ဒီဇိုင်းပိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ Ford Escape ကားသစ်ရဲ့ ပုံရိပ်တွေကို ပြီးခဲ့တဲ့ လပိုင်းကတည်းက စတင် မြင်တွေ့လာရပြီဖြစ်ပြီး သိပ်ပြီး ထူးထူးခြားခြား ကွာခြားမသွားပေမယ့် အခုတစ်ခေါက်တော့ ကားရဲ့ အရှေ့ဘက်မှာ ST-Line ဆိုတဲ့ တံဆိပ်အသစ်နဲ့ စတင်မြင်တွေ့ လာရတယ်လို့ သိရပါတယ်။ လက်ရှိ အမေရိက ဈေးကွက်ထဲမှာတော့ Ford အနေနဲ့ ST-Line ကို Escape ကားတွေမှာ မပေးထား သေးပေမယ့် လည်း Edge နဲ့ Explorer ကားတွေထဲတော့ ဖန်တီး ပေးထားတာပါ။ အဆိုပါ ကားတွေရဲ့ ST-Line တွေမှာ ဆိုရင်တော့ အမြင်ပိုင်းအရ ပိုကောင်းတဲ့ ပုံပြောင်း တွေကို ဖန်တီးပေးထားပြီး အင်ဂျင်ပိုင်းတော့ မပြောင်း ထားတာကြောင့် ဈေးအရမ်းကြီး များသွားတယ်ရယ် လို့တော့ မရှိထားပါဘူး။ ဒါပေမယ့် အဆိုပါ ST-Line Model ကို အခု Escape ကားတွေမှာ မမြင်ခဲ့ မကြားခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ‌လောက် က စလို့တော့ Escape ST ဆိုတာကို Ford တို့က ဖန်တီးချင်တဲ့ အကြောင်း စပြောလာခဲ့ တာပါ။

Photo Credit: motor 1.com

အခုမြင်ရတဲ့ Escape ST-Line ကို ကြည့်ရင်တော့ ပိုကောင်းတဲ့ Escape ST ကားတစ်မျိုးကို ဖန်တီးချင်နေ တာ သေချာ ပြီး Model ရဲ့ Lineup ကို ပြန်ဆွဲတင် နိုင်ဖို့အပြင် Trim အသစ် ၁ မျိုး ဒါမှမဟုတ် နောက်ထပ် ၂ မျိုး လောက် မိတ်ဆက် လာနိုင်ဖို့ အတွက်လည်း အခွင့်အရေးကောင်း တစ်ရပ်ဖြစ်လာ နိုင်ပါတယ်။ ဒါပေ မယ့် Ford ဘက်က အတည်ပြုထားတာ ကိုတော့ မကြားမိရသေးပဲ တစ်ချို့သော ဓာတ်ပုံတွေအရ ဆိုရင် အတွင်းခန်းပိုင်း ကိုပါ မြင်တွေ့ထားရကာ သိပ်တော့ အပြောင်းအလဲ ကြီးကြီးမားမား မရှိထားသေးပါဘူး။ Ford အနေနဲ့ တကယ်သာ ထုတ်ဖြစ်မယ် ဆိုရင်လည်း အခြားသော ST-Line Model တွေ အတိုင်း ထုတ် လုပ်မှာ ဖြစ်လို့ အမြင်ပိုင်းပဲ ပြောင်းကာ စက်ပိုင်း ဆိုင်ရာတွေ ကတော့ အတူတူပဲ ဖြစ်လာဖို့ ရှိပါတယ်။ ဒါပေမယ့် ဒီဇိုင်းပြောင်းထားမယ့် Escape ကား သစ် အနေနဲ့ တော့ ယခင်ကတည်းကလိုပဲ EcoBoost Engine ၂ မျိုးကို ‌ရွေးချယ်ခွင့်ပေးနိုင်ပြီး ၊ Hybrid နဲ့ Plug-In Hybrid တို့ ဆိုပြီးလည်း ရလာနိုင်ပါသေး တယ်။ ဒါပေမယ့် ပိုကောင်းတဲ့ Escape ST-Line မှာကတော့ သာမန်ထက် ပိုကောင်းတဲ့ စက်ပိုင်းအတွဲ အစပ်တစ်ခု ရှိလာနိုင်ပြီး ဩစတြေးလျ ဈေးကွက်ထဲမှာ ရှိထားပြီးသား Escape ST-Line မှာတုန်းက ဆိုရင် တော့ Front-Wheel Drive ၊ All-Wheel Drive တွေနဲ့ PHEV ကားတွေအဖြစ် ဖန်တီးပေးခဲ့ ဖူးပါတယ်။

Photo Credit: motor 1.com

အခု မြင်လာရတဲ့ ပုံတွေမှာလည်း ဘာစတေကာ Camouflage အကာအရံတွေမှ မအုပ်ထားတာကြောင့် ရှင်းရှင်း လင်းလင်း မြင်ထားရပြီး ဒီဇိုင်း ပြောင်းထားမယ့် Brand New အရှေ့ မျက်နှာစာရုပ်ထွက် ၊ စက်ဖုံး ၊ ဘန်ဘာ ၊ Fog Lights မီးတွေနဲ့ Headlights မီးကြီးပိုင်းတွေကို တွေ့ရပါတယ်။ အရှေ့ဘက်မှာ အဆိုပါ အဓိက မီးကြီးတွေ အကြားမှာ တော့ Light Bar တစ်ခု နဲ့ချိတ်ပေးထားတဲ့ ပုံဖြစ်ပြီး အနောက်ဘက် မှာ လည်း Taillight အသစ်တွေ ပါဝင် လာကာ ST-Line မဟုတ်တဲ့ ကားသစ်တွေမှာပါ ရှေ့ဘက်မျက်နှာစာက ရုပ်ထွက်ပြောင်းလာ နိုင်ပါသေးတယ်။ အခု Escape ကားသစ် တွေနဲ့ Escape ST-Line အသစ်တွေကို ဘယ်တော့လောက် တရားဝင် ချပြလာမလဲ ဆိုတာ မသိရသေး ပေမယ့် လာမယ့် စက်တင်ဘာ လ မကုန်ခင် လောက်မှာတော့ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ အတည်မပြု နိုင်သေးတဲ့ သတင်းတွေ အရတော့ Ford အနေနဲ့ အဆိုပါ ကားသစ်တွေကို လာမယ့် နိုဝင်ဘာ မှာတင် စတင်ထုတ်လုပ်ပြီး ST-Line အသစ် တွေကတော့ Bronco Sport တို့လို ကားမျိုးတွေကနေ ပိုပြီး ကွဲထွက်လာတဲ့ ကားပုံစံမျိုးတွေ ဖြစ်လာလိမ့်မယ် လို့ ယူဆ နေကြပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com