Infiniti ကားတွေမှာ လတ်တလောသုံးနေတဲ့ အဓိက ဒီဇိုင်း Language ကို တော့ ၂၀၀၉ ခုနှစ် ကတည်းက Essence Concept ကနေ စတင် ခဲ့တာပါ။ ဒါပေမယ့် အခုတော့ အဆိုပါ Design Language ကနေ လုံးဝ ကွဲထွက်လာတာမျိုး ကို  QX 80 Monograph Concept နဲ့ အတူ လာမယ့် ၁၂ လ အတွင်းမြင်ရလာ နိုင်ပါ တယ်။ သတင်းတွေ အရတော့ အဆိုပါ QX 80 Monograph Concept ကား  Redesigned QX 80 Sporting ကားကို ဒီဇိုင်းအသစ် ထည့်ပေးလာတာ မျိုးဖြစ်နိုင်ပြီး ၂၀၂၃ နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၄ အစောပိုင်း လောက်မှာ စမြင်လာရနိုင်ပါတယ်။ အဆိုပါ အပြောင်း အလဲကတော့ Infiniti အတွက် ကြီးကြီး မားမားအပြောင်းအလဲတစ်ရပ် ဖြစ်လာမှာဖြစ်ကာ အထူးသဖြင့် နောင်လာမယ့်လျှပ်စစ် ကားသစ်တွေအ တွက် ဒီဇိုင်းပိုင်း အစပျိုးတာမျိုး ပိုဖြစ်လာနိုင်တာပါ။

Photo Credit: MotorAuthority

Infiniti ကတော့ အမျိုးမျိုးသော လျှပ်စစ်ကားသစ်တွေကို စီစဉ်နေပြီး လာမယ့် ၂၀၂၅ အရောက်မှာတော့ ပထမဆုံး သော တစ်စီးကို စမြင်လာ ရနိုင်ပါတယ်။ အဆိုပါ ကားသစ်ကိုတော့ မူလကုမ္ပဏီ Nissan ရဲ့ စက်ရုံဖြစ်တဲ့ အမေရိကန် နိုင်ငံ ၊ မစ္စစ္စပီ က Canton စက်ရုံမှာ ထုတ်လုပ်သွားမှာဖြစ်ကာ သက်တမ်းရင့် Q50 Sedan ကားနေရာမှာ တိုက်ရိုက်  အစားထိုး လာနိုင်ပါတယ်။ ဒီဇိုင်း သေချာပြောင်းထားမယ့် Redesigned QX 80 ကားကတော့ Infiniti ရဲ့ တတိယ မြောက် Full Size SUV ကား ဖြစ်ပြီး လျှပ်စစ် ကားအဖြစ်တော့ လောလောဆယ် အသွင် ပြောင်းဦးမှာ မဟုတ် သေးပါဘူး။ အဆိုပါ ကားသစ်မှာတော့ Nissan ရဲ့ F-Alpha Body-On-Frame Platform ကို အခြေခံ သုံးပေးထား နိုင်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခု လောက်က မူလ Infiniti QX 56 ကားကို အမှတ်ရ စေနိုင်ပါတယ်။

Photo Credit: MotorAuthority

Infiniti ရဲ့ အနာဂါတ် ထုတ်ကုန်တွေ အကြောင်းကို ကောင်းကောင်း လေ့လာကြည့်မယ်ဆိုရင်တော့ အခု မြင်ရမယ့် Redesigned QX 80 ကားသစ်ဟာ လက်ရှိမျိုးဆက် ကားထက်ပိုပြီး နေရာရလာ နိုင်သလို Nissan Armada နဲ့ Patrol Duo တို့ထက်လည်းပိုကွဲပြား လာနိုင်မှာပါ။ ဒါ့အပြင် Cadillac Escalade နဲ့ Lexus LX တို့နဲ့လည်း ပိုပြီး ကောင်းကောင်း ယှဉ်လာ နိုင်မယ့် ကားအဖြစ် မြင်လာရသလို Armada နဲ့ Patrol တို့ကိုလည်း လာမယ့် ၂၀၂၃ ခုနှစ်ထဲမှာ Redesigned Version စီစဉ် ပေးနိုင်ပါသေးတယ်။ ဒါပေ မယ့် တစ်ခု စိတ်ဝင်စားဖို့ ကောင်းတာ ကတော့ လက်ရှိ 5.6 Liter V 8 အင်ဂျင် တွေ သုံးထားတဲ့အစား ကားသစ်တွေမှာ Twin-Turbocharged V-6 တွေ ပြောင်းသုံးလာမှာဆိုတဲ့ မေးခွန်းပါပဲ။ ဒါကြောင့် Redesigned QX 80 ကားသစ်မှာ အခုလိုမျိုး V 6 Engine နဲ့ ပွဲထွက်လာမှာလား ဆိုတာကိုလည်း သေချာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority