ့ Illuminated Logo တို့ကြောင့် ခန့်မှန်း ခြေအရဆိုရင် Megane E-Tech လျှပ်စစ် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း သေချာပြန်ကြည့်ရင်တော့ Daytime Running Lights တွေက အနည်းငယ် ပိုကြီး နေတာကို မြင်ရမှာပါ။ ဖြစ်နိုင်ချေအများဆုံး ကတော့ ထုံးစံအတိုင်းပဲ Crossover ကားတစ်စီး ဖြစ်နိုင်ပြီး ဘေးဘက် ကင်မရာတွေကတော့ ဘက်ကြည့်မှန်တွေ အစား ထည့်သွင်းလာနိုင် ပါတယ်။ လက်ရှိမှာလည်း သာမန်ဘက်ကြည့်မှန်အစား ကင်မရာကိုသုံးလာတဲ့ ကားတွေ ရှိလာနေတာကြောင့် အခုကားလည်း တကယ် တမ်းထုတ်လုပ်တဲ့ အဆင့်မှာပါလာနိုင်မလား စောင့်ကြည့်ရမှာပါ။ တကယ်တော့ ပြီးခဲ့တဲ့ ရက် အနည်းငယ်တုန်းကပဲ Hyundai ကုမ္ပဏီ ဥရောပအတွက်စတင် မိတ်ဆက်လိုက်တဲ့ Ioniq 5 ကားအသစ်မှာ Digital ဘက်ကြည့်မှန် တွေကို စတင်မိတ်ဆက် လာခဲ့တာတွေ့ရပါတယ်။ Renault ကတော့ အခုချပြလာခဲ့တဲ့ Concept နဲ့ ပတ်သက်လို့ ဘာမှ အသေးစိတ်မပြော ကြားထား သေးပေမယ့်လည်း အဆိုပါ ကားကိုတော့ မေလ လောက်မှာ တရားဝင် မိတ်ဆက်လာဖို့ ရှိနေပါတယ်။ တကယ်တမ်း ပွဲထွက် လာတဲ့ အခါမှာဆိုရင်တော့ အဆိုပါ ကားရဲ့စမ်းသစ်မှုတွေထဲမှာ အတွင်းခန်းရဲ့ လုံခြုံရေး နည်းပညာအသစ် အဆန်းတွေလည်း ပါဝင်လာ နိုင်ပါတယ်။
Ref: motor 1.com