တကယ်လို့ သင်က ဈေးကွက်ထဲမှာ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး သုံးလို့ရနိုင်မယ့် Racing Simulator တစ်မျိုးကို ရှာနေတယ် ဆိုရင်တော့ အခု မြင်ရမယ့် Prodrive Racing Simulator က ‌ရွေးချယ်စရာကောင်းတစ်ခု ဖြစ်မှာ သေချာ ပါတယ်။ ပို‌ကောင်းတာကတော့ အခု Simulator က သာမန်နဲ့မတူပဲ တကယ့်ကားတစ်စီးမှာပါတဲ့ Touchpoints တွေအတိုင်း ထည့်ပေးထား နိုင်တာပါ။ Design House CALLUM က ဖန်တီးထားတဲ့ သူမတူတဲ့ ဒီဇိုင်းနဲ့ အပြင်အဆင် ကတော့ Prodrive ရဲ့ Simulator တွေထဲ ပြိုင်ကား ဂိမ်းသမားတွေ အကြိုက်တွေ့စေမယ့် အကောင်းဆုံးသော Racing Drive Simulator တစ်ခု ဖြစ်လာတော့မှာပါ။ တကယ်တော့ Prodrive ဆိုတာ ‌ပြိုင်ကားတွေ အမှန်တကယ် ထုတ်လုပ် ခဲ့ဖူးတဲ့ အောင်မြင်မှု ရထားပြီးသား Brand နာမည်တစ်ခု ဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ်တုန်းကဆိုရင် Collion McRae မောင်းနှင်ခဲ့တဲ့ Subaru လမ်းကြမ်းကားတွေကို Prodrive က ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ လမ်းကြမ်းပိုင်းတွေ အပြင် ပြေးလမ်းပေါ်က ကားတွေ အတွက်လည်း အောင်မြင်မှုရအောင် ဖန်တီးပေးနိုင်ခဲ့ဖူးတာဖြစ်ပြီး British Touring Cars တွေနဲ့ Endurance ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ဖူးတဲ့ GT ကားတွေကိုလည်း ဖန်တီးပေးခဲ့ ဖူးသေးတာပါ။ 24 Hours LeMans ကားပြိုင်ပွဲ ကြီးမှာဆိုရင်လည်း Ferrari နဲ့ Aston Martin တို့နဲ့ အတူ Prodrive က အောင်မြင်မှု ရခဲ့ဖူးပြီး သူ့ဆီက ထုတ်လုပ်ခဲ့တဲ့ ကားတွေက ပြိုင်ပွဲပေါင်း ၁၂၀၀ ကျော် အထိကို ဝင်ပြိုင်ခဲ့ဖူးကာ ၃၀၀ ကျော် လောက်ကို အနိုင် ရခဲ့ဖူးပြီး အနိုင်ရခါနီး အဆင့်တွေ အထိကိုတော့ ပွဲပေါင်း ၅၀၀ နီးပါး လောက်မှာ ရခဲ့ဖူးပါတယ်။

Photo Credit: motor 1.com

အခုလိုမျိုး မှတ်တမ်းတင်ထား လောက်အောင် ရခဲ့တဲ့ အောင်မြင်မှုတွေကနေ ဒီဂျစ်တယ် Motorsport လမ်းကြောင်း ဘက်မှာလည်း ဘယ်လို အချက်တွေကို သတိထား ပြင်ဆင်ရမယ် ဆိုတာကို သူများတွေထက်ပိုပြီး ကောင်းကောင်း သိနေတော့တာပဲ ဖြစ်ပါတယ်။ အခုလို အတွေ့အကြုံတွေ ကနေပဲ အလန်းစား Racing Simulator တစ်ခုကို အကောင်းဆုံး ဖန်တီးပြနိုင်ခဲ့တာဖြစ်ကာ အသုံးပြုမယ့် သူတွေကိုလည်း သဘာဝလက်တွေ့နဲ့ အနီးစပ်ဆုံးသော အနေအထား ရောက်အောင် ဖန်တီးပေးထားနိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအရလည်း လှပလွန်းနေတဲ့ အခု Simulator ကိုတော့ ကာဗွန် ဖိုက်ဘာနဲ့ ဖန်တီးထား ပြီး Birch Wood ပေါင်း ၁၆ လွှာ အထိကိုလည်း အုပ်ပေးထားပါသေးတယ်။ အခု ဒီဇိုင်းပိုင်းကိုတော့ အတော်လေး စွမ်းဆောင်နိုင်တဲ့ အသွင်မျိုးကို ရအောင် ဖန်တီးထားတာဖြစ်ပြီး သာမန် Simulator တွေနဲ့ လုံးဝကို မတူပါဘူး။ Prodrive ရဲ့ အဆိုအရတော့ အခုစက်ထဲမှာ PC လိုမျိုး ဘက်စုံသုံးလို့ ရမယ့် စနစ်ကို 12 GB GeForce RTX Graphics Card ၊ 16 GB Memory RAM တို့နဲ့ ပေါင်းစပ်ပေးထား လိုက်တာကြောင့် အတော်လေး ကောင်းမွန်တိကျ ချောမွေ့မှုကို ခံစားနေရစေမှာပါ။ ဒါ့အပြင် အဆိုပါ စနစ်ရဲ့ လုပ်ဆောင်ချက်တွေ အကုန်လုံး ကို ၄၉ လက်မ အရွယ် High Refresh Rate မှန်ခုံး Screen ကြီးပေါ်မှာ ခံစားနိုင်မယ့် အတွေ့အကြုံ ကတော့ တကယ့်ကို အတိုင်းထက်အလွန် ဖြစ်နေနိုင်ပါတယ်။ ကားဂိမ်းအတွင်း ထိန်းချုပ်နိုင်မယ့် စတီယာတိုင်ကလည်း Simcube Steering Motor ကို သုံးထားတာကြောင့် ပြင်ပလောကလောက်ကို တိကျတဲ့ Driving Inputs တွေကို ရရှိ စေမှာပါ။ ဒါ့အပြင် Mechanical Pedal Box ကြောင့်လည်း ပိုပြီးတော့ လက်တွေ့နဲ့ ထပ်တူကျတဲ့ အရသာတွေ ကိုလည်းခံစားရစေမှာဖြစ်ပါတယ်။

 

Photo Credit: motor 1.com

အခုလိုမျိုး စွမ်းဆောင်ရည် မြင့်မားလွန်းတဲ့ Racing Simulator ကြီးတွေက တကယ့်လက်တွေ့က ကားတွေ ထက်တောင် တစ်ခါတစ်ရံမှာ ဈေးပိုများ နေတတ်ပါသေးတယ်။ ဒါကြောင့် အခုဆိုရင် အဆိုပါ Racing Simulator ကြီးကို စမ်းသပ်နိုင်ဖို့အတွက် စာရင်းပေးထားသူတွေကို ‌ရွေးချယ်ကာ အစမ်း Demo ပေးဆော့ဦးမှာလည်း ဖြစ်ပါတယ်။ စမ်းသပ်ခွင့် ရမယ့် သူတွေအတွက်ကတော့ အခု Racing Simulator ကြီးက လက်တွေ့ဆန်မှုတွေကို အရသာရှိရှိ ခံစားနိုင်မယ့်အပြင် ပြိုင်ပွဲတွေမှာအနိုင်ရထားတဲ့ ကားတွေကိုလည်း မျက်ဝါး ထင်ထင် မြင်တွေ့ခွင့်မှာ ရနိုင် သေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

(14) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube