တောင်ကိုရီးယား အင်အားကြီး ကားကုမ္ပဏီ Kia ဆိုတာကတော့ တဖြည်းဖြည်းနဲ့ ပိုပြီး ပတ်ဝန်းကျင်နဲ့ လိုက်ဖက် ညီမယ့် လျှပ်စစ်ကားတွေကို တိုးချဲ့ ထုတ်လုပ်လာရင်း သန့်ရှင်းတဲ့ စွမ်းအင်သုံး ကားကုမ္ပဏီကြီး ဖြစ်လာတော့မှာပါ။ တစ်ဖက်မှာလည်း သူတို့ရဲ့ Flagship ကားကြီးတစ်စီးဖြစ်တဲ့ EV 9 ကို နောက်နှစ်ထဲ မှာတင် ချပြဖို့ ရှိနေခဲ့ပြီး အတော် လေး စိတ်လှုပ်ရှားစရာ ကောင်းနေတဲ့ အနာဂါတ်ကိုလည်း မြင်နေရပါ တယ်။ ဒါတင်မကသေးပဲ ယခင် ထုတ်လုပ်ထားပြီးသား ကားတွေ အတော်များများကလည်း နယ်ပယ်အစုံ ကနေ ဆုတွေချည်းယူနိုင်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ ကားသစ်မဟုတ်တဲ့ ထူးခြားတဲ့ နည်းပညာသစ် တစ်မျိုး အကြောင်းကို Kia ဆီကနေ သိရှိ လာရပါတယ်။ အဲ့ဒါကတော့ အမေရိကန်ရဲ့ မူပိုင်ခွင့်ရုံးမှာ Kia တို့ မှတ်ပုံတင်ထားတဲ့ Puddle Light System ဆိုတာ ပါပဲ။

Photo Credit: CARBUZZ

အဆိုပါ စနစ် အလုပ်လုပ်ပုံကိုတော့ နမူနာပုံထဲမှာ Kia Sportage နဲ့ တွေ့ထားရပြီး အထူးသဖြင့် ကားကနေ မြေကြီးဆီကို စလိုက်မီးပုံစံနဲ့ ထိုးပြီးပုံ အမျိုးမျိုးဖော်နိုင်တာမျိုး ဖြစ်ပါတယ်။  အဆိုပါ မူပိုင်ခွင့်ထဲ မှာတော့ တရုတ်ဈေးကွက်ထဲက Crossover အဖြစ် Kia KX5 ကိုပြသထားပါတယ်။ အဓိကအခုစနစ်ရဲ့ရည်ရွယ်ချက် ကတော့ နောက်ကား အတွက် ပိုကောင်းတဲ့ ပုံရိပ်ဖော်မှု ပုံစံလေးတွေကို ပြသပေးနိုင်ဖို့ ပါပဲ။ ဒါ့အပြင် ကား ထဲကို မဝင်ခင်မှာပဲ ကားအောင် မှာရှိနေမယ့် ချိုင့်တို့ ရွှံ့အိုင်တို့ထဲ မနင်းမိစေဖို့လည်း အသုံးတည့်မယ်လို့ ဆိုထား ပါတယ်။ ဒါပေမယ့် ဒါက ကား ကုမ္ပဏီဘက်က ရည်ရွယ်ထားတာသာ ဖြစ်ပြီး တကယ်ရော အသုံး တည့်ပါ့မလားဆိုတာ စဉ်းစားစရာတော့ ကောင်းနေပါတယ်။

Photo Credit: CARBUZZ

တကယ်လို့ ကိုယ်က ပိုကောင်းတာ ဒါမှမဟုတ် အဆိုပါ ပုံရိပ်လေးတွေကို စိတ်ကြိုက် ပုံဖော်ပြီး ထားချင်ပေ မယ့် ကားက Lock ချထားတဲ့ အချိန်ဆိုရင် ဒီမီးကို တကူးတက ဖွင့်ပေးထားရမယ့် ပုံပေါ်ပြန်ပါတယ်။ ဒါ့အပြင် ကိုယ်ပြချင်တာက တစ်မျိုး ၊ တစ်ခြားကား အသုံး ပြုသူတွေ မြင်ချင်တာက တစ်မျိုး နဲ့ နားလည်မှု လွဲတာတွေ လည်း ဖြစ်ကောင်း ဖြစ်နိုင် ပါသေးတယ်။ တကယ်လို့ အခုလို သင်္ကေတ မီးရောင်ကို ကြမ်းခင်း ပေါ်မှာ ပြထားမယ်ဆိုရင် တစ်ခြား ကားတွေကလည်း သူတို့ကားရဲ့ ဝေးရာမှာ ပါကင်ထိုးတာတို့ ဘာတို့ ဖြစ်လာနိုင်ပါတယ်။ ကောင်းကွက် အနေနဲ့ စဉ်းစား ကြည့်ရင်တော့ ဥပမာ ကားနောက်ခန်းထဲ ကလေးတွေ ထည့်ထားတဲ့ အချိန်ဘေးက မီးရောင်နဲ့ သင်္ကေတ တစ်ခုခု ပြထားတာမျိုးဆိုရင်တော့ ပိုပြီး အန္တရာယ်ကင်း နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နည်းပညာပိုင်းမှာ ပါ ထူးခြားတာတွေ လုပ်နေတဲ့ Kia တို့ရဲ့ အခု တီထွင်မှုက ရော အဆင်ပြေမလား စောင့်ကြည့်ရမှာပါ။

Ref: carbuzz.com