C-HR Subcompact Crossover ကားအတွက် ဒီဇိုင်းအသစ် Version အသစ်အဖြစ် ပြင်ဆင်နေတဲ့ Toyota ကတော့ အခုဆိုရင် အတော်လေး ခပ်ပါးပါး အသွင်မျိုးနဲ့ လှပနေတဲ့ Concept တစ်စီး အနေနဲ့ စတင်ချပြ လာ ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ လော့အိန်ဂျလိပ်စ် ကားပြပွဲမှာတုန်းက မြင်ခဲ့ရတဲ့ bZ Compact SUV Concept လျှပ်စစ်ကားနဲ့ ဆင်တူတဲ့ ပုံစံ တစ်မျိုးအဖြစ် မြင်လာရပြီး မတူတာ တစ်ခုကတော့ အခုကားက Hybrid အမျိုးအစား ဖြစ်လာတာပါ။

Photo Credit: MotorAuthority

အခု C-HR ကားသစ်ကိုတော့ သာမန် Hybrid အပြင် Plug-In Hybrid အနေနဲ့ပါ ရရှိလာနိုင်လိမ့်မယ်လို့ Toyota က ဆိုထား ပါတယ်။ ဒါ့အပြင် ကုမ္ပဏီ ရဲ့ နောက်ထပ် အတည်ပြုချက်အရ ဆိုရင်တော့ Plug-In Hybrid ကားမှာ ဆိုရင် ဘက်ထရီ တွေကို ဥရောပဘက်က နေယူဆောင် အသုံးပြုထားCမှာဖြစ်ပြီး ‌ဥရောပ ဈေးကွက်အတွက်ကိုလည်း ပိုပြီး အလေးပေးထား ပုံရပါတယ်။ လက်ရှိ Concept Design ပိုင်းကိုလည်း Toyota ရဲ့ ပြင်သစ် အခြေစိုက်ဥရောပ ဒီဇိုင်း Studio ကနေ ဖန်တီး ပေးထားတာဖြစ်ပြီး လက်ရှိ C-HR ကလည်း အဆိုပါ Studio လက်ရာပါပဲ။ အခု ကားမှာတော့ အရောင် ၃ ရောင် စပ်ထားတဲ့ ပုံမျိုးနဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး ကားရဲ့ အရှေ့ခေါင်းပိုင်း ၊ အနောက်ဘက် ‌တောင်ပံအစွန် နေရာတွေအတွက် ကို Headlights တွေ ထည့်ပေးထားတဲ့ ပုံစံ သုံးပေးထား ပါတယ်။ Toyota ကတော့ အခု ကားပုံစံကို Hammerhead ဆိုတဲ့ နာမည်ပေးထားပြီး ဒီဇိုင်းအသစ် တစ်ခုလည်း ဖြစ်လာမှာပါ။

Photo Credit: MotorAuthority

လက်ရှိမှာတော့ ကားဒီဇိုင်း ပိုင်းကိုသာ မြင်ထားရတာဖြစ်ကာ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။ ဒါပေမယ့် အတွင်းခန်းကတော့ လက်ရှိ C-HR ကားထက် ပိုကျယ်မှာဖြစ်ပြီး ခန့်မှန်းခြေ‌အားဖြင့် ၈၆ ကုဗပေ လောက်တော့ ရှိလာနိုင်ပါတယ်။ Toyota ကတော့ C-HR ကားတွေကို ဥရောပ ဈေးကွက်တွေဆီပါ ယူဆောင်ပေးလာဖို့ ပြင်ဆင်နေပြီး အမေရိကဈေးကွက်အထိ ယူဆောင်လာဖို့ ရှိမရှိတော့ မသိရသေး တာကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: MotorAuthority