ဟိုးယခင် ၂၀၀၀ ခုနှစ်တွေ ဆီလောက်တုန်းက ကားအကြောင်း ရူးသွပ်ကြရသူတွေ ကြားထဲမှာ အတော် လေး ရေပန်းစားခဲ့ဖူးတဲ့ ကားကောင်းတစ်စီး ရှိပါတယ်။ အဲ့ဒါကတော့ PT Cruiser ဆိုတဲ့ ကားပဲဖြစ်ပြီး ဝယ်ချင်တဲ့ သူတွေ ကတော့ အမှာစာတွေတင်ကာ အချိန်အကြာကြီး စောင့်ခဲ့ ကြရပြီး တစ်ချို့ဆိုရင်တော့ သာမန် ပေါက်ဈေး ထက် အဆ မတန် ပိုပေးပြီး ဝယ်ခဲ့ကြရတဲ့ အထိ ဖြစ်ခဲ့ ရပါတယ်။ အဲ့ဒီခေတ်ရဲ့ Ford Bronco လို့တောင် ခေါ်ကောင်းခေါ်လို့ ရမယ့် ကားဖြစ်ပေမယ့် အခုခေတ် Bronco နာမည်ကျော်တာထက် ပိုပြီး နာမည်ကြီးတဲ့ ကားလို့ပဲ အ‌မွှန်းတင် ရတော့မှာပါ။ အခု PT Cruiser ကိုပဲ ပြန်ပြီး ဆန်းသစ်ထားကြတဲ့ ကားပေါင်းစုံလည်း ပေါ်ခဲ့ကြသေးပြီး အခုဆိုရင်တော့ အဆိုပါ ပြန်လည် ဖန်တီးထားတဲ့ ကားတွေထဲက အဝါရောင် ထူးထူးဆန်းဆန်း ကားတစ်စီးတော့ Facebook လူမှုကွန်ရက် ရဲ့ အရောင်းစာရင်းထဲမှာ ပေါ်လာ ခဲ့ပါတယ်။ အခု ကားက ဘယ်လောက် သက်တမ်းလဲဆိုတာ မတွက်နိုင် ပေမယ့်မူလ DVD Player ပါနေတဲ့ အတွက်ကြောင့် မကြာသေးမီကမှ ပြန်ပြီး ပြင်ဆင်ထားတဲ့ ကားမဟုတ်တာတော့ သေချာပါတယ်။ မိုင်‌ပေါင်း ၄၉,၂၀၀ လောက်အထိ မောင်းထားပြီးဖြစ်တဲ့ ကားပေမယ့်လည်း ကားပုံကတော့ လုံးဝအသစ် အတိုင်းနီးပါး ကျန်သေးတာပါ။ ကားရဲ့ Wheelbase ကတော့ ၁၈၈ လက်မ အထိ ရှိပြီး ၊ လက်ရှိ အရွယ်အစား အကြီး ဆုံး ဈေးကွက်ထဲက Ram 1500 ကားတောင်မှ Wheelbase အရွယ် ၁၆၉ လက်မပဲရှိတာပါ။

Photo Credit: motor 1.com

Facebook လူမှုကွန်ရက်ရဲ့ NC Yard Sales Page မှာ အခုကားအကြောင်းကို ပြည့်ပြည့်စုံစုံ အသစ်တင် ထားပြီး ကားကို ရှုထောင့်ပေါင်းစုံက ရိုက်ထားတဲ့ ပုံတွေကိုလည်း မြင်ရမှာပါ။ ဒါတင် မကသေးပါဘူး အဲ့ဒီ ခေတ်အခါက အတော်လေး ရှားပါး‌တန်ဖိုးကြီးတဲ့ မူလ ကက်ဆက်ကိုလည်း ပါတီပွဲတွေအတွက် အဆင်ပြေ အောင် ထည့်ထား ပေးတာ အကောင်းအတိုင်း မြင်နေရပါသေးတယ်။ ထိုင်ခုံတန်းတွေ ၊ Custom ပြန်ဆင် ထားတဲ့ မီးရောင်တွေအပြင် ကောင်းလွန်းတဲ့ အသံစနစ် ၊ မျက်နှာကျက်မှာ အဲ့ဒီခေတ်တုန်းက ဆိုရှားပါးတဲ့ မှန်တွေလည်း ပါဝင်ထားပြီးသား ဖြစ်တာကြောင့် VIP အရသာကိုလည်း ကောင်းကောင်း ခံစားနိုင်မယ့် ကားကောင်း တစ်စီးပါပဲ။ ကားရဲ့ Cockpit ပိုင်း ကလည်း မူလ PT Cruiser အတိုင်းပဲ ဖြစ်ပြီး Moonroof အမိုးအဖွင့်အပိတ် ၊ ခန်းဆီ အော်တိုကာလိုက်တာတွေနဲ့ အခြားသော ထိန်းချုပ်စရာတွေလည်း ပါဝင်လာပြီး သား ဖြစ်ပါတယ်။ ဒါပေမယ့် အခု ကားကိုပဲ ဘယ်တုန်းက ဘယ်လို Limo ကားအရှည် Version လုပ်လိုက် တယ် ဆိုတာတော့ မဖော်ပြထားပါဘူး။ အင်ဂျင်ပိုင်းလည်း အတိအကျတော့ မသိရသေးပေမယ့် 2.4 Liter Four-Cylinder Engine ဖြစ်လာ လိမ့်မယ်လို့တော့ ခန့်မှန်းရပြီး 150 hp လောက် ထိတော့ စွမ်းဆောင်လာ နိုင်ပါတယ်။ ဂီယာကလည်း အော်တိုပဲ ဖြစ်ပြီး ကားမှာတော့နဂို ပါဝင်ထားတဲ့ Front-Wheel Drive စနစ်ပဲ ဖြစ်လာ မယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် 215 hp အထိ စွမ်းဆောင် နိုင်ခဲ့ဖူးတဲ့ GT Turbo Version လည်း ဖြစ်ကောင်း ဖြစ်နိုင်ပြီး အထူးသဖြင့် မင်္ဂလာအောင်ပွဲတွေ ၊ Promotion ပွဲတွေအတွက် အတော်လေး သင့်တော်မယ့် ကားဖြစ်လာမှာ သေချာပါတယ်။

Photo Credit: motor 1.com

ဈေးကတော့ အတော်လေးကို မနည်းပဲ $ 19,700 အထိရှိပြီး လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကားကို ဒီ ဈေးခေါ် ထားတာ ကတော့ အံ့အားသင့်စရာ ကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကားရဲ့ ဂုဏ်သိက္ခာပိုင်း ကောင်းမွန် ခဲ့တာကိုတော့ ကောင်းကောင်းကြီး လက်ခံရမှာ ဖြစ်ပြီး အခုလို နာမည် ပြန်ရလာပြီး ကားကို စိတ်ဝင်စား လာကြသူတွေ ပြန်မြင် လာရတဲ့ အချိန်မှာတော့ သက်တမ်းရင့်နေပြန်ပါပြီ။ ဒါဆိုရင်တော့ အခု $ 20,000 ဝန်းကျင်လောက် အထိ ဈေးဖြစ်နေတဲ့ PT Limo ကားကရော တကယ် ဈေးတန်နိုင်မလား စဉ်းစားစရာ တော့ ကောင်းနေမှာ သေချာပါတယ်။

Ref: motor 1.com