၂၀၀၀ ခုနှစ်တွေ မတိုင်ခင် ကားသစ်တွေကို ပြန်လည်ပြုပြင် Tuning လုပ်ကြရမှာတော့ Nissan Skyline ကားတွေ က ဆွဲဆောင်မှု အရှိဆုံးပါပဲ။ အထူးသဖြင့် R34 (1998-2002) Model တွေပဲ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာလည်း အဆိုပါ ပြန်လည် ပြင်ဆင်အဆင့်မြှင့်တင်ထားတဲ့ ကားကောင်း ‌ကားဟောင်းလေး တွေ ကို လေလံတင်လိုက်တိုင်း စူပါကားတစ်စီးရဲ့ဈေးလောက်ကို ရနေဆဲပါပဲ။ အဆိုပါကားတွေထဲက ဘယ် မောင်းကားလေးတစ်စီးကတော့ Cars & Bids မှာရှိနေပြီး မိုင်ပေါင်း ၅၂,၀၀၀‌ လောက်ပဲ မောင်းရသေး တာ ဖြစ်ကာ အတော်လေးလည်း စုံလင်လှတဲ့ လုပ်ဆောင်ချက်တွေပါ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဈေးနှုန်းက အတော်လေး များပြားနေမယ်ထင်ရင် တော့မှား ပါလိမ့်မယ်။ Skyline ကား အတော်များများကို ကမ္ဘာတစ်ဝန်း အခုချိန်အထိ တွေ့မိကောင်း တွေ့မိကြမှာ ဖြစ်လို့ ဒီကားကရော ဘာများဆန်းမှာလဲလို့လည်း မေးကောင်းမေးလာနိုင်ပါတယ်။ ဒါဆိုရင် တော့ ၂၀၀၀ ခုနှစ် အရှေ့ ပိုင်း‌ရဲ့ ကားပိုစတာ ကြော်ငြာတိုင်းမှာ နေရာယူနိုင်ခဲ့တဲ့ Nissan ရဲ့ ထိပ်တန်း R 34 ကားဖြစ်နေလို့ပါပဲလို့ ဆိုရတော့မှာ ပါ။ Gran Turismo ရဲ့ အဓိက မှီငြမ်းတာကို ခံရတဲ့ ကားဖြစ်ခဲ့ဖူးတဲ့ အခုကားက အဆိုပါ ခေတ်တုန်းကလည်း အတော် လေး ရှားပါး စာရင်း ဝင်ဖြစ်နေပြန်တာပါပဲ။

Photo Credit: CARBUZZ

လက်ရှိ မှာတော့ ကားက အမေရိက ဈေးကွက်ထဲမှာ ရှိနေပြီး တစ်ခုရှိတာကတော့ သက်တမ်း ၂၅ နှစ် ကျော် နေပြီ ဖြစ် လို့ နိုင်ငံပြင်ပအထိတော့ မောင်းသွားလို့ မရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမေရိကနဲ့ ကပ် လျက် ကနေဒါ ရဲ့ အဆင်ပြေပြေ ရှိလှတဲ့ ယာဉ်စည်းကမ်း တစ်ချို့ကြောင့် ကနေဒါ အထိတော့ သွားမောင်း ချင်ရင် မောင်းလို့ ရပါသေးတယ်။ တကယ်လို့ ဝယ်ချင်တယ် ဆိုရင်လည်း နှစ်နိုင်ငံနယ်စပ်မှာ ထားပြီး ခရီး ထွက်ဖို့သပ်သပ် ဝယ် ထားတာ ပိုပြီး သင့်တော်ပါလိမ့်မယ်။ အကြောင်း ကတော့ ၂၀၂၅ မရောက်ခင် အထိ ကို အခုလို ကား ကို တရားဝင် တင်သွင်း ခွင့် မရနိုင် သေးတဲ့ ထူးခြားတဲ့ စည်းမျဉ်း တစ်ချို့ ကြောင့် ပါပဲ။ ကားရဲ့ အင်ဂျင် ပိုင်း ကတော့ Nissan ရဲ့ RB26DETT ကို အသုံးပြုထားပြီး Twin-Turbocharged 2.6 Liter Inline-Six Engine ကြီးလည်း ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကပါ 316 hp နဲ့ 283 lb-ft Torque အထိ ရှိနေတာဖြစ်ပြီး ကားရဲ့ Intake နဲ့ Radiator တို့ကိုပါ အဆင့်မြှင့်တင်ထားတာ ကြောင့် အခု ပြောထား တဲ့ ထက်တောင်ပိုပြီး စွမ်းဆောင်ရည် မြင့်လာနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း ဒီနေ့ခေတ်ရဲ့ အနေအထား နဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ ဘာမှ မဟုတ်တော့ဘူးဆိုတာ သိသာနိုင်ပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု ကားတွေရဲ့ နာမည်ကြီး ကျော်ကြားမှု ၊ All-Wheel Drive နဲ့ Manual ဂီယာ တွေ က တကယ့် အနှစ်သာရ အပြည့်နဲ့ ဆွဲဆောင် မှုတွေပါပဲ။ ဒါတင်မကသေးပဲ Skyline ကတော့ ဘယ်မောင်းလည်း ဖြစ်နေတာကြောင့် အမေရိကရဲ့ လမ်းအခြေအနေတွေနဲ့လည်း ကိုက်ညီပြီး ကောင်းကောင်း အဟန့်အတားမရှိ မောင်းနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု ကားရဲ့ဈေးနှုန်းကိုတော့ $ 78,500 အဖြစ် သတ်မှတ်ထားပြီး ယခင်လေလံပွဲတွေမှာ အခုလို ကားတွေ အတွက် မြင်ခဲ့ရတဲ့ဈေးနှုန်းတွေနဲ့ ယှဉ်ရင်တော့ ဘာမှကိုမဟုတ်တော့ သလိုပါပဲ။ ကားကို ထပ်ပြီး ထည့်ထား တဲ့ ပြင်ဆင်မှုတွေ ကြောင့်လည်း ဒီဈေးဖြစ် သွားနိုင်သလို တစ်ချို့ကလည်း ကားရဲ့ Dashboard နဲ့ Gauge Cluster တို့ကိုပါ ပြောင်းလဲ ထားတာကြောင့် မတိကျတဲ့ ခရီးမိုင် ပမာဏကို ပြထားတာလည်း ဖြစ်နိုင်တယ် လို့ ယူဆနေကြပါသေးတယ်။ ဒီလို အားနည်းချက် လောက်လေးကိုတော့ အခုအဖိုးတန် ကားတစ်စီး အနေနဲ့ ဆိုရင် ဘာမှ သိပ်အလေးမထားပဲ ယူချင်တဲ့ သူများနိုင်ပါတယ်။ ဒါ့အပြင် ဒီထက်တန်တဲ့ ဈေးမရနိုင် တော့တဲ့ အခြေအနေမှာတော့ ဒီကားလေးကိုတော့ ဝယ်ယူ ချင်သူတွေ များနေတော့မှာ သေချာပါတယ်။

Ref: carbuzz.com