Land Rover ကုမ္ပဏီကတော့ လန်ဒန်မြို့ ၊ Mayfair မှာ Refurbished Showroom အသစ်ဖွင့်တဲ့ အထိမ်းအမှတ်အဖြစ် သူတို့ရဲ့ ဇိမ်ခံသီးသန့် Range Rover အထူးထုတ် တစ်မျိုးကို မိတ်ဆက် ပေးလိုက်ပါပြီ။ အဆိုပါ ကားကတော့ ယူကေ ဈေးကွက်အတွက် သီးသန့်ပဲဖြစ်ကာ အစီးရေကလည်း ၁၆ စီးပဲ ရရှိနိုင်မှာပါ။ ‌ဈေးကလည်း ပေါင် ၂၅၀,၀၀၀ အထိကို သတ်မှတ်ထားတာဖြစ်လို့ Rolls-Royce Cullinan ထက်တောင် ဈေးပိုများနေပေမယ့်လည်း ထူးခြားတာက အစီးရေ အကုန် ကြိုတင်ရောင်းထွက်သွားခဲ့ပါပြီ။ လက်ရှိဈေးအရ ဆိုရင်တော့ $ 301,000 ဝန်းကျင် ဒါမှမဟုတ် ယူရို 281,000 လောက်အထိကို တန်ဖိုးရှိနိုင်ပါတယ်။

Photo Credit: motor 1.com

Lansdowne Grey ဆိုတဲ့ မီးခိုးရောင် ခပ်ပြောင်ပြောင်လေးကိုမှ Corris Grey ဆိုတဲ့ အမိုးအရောင်ကွဲလေးကို တွဲဖက်ပေးထားတာကြောင့် ကြည့်ရတာ တည် တည်ငြိမ်ငြိမ် ရှိလို့နေပါတယ်။ ၂၃ လက်မအရွယ် ဘီးတွေကို အနက်ရောင် Satin လိုင်းတွေ ၊ Corris Grey Satin လိုင်းတွေနဲ့ တွဲပေးထား ပါသေးတယ်။ ဒါ့အပြင် ကားရဲ့ အပြင်ပိုင်း ဒီဇိုင်း အတွက် SV Anthracite နဲ့ Graphite Atlas Accents တွေ ပါဝင်လာပြီး အနက်ရောင် Chrome ပိုင်းကိုလည်း တံဆိပ် တွေမှာ ထည့်သုံး ပေးထားတာ တွေ့ရပါလိမ့်မယ်။ ကားရဲ့ အပြင်ပိုင်း ပတ်ပတ်လည်မှာ အပြောင်းအလဲ တစ်ရပ် အနေနဲ့ SV Bespoke-Branded Puddle Lamps မီးလုံးတွေကို သုံးပေးထားပြီး လေဆာနဲ့ ထိုးထားတဲ့ SV Logo ၊ အဖြူရောင် Ceramic SV Roundel တို့အပြင် အနက်ရောင် Land Rover ဆိုတဲ့ စာသားလေးကိုလည်း ကွက်တိ ထည့်ပေးထား ပါသေးတယ်။ အနောက်ဘက် ထိုင်ခုံတွေက လယ်သာကူရှင်သား အပြည့်နဲ့အတူ ပစ္စည်းတင်ဖို့ နေရာ နဲ့ နောက်ဖုံးကို ဖွင့်လိုက်တာနဲ့တင် အတော်လေး လိုက်ဖက်နေတဲ့ မြင်ကွင်းမျိုးကို မြင်ရနိုင်ပါတယ်။ ကားရဲ့ Cabin ပိုင်းကိုတော့ Rosewood အသားနဲ့ ဖုံးပေး ထားပြီး Ebony Aniline လယ်သာ Upholstery ကိုပါ အခြားသော လယ်သာသားတွေ ၊ Ebony Mohair ကြမ်းခင်းတွေနဲ့ တွဲဖက် ပေးထားလိုက်တာကြောင့် အတွင်းခန်းကို ပိုပြီး ဇိမ်ခံ အရသာ ရသွားစေပါတယ်။

Photo Credit: motor 1.com

ဈေးနှုန်းကလည်း အခြားသော ကားတွေထက် သိသိသာသာ မြင့်နေတာကြောင့် ဈေးနဲ့လိုက်ဖက်မယ့် အပြင်အဆင် တွေ ၊ ပစ္စည်းတွေကို သုံးပေးထားပြီး အနက်ရောင် Satin Black Ceramic Control တွေကနေ အနက်ရောင် Metal တွေအထိ အစိတ်အပိုင်းတိုင်းကို သုံးပေးထားတာပါ။ အခု ကားမှာတော့ ထောင့်ဖြတ် ဒီဇိုင်း Moonlight Chrome Accent လေးတွေကိုလည်း ထည့်သွင်းပေးထား လိုက်ပြီး Illuminated Treadplates တွေကလည်း SV Bespoke အမျိုးအစား တစ်စီးတည်းသော အထူးထုတ်ကားဆိုတာ သိသာအောင် ၁ လက်မ စာသား ပုံစံနဲ့ပဲ ပြင်ဆင်ပေးထား လိုက်ပါတယ်။ Range Rover ရဲ့ သာမန် Base Version ကို ပေါင် ၁၀၀,၀၀၀ အောက် လောက်နဲ့ ရနိုင်ပေမယ့် အခု အထူးထုတ်ကား ကတော့ အတော်ကို ဈေးများနေတာ ဖြစ်ပါတယ်။ အခုကားတန်း ရဲ့ Wheelbase အရှည် အမျိုး အစား Range အမြင့်ဆုံးထက်တောင် ပိုပြီး သိသိသာသာ ဈေးများနေခဲ့ကာ အဆိုပါ Range အမြင့်ဆုံးကားက ပေါင် ၁၈၁,၇၂၀ ပဲ ကျသင့်ထားတာ ဖြစ်ပါတယ်။ အခုလို ဈေးတွေများပြီး အတော်ကို သီးသန့်ဆန်တဲ့ ကား ၁၆ စီးလို့ ဆိုနိုင် ပေမယ့်လည်း လူချမ်းသာတွေ အတွက်ကတော့ အကောင်းဆုံးသော ဇိမ်ခံအရသာကို ခံစား ချင်ကြတယ် ဆိုတာ အခုကားတွေ အကုန်ရောင်းထွက်သွားကြတာနဲ့တင် သိသာနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

Ref: motor 1.com