ကျင်းပနေတဲ့ Tokyo Auto Salon ကားပြပွဲကြီးမှာတော့ ဂျပန် Tuner တစ်ခုဖြစ်တဲ့ Rival ကနေ Toyota Corolla Cross အတွက် ထူးထူးခြားခြား Body Kit တစ်ခု ဖန်တီးပေးလိုက်ပါတယ်။ အဆိုပါ Kit က Corolla Cross အတွက် RAV4 ကားအသွင်ပြောင်းသွားစေတာမျိုးဖြစ်ပြီး တစ်ခြားလမ်းကြမ်းပိုင်းအတွက် အသုံးတည့်မယ့် အရာတွေလည်း ပါဝင် ပါသေးတယ်။ အထူးသဖြင့် Body Kit အသစ်ရဲ့ အရှေ့ဘက် ဘန်ဘာပိုင်းက RAV4 ရဲ့ ပိုကြမ်းတဲ့ Adventure Package ထဲက ပုံစံကို မှီငြမ်းထားတာပဲ ဖြစ်ပါတယ်။

AVtake တွေလည်း ပါဝင်လာမှာပါ။ Body Kit အသစ်ရဲ့ Skidplate ကို ကြည့်ရတာလည်း အလူမီနီယံသား ဖြစ်လာဖို့ များပါတယ်။ ဒီဇိုင်းပိုင်းတင် ပြောင်းစေတာ မဟုတ်ပဲ ကားကို ပိုပြီး ခပ်မြင့်မြင့် ဖြစ်စေဖို့အတွက် AgeMaxxi Suspension စနစ်ကိုလည်း ထည့်သုံး ပေးထားတာကြောင့် ပိုပြီးလည်း လမ်းကြမ်းမောင်းလို့ ကောင်းလာမှာ သေချာပါတယ်။ ဒါ့အပြင် ခေါက်လို့ရမယ့် Rhino-Rack အရောင် နေကာ Sunseeker ၊ KC HiLiTES LED မီးတွေ ၊ ROAM Adventure Case ကိုမှ ၅၂ လီတာအထိ ဆံ့မယ့် ပစ္စည်းထည့်စရာ နေရာနဲ့ Rhino-Rack အရောင်နဲ့ပဲ နောက်ထပ် ပစ္စည်းအပိုတွေ ထည့်လို့ရဦးမယ့် Pioneer Platform ကိုပါ အခု Package မှာ ရရှိနိုင်ပါလိမ့်မယ်။

Photo Credit: AllAutoExperts

အခုလို ဒီဇိုင်း လုံးဝပြောင်းသွားစေတဲ့ Tuning Pack မှာတော့ Toyota စာသားနဲ့ အရှေ့က ဘန်ဘာပုံစံ အသစ်မှာတင် $ 1,584 ဝန်းကျင်လောက် ကျသင့်ခဲ့ပြီး ၊ Fender Accessories တွေကတော့ $ 385 နဲ့ အမိုးကိုင်းတွေကတော့ $ 1,943 စသဖြင့် ကုန်ကျစရိတ် အသီးသီး ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားကိုပိုမြှင့်ပေးလိုက်တဲ့ Suspension အတွက် $ 334 ၊ အမိုးမှာ တပ်ဆင်ထားတဲ့ LED မီးတွေအတွက် $ 1,703 နဲ့ အတူ နေကာ အမိုးအတွက် $ 479 ၊ အမိုး Box တစ်ခု ချင်းစီအတွက် $ 288 စီ စသဖြင့် ကျသင့်ပါသေးတယ်။ Corolla Cross ကားတွေကတော့ ဈေးကွက်တွေ အလိုက် အပြင်ပိုင်း ဒီဇိုင်းနည်းနည်းစီ ကွဲပြားကြတာ ဖြစ်ပေမယ့်လည်း အခု Body Kit က Corolla Cross ကားအကုန်လုံးမှာ ကိုက်ညီ နိုင်ပါတယ်။ ‌ဈေးတွေကတော့ ပစ္စည်းတစ်ပိုင်းချင်းစီအလိုက် ဖော်ပြခဲ့တဲ့ ဈေးတွေကိုမှ အခြားသော အခွန် အခတွေအလိုက် ပြောင်းလဲသွားဦးမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts