ကားသစ်တွေ မထွက်ခင် စမ်းသပ်ဆဲ အဆင့်မှာ ကားကုမ္ပဏီ အတော်များများက ကားသစ်ရဲ့ ပုံစံတွေ ကြိုတင် မပေါက်ကြားအောင် စတေကာတွေ ကပ်ထားလေ့ ရှိကြပေမယ့် နာမည်ကျော် Porsche တို့ကတော့ အခုလို မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် Porsche တို့ ကားသစ် ထွက်တော့မယ်ဆိုရင် ပြောင်းလဲထားတဲ့ အဓိက အပိုင်းတွေကို ကားသစ်တရားဝင် မမိတ်ဆက်ခင်ကတည်းက ကြိုမြင်နေရတာမျိုးက များပါတယ်။ အခုဆိုရင်လည်း ဒီဇိုင်း ပြောင်းလဲထားမယ့် Cayenne ကားသစ်ကို Spy Shots တွေကနေတစ်ဆင့် မြင်ထားရပြီ ဖြစ်ပြီး Kolesa.ru ကလည်း တရားဝင်ကားမော်ဒယ် အတိုင်းနီးပါး တူတဲ့ဒီဂျစ်တယ် ပုံကြမ်းတစ်ချို့ ချပြလာခဲ့ပါပြီ။ Mid-Cycle Redesigned Version အနေနဲ့ ထွက်ပေါ်လာတာကြောင့် အများစုကတော့ ဒီဇိုင်းတူနေနိုင် ပါသေးတယ်။ ဒါပေမယ့် အရှေ့ဘက်နဲ့ အနောက်ဘက် Fascia အသစ်တွေမှာ အဓိကဒီဇိုင်း အပြောင်းအလဲတွေ ပါလာမှာဖြစ်ပြီး အတွင်းခန်းတွေကိုတော့ အခု ပုံကြမ်းတွေထဲ မမြင်နိုင် သေးပါဘူး။ Grille ကလည်း ပိုပြီး ပွင့်ပွင့်လင်းလင်းနဲ့ ကားအရှေ့ဘက် အပိုင်းကို မြင်သာထင်သာရှိတဲ့ပုံပေါက်‌လာ စေခဲ့ တာ မြင်ရပါတယ်။ ကားရဲ့ဘန်ဘာ အောက်နားမှာလည်း ဒီဇိုင်း အပြောင်းအလဲတစ်ချို့ ဖန်တီးပေးလာခဲ့ပြီး SUV ရဲ့ Headlights တွေကအစ ပုံစံအသစ်နဲ့ အပေါ်ဘက် နည်းနည်း ပိုရောက်လာခဲ့တဲ့ အပြင်အဆင်တွေ ဖြစ်လာခဲ့ ပါတယ်။ ပုံကြမ်းအရ ကားရဲ့ အနောက်ဘက်မှာတော့ ယခင်မြင်နေကျ ကားနောက်ပိုင်း အပြည့် Taillight ကိုပဲ ထည့်သုံးပေးထားပါတယ်။ ဒါပေမယ့် တကယ်တမ်း ထုတ်လုပ်လာတဲ့ အဆင့်မှာတော့ အပြောင်းအလဲတွေ ဖြစ်လာ နိုင်ပါသေးတယ်။ Spy Shots တွေအရတော့ အနောက်ဘက် မီးခွက်ပုံစံက သီးခြားစီ ခွဲထုတ်ထားတဲ့ အသွင်အပြင် ဖြစ်လာ နိုင်လာနေကာ Liftgate မှာ Notch မပါတဲ့ ပုံစံမျိုးနဲ့ ဖြစ်လာ နိုင်ပါတယ်။ ကားရဲ့ အောက်ဘက် ဘန်ဘာ တွေမှာတော့ လေးထောင့်ကျကျ အိတ်ဇောပိုက် လေးလုံးတွဲတွေ ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့စက်ပိုင်း ဆိုင်ရာ အချက်အလက်တွေကို အတိအကျ မသိရသေးပေမယ့်လည်း ခန့်မှန်းချက်တွေ အရတော့ 2.9 Liter V6 Engine နဲ့ 4.0 Liter V8 Gasoline Engine တွေကို ထည့်ပေးလာနိုင်ပြီး စွမ်းဆောင် ရည် ပိုကောင်းလာ နိုင်ပါတယ်။ အသေးစိတ် အချက်အလက်တွေ မရှိသေးပေမယ့် အင်ဂျင်အသစ်တွေနဲ့ ပွဲထွက်လာမယ့် ကားသစ်တွေ အနေနဲ့ တော့ Revised Plug-In Hybrid အမျိုးအစားလည်း ပါဝင်လာ ပါ သေးတယ်။ တကယ်သာ ဆိုရင်တော့ ကားသစ်မှာ ပိုကြီးတဲ့ ဘက်ထရီလည်း ပါဝင်လာနိုင်သေးပြီး ကားကို လျှပ်စစ်သီးသန့်နဲ့ မောင်းတဲ့အခါမှာ ‌ဆိုရင်လည်း ပိုပိုပြီး စွမ်းဆောင်ရည် ကောင်းလာမှာပါ။ ကားရဲ့ ပုံကြမ်း တွေမှာ အတွင်းခန်းကို မမြင်ရသေးပေမယ့်လည်း Spy Shots တွေအရတော့ အတွင်းခန်းမှာလည်း အပြောင်းအလဲတွေ ရှိထားခဲ့ပါတယ်။ ဒီဇိုင်း ပြောင်းလဲထားတဲ့ Cayenne ကားသစ် အနေနဲ့ကတော့ Dashboard ပုံစံ အသစ် ၊ ဂီယာ ပုံစံအသစ် တွေကိုလည်း ထည့်ပေးလာဖို့ များပါတယ်။ ပုံစံ ပြောင်းလဲထားတဲ့ Center Console အရတော့ Toggle Switch တွေနောက်မှာ ခွက်လေးတွေ ထားစရာနေရာတွေ ပါဝင်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် တော့ Cayenne ကားတွေကို Standard နဲ့ Coupe ဆိုပြီး ပုံစံ ၂ မျိုး ထုတ်လေ့ ရှိပေမယ့် အခုတစ်ခေါက်မှာ အဆိုပါ ကား ၂ စီးလုံး တစ်ပြိုင်နက်ထွက်လာမလားဆိုတာ မသေချာသေးပါဘူး။ Porsche ကတော့ အဆိုပါ ကားအသစ်ကို 2023 Model အနေနဲ့ ထွက်လာလိမ့်မယ်လို့ အတိအကျ မပြောထားပေမယ့်လည်း အဆင့်မြှင့်တင်ထားတဲ့ ကားကို အဆိုပါ Model အနေနဲ့ပဲ မျှော်လင့်ရပါတယ်။ နောက်ပိုင်းမှာ တော့ စွမ်းဆောင်ရည်မြင့် ကားသစ်တွေ ထပ်ထွက်လာ နိုင်သေးပြီး Cayenne EV ဖြစ်လာမယ်လို့ ယူဆရတဲ့ Electric Crossover အသစ် တစ်စီးကိုလည်း Porsche တို့ပြင်ဆင် နေသေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com