Ram အနေနဲ့ကတော့ Ram 1500 Truck ရဲ့ Serve Edition အသစ်ကို ၂၀၁၉ မော်ဒယ် ကတည်းက မိတ်ဆက်ပေးလာခဲ့တာဖြစ်ပြီး အခုဆိုရင်လည်း အဆိုပါ Limited Edition ကားရဲ့ ဒုတိယမြောက်မျိုးဆက် ကိုပါ ချပြလာခဲ့ပါပြီ။ အခု 2022 Model အတွက်ကတော့ အဓိကအနေနဲ့ မီးသတ်သမားတွေအတွက် ကို ရည်ရွယ် ဂုဏ်ပြုထားတာပဲ ဖြစ်ပါတယ်။ အမြင်ပိုင်းအရ သိသိသာသာကို တိုးတက်လာခဲ့တဲ့ အဆိုပါ ကား သစ်ကြီးကတော့ အခုဆိုရင် အမေရိကန် မီချီဂန် ပြည်နယ်က စက်ရုံဆီမှာ စတင် ထုတ်လုပ်နေပြီ ဖြစ်ကာ အခုနှစ် နှောင်းပိုင်းလောက် ဆိုရင်တော့ Showroom တွေ ဆီ ရောက်လာတော့မှာပါ။ အဆိုပါ Edition ရဲ့ ဒုတိယအသုတ်မှာ ဆိုရင်တော့ Ram အနေနဲ့ မီးသတ်သမားတွေ ၊ ရဲ အရာရှိတွေနဲ့ အရေးပေါ်ဆေးအဖွဲ့တွေ စတဲ့ အမေရိကန်နိုင်ငံ အတွင်းက ပြည်သူ့ဝန်ဆောင်မှုတွေဆီကို အဓိက ဦးစား ပေး ထုတ်လုပ် ရောင်းချပေး မှာ ဖြစ်ပါတယ်။ အဆိုပါ ဦးတည် အဖွဲ့ ၃ ဖွဲ့ အနေနဲ့ ကတော့ အခု ကားသစ်ကို ပုံစံ မတူညီ တဲ့ သုံးမျိုးနဲ့ ရရှိ နိုင်မှာဖြစ်ပြီး Low-Volume အပြင် အရောင်ကွဲတွေနဲ့လည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု ပထမဆုံး ရရှိလာမယ့် အထူးထုတ်ကားကတော့ မီးသတ်သမားတွေ အတွက်ဖြစ်ပြီး အနီရောင် တောက် တောက် အရောင်နဲ့ အတူ Daimond Black အပြင်ပိုင်း အရောင်ကိုလည်းရရှိမှာ ဖြစ်ပါတယ်။ ကားရဲ့ အပြင် ဘက် ကိုယ်ထည် ကို ပိုကြည့်ကောင်း စေဖို့အတွက် Ram ကလည်း အနက်ရောင် Grille နဲ့ Grille Surround တွေကို ပိုထည့်ပေးထားသလို ၊ အနက်ရောင် ဘန်ဘာတွေနဲ့ လက်မ ၂၀ အရွယ် အလူမီနီယံဘီး တွေကြောင့် ဒီဇိုင်းကအတော်လေး ထူးခြားနေပြီး မီးခိုးရောင် ဘီးတွေလည်း ဖြစ်နေကြတာကြောင့် အတော် လေး လိုက်ဖက်လို့ နေပါတယ်။ ဒါ့အပြင် ထူးခြားချက် အနေနဲ့ကတော့ အမေရိကန် အလံအပြင် Built To Serve ဆိုတဲ့ စာသားလေးတွေကိုပါ ကားမှာထည့်ပေးထားလို့ အတော်ကိုဂုဏ်ယူစရာ ကောင်းတယ်လို့ လည်း ခံစားမိစေမှာအမှန်ပါ။ အတွင်းခန်းမှာကတော့ အနက်ရောင်အများစုကိုမှ မီးသတ်သမားတွေ အတွက် ပိုပြီး အမှတ်ရစေမယ့် လိမ္မော်ရောင် Stitch လေးတွေနဲ့ ဝန်းရံ ပေးထားပါတယ်။ Built To Serve ဆိုတဲ့ စာသားလေးတွေကလည်း ကားရဲ့ အရှေ့ဘက်ထိုင်ခုံတွေ အပြင် ၊ အရှေ့ ဘက် ထိုင်ခုံရဲ့ Shoulder Panel မှာဆိုရင်လည်း Velcro Panels အသစ်တွေပေါ်မှာပါ မြင်ရမှာပါ။ ဒါတင် မကသေးပါဘူး ၊ အခု ကားအသစ် ကို ထူးထူးခြားခြားပဲ အလံတွေ ၊ နာမည်တွေနဲ့ ဆောင်ပုဒ်တွေကိုပါ ကိုယ်တိုင် ထည့်သွင်းပြင်ဆင် ပေးနိုင်ပါ သေးတယ်။

Photo Credit: motor 1.com

အဆိုပါ အမြင်ပိုင်းဆိုင်ရာလေးတွေပဲ ပြောင်းလဲသွားတာ မဟုတ်သေးပဲ Built To Serve Logo လေးကို Instrument Cluster ပေါ်မှာရော မြင်ရပါသေးတယ်။ ဒါ့အပြင် Cabin အတွင်းမှာဆိုရင်လည်းသာမန် ထက် ပိုတဲ့ Chrome လေးတွေ ထပ်ထည့် ပေးထားသေးတာကြောင့် ကားကတော့ အထူးထုတ်ဆိုတာ အတော် သေချာနေပါတယ်။ ကားကတော့ Standard Version မှာအတိုင်းပဲ All-Weather Rubber Slush Mats တွေ‌ကို ကြမ်းခင်းအဖြစ် သုံးပေးထား ပြီး တာယာတွေကလည်း ဘယ်လမ်းမဆို အဆင်ပြေ မယ့် All-Terrain တာယာတွေ ဖြစ်ပါတယ်။ ကားရဲ့ စက်ပိုင်းဆိုင်ရာမှာ ဆိုရင်တော့ 4×4 Off-Road Group Package ကိုသုံးထားပြီး Electronic-Locking Rear Axle ကိုလည်း တပ်ဆင်ပေးထားကာ ၊ Hill-Descent Control ဆိုတဲ့ စနစ်၊ Fuel Tank Skid Plate နဲ့ ၊ Hook ချိတ်ကြီး ၂ ခု ၊ အရှေ့ ဘက် Suspension Skid Plate တို့ကိုလည်း အပိုထည့်ပေးထား ပါသေးတယ်။ အဆိုပါကားတွေကိုတော့ လာမယ့် နွေဉီးလောက်မှာ စတင် ဝယ်ယူရရှိ နိုင်ဖို့ ရှိပြီး Bid Horn Models တွေကိုတော့ ကိုယ်ထည်ဒီဇိုင်း အမျိုးမျိုး အင်ဂျင် အမျိုးမျိုးနဲ့ပါ ရွေးချယ်နိုင်ဦးမှာပါ။ အခု Limited Edition အထူးထုတ် မော်ဒယ်ကတော့ အခြေခံ ဈေးနှုန်း အနေနဲ့ $ 46,625 ကျသင့်မှာဖြစ်ကာ Destination Charge အဖြစ် $ 1,795 ကိုလည်း အပိုပေး ဆောင်ရဦးမှာ ဖြစ်ပါတယ်။

Ref: motor 1.com