Ram အနေနဲ့ 1500 Evolution BEV ကားသစ်ကို ချပြမိတ်ဆက်လာခဲ့ပြီး လျှပ်စစ်စွမ်းအင်အပြင် Range ပိုကောင်း စေမယ့် စွမ်းဆောင်ရည်မြင့် Truck Concept ကားတစ်စီး အဖြစ်မြင်လာရပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ် နီးပါးလောက်ကတည်းကိုက အခုကားနဲ့ ပတ်သက်ပြီး CEO ဖြစ်သူ Mike Koval Jr. က ပြောကြားထားရာမှာ စွမ်းဆောင်ရည် ပိုကောင်းစေဖို့ ဓာတ်ဆီ အင်ဂျင်ကိုလည်း တွဲဖက်ပေးထားဦးမှာ ဖြစ်တယ် လို့ သိရပါတယ်။ အဆိုပါ ပြောစကားတွေ အတိုင်းပဲ အလားတူ ကားမော်ဒယ်မျိုးကို ဖန်တီးနေဆဲ ဖြစ်တာကြောင့် လျှပ်စစ်ကား ဘက်ထရီ Pack နဲ့အတူတူ ဂတ်စ်အင်ဂျင်ကိုလည်း တွဲဖက်ပေးလာ နိုင်သေးတာ ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေ အနေနဲ့ စွမ်းဆောင်ရည် ကောင်းတွေ ရှိလာပြီ ဆိုပေမယ့်လည်း ပုံမှန်အားဖြင့် ဝန်အားပိုဆွဲ ရလေ့ရှိတဲ့ Pickup Truck တွေက စွမ်းဆောင်ရည် ပိုကောင်းဖို့ လိုနေဆဲပါပဲ။

Photo Credit: motor 1.com

ဒါပေမယ့် CEO ရဲ့ ပြောကြားချက်အရတော့ သူတို့အတွက် လျှပ်စစ်သီးသန့် Truck Version ကလည်း ထိပ်တန်းဦးစားပေးအဖြစ် ရှိနေဆဲဖြစ်ပြီး အခြားသော ပြိုင်ဘက်ကားသစ် နှစ်စီးဖြစ်တဲ့ Ford F-150 Lightning နဲ့ Chevrolet Silverado EV ကားတွေနဲ့ မတူကွဲပြားအောင် ဖန်တီးပေးလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခု 1500 BEV Concept ကားသစ် ကတော့ လာမယ့် ၂၀၂၄ အစောပိုင်း လောက်မှာစပြီး မြင်တွေ့လာရနိုင်ပြီး ဆက်တိုက် စီးပွားဖြစ် ထုတ်လုပ်လာ နိုင်ပါတယ်။ အခု Concept ကတော့ All-Wheel Drive စနစ်နဲ့ လျှပ်စစ်မော်တာ ၂ လုံးကို တပ်ဆင် ထားတာဖြစ်ပြီး ၂၄ လက်မ အရွယ်ဘီးတွေကိုမှ ၃၅ လက်မ အရွယ် လမ်းကြမ်းတာယာတွေ ၊ Four-Wheel စတီယာတိုင်တွေလည်း ပါဝင်လာတာပါ။ ဒါ့အပြင် ၁၈ ပေ လောက်အထိ ကျယ်တဲ့ ပစ္စည်းတင်စရာနေရာ 350 kW အားသွင်းစနစ်နဲ့ ၂၈ လက်မအရွယ် Screen ကိုလည်း တပ်ဆင်ပေးထား ဦးမှာပါ။

Photo Credit: motor 1.com

အခြားသော အရေးကြီးတဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကို မဖော်ပြထားသေးပေမယ့်လည်း STLA Frame Platform ပေါ်မှာ ဖန်တီးထားမှာ ဖြစ်တာကြောင့် ပိုကြီးတဲ့ ဘက်ထရီတွေ ပါလာနိုင်ပါတယ်။ အထူးသဖြင့် 159 kWh ကနေ 200 kWh အထိ ပါလာနိုင်တာဖြစ်ပြီး Range အနေနဲ့ကတော့ တစ်ခါအားသွင်း မိုင် ၅၀၀ လောက် အထိကို ရလာနိုင်ပါတယ်။ Ram နဲ့ Jeep တို့ကတော့ အလားတူ မော်ဒယ်အသစ် တွေဖန်တီးလာနိုင်တာ ဖြစ်ပြီး ၂၁၂.၅ လက်မ ကနေ ၂၃၂.၃ လက်မ လောက်အထိ ရှည်တဲ့ကားတွေ ဖြစ်လာဖို့ များပါတယ်။ 2024 Model အနေနဲ့ ဈေးကွက်ထဲ ရောက်လာမယ့် အခု Ram 1500 BEV ကားသစ်ရဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ လာမယ့် လပိုင်းတွေမှာ ပိုပြီးတိတိကျကျ သိလာရနိုင်ပါတယ်။

Ref: motor 1.com