မနှစ်တုန်းကပဲ Porsche ဘက်ကနေ Mission R ဆိုတဲ့ လျှပ်စစ် ပြိုင်ကားတစ်စီးကို ချပြခဲ့ဖူးပြီး အဆိုပါ အချိန် တုန်းက တော့ အဆိုပါ လျှပ်စစ်ပြိုင်ကားက 718 Cayman နဲ့ Boxster တို့ရဲ့ မျိုးဆက် ဖြစ်လာလိမ့် မယ်လို့ ခန့်မှန်း ခဲ့ကြပါတယ်။ အဆိုပါ ကားကို မြင်ခဲ့ရပြီး ရက်သတ္တပတ် အနည်းငယ်လောက် အကြာမှာပဲ တကယ်ပဲ ဒီလို ဖြစ်နိုင်တယ် ဆိုတာကို ကုမ္ပဏီရဲ့ ဒီဇိုင်း ပိုင်း ခေါင်းဆောင် Michael Mauer က အတည်ပြု ပေးနိုင်ခဲ့ တာပါ။ ပြိုင်ကားတစ်စီးကို လျှပ်စစ်ကား တစ်စီးအဖြစ် ကူးပြောင်းပေးလိုက် ရတာကတော့ သိပ်ပြီး သဘောကျချင်စရာ မကောင်း ပေမယ့်လည်း ကုမ္ပဏီ ဘက်ကတော့ ‌သေချာပြင်ဆင် ဖန်တီးပေးလိုက်တာ ကြောင့် ထွက်လာတဲ့ရလဒ်ကတော့ Concept မှာတင်ပဲ မျှော်လင့်ချင်စရာကောင်းလာခဲ့တာ တွေ့ခဲ့ရပါ တယ်။ အခု နောက်ပိုင်းမှာ ထပ်ပြီး မျှော်လင့် ချင်စရာ ကောင်းလာခဲ့ပြန်တာကတော့ Electric Cayman ကို ဖန်တီးဖို့ ဖြစ်ပြီး အခုဆိုရင်တော့ 718 Cayman GT4 ePerformance ဆိုတဲ့ လျှပ်စစ်သီးသန့် ပြိုင်ကားကို စတင်ချပြလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

လက်ရှိမှာတော့ အခု မြင်နေရတဲ့ကားက 500 hp ရှိမယ့် GT4 Clubsport ကားအတွက် အကြို ဖန်တီးထား တဲ့ စမ်းသပ် ယာဉ် အဆင့်ပဲ ရှိသေးပြီး အဆိုပါ ကားသစ်မှာ ဆိုရင်လည်း လျှပ်စစ်မော်တာနဲ့ Mission R ရဲ့ ဘက်ထရီ နည်းပညာ ‌တွေကို ပေါင်းစပ်ပေးလာမှာပါ။ ကားရဲ့ စွမ်းဆောင်ရည် ကတော့ ပြိုင်ပွဲတွေ အတွက် အရည်အချင်း စစ်ဆေးရာမှာ 985 hp အထိ ရှိရမှာဖြစ်ပြီး သာမန် ပြိုင်ပွဲ စွမ်းဆောင်ရည်မှာ ဆိုရင်တော့ 603 hp ရှိနေရမှာ ဖြစ်ကာ  Carrera Cup ပြိုင်ပွဲရဲ့ ကြာချိန်ဖြစ်တဲ့ မိနစ် ၃၀ အတွင်းမှာတင်မောင်းနှင်ပြ နိုင်ရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာ တစ်ချက်ကတော့ အခုလို ပေါင်းစပ်ထားတဲ့ စွမ်းဆောင်ရည် ကောင်းတွေကြောင့် စမ်းသပ်ဆဲ ကားတစ်စီးသာ ဖြစ်ပေမယ့်လည်း လက်ရှိ 992 Generation 911 GT3 Cup Car နဲ့ကို အမြင့်ဆုံး မြန်နှုန်းတွေ ၊ ကြာချိန် စံချိန်တွေကို တူညီလာ နေတာပါပဲ။ Mission R လိုမျိုးပဲ အခု ePerformance စနစ်ကလည်း ကားရဲ့ စွမ်းဆောင်ရည်ကို 1,072 hp အထိကို မြှင့်တင် နိုင်သေးတာ ဖြစ်ကာ 900 V ဘက်ထရီနည်းပညာကြောင့်လည်း ၅% ကနေ ၈၀% အထိ အားသွင်းဖို့ ကို ၁၅ မိနစ် လောက်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ကားရဲ့ ဒီဇိုင်းကတော့ သာမန် GT 4 Clubsport ထက် ၅.၅ လက်မလောက် ပိုကျယ်ပြီး Porsche ရဲ့ ဒီဇိုင်း ပုံကြမ်းတွေ ကနေ ဆက်စပ်ဖန်တီးထားတဲ့ အစိတ်အပိုင်း ပေါင်းက ၆,၀၀၀ လောက် အထိကို ပါဝင်နေပါ တယ်။ ကားရဲ့ ကိုယ်ထည် ကိုလည်း သဘာဝဖိုက်ဘာ သားတွေနဲ့ ပြုလုပ်ထားတဲ့ Carbon Fiber ကို သုံး ထားတာကြောင့် ထုတ်လုပ်ရေး အဆင့်ဆင့်မှာကတည်းကိုက ကာဗွန်ထုတ်လုပ်မှု လျော့ကျကာ လိုက်လျော ညီထွေ ‌ရှိနေစေမှာလည်း ဖြစ်ပါတယ်။ ကိုယ်ထည် ပိုကျယ်လာတာကြောင့် ကားရဲ့ Flared Fenders တွေ အတွက် ကလည်း ပိုကြီးလာပြီး ၁၈ လက်မ အရွယ် ပြိုင်ဘီး တာယာတွေကိုလည်း Michelin ဆီကနေ ယူသုံးပေးထား ပါတယ်။ ဒ့ါအပြင် အဆိုပါ တာယာတွေက အစ ပြန်လည် ဆန်းသစ်ထားတဲ့ သတ္တုတွေကို Recycle လုပ်ပြီး သုံးပေးထားပြန်တာပါ။ Porsche အနေနဲ့ ကတော့ လာမယ့်ဇွန်လ ၂၃ ရက်ကနေ ၂၆ ရက် နေ့အတွင်း ကျင်းပမယ့် Goodwood Festival Of Speed မှာ အခုကားကို ပွဲထုတ်မှာ ဖြစ်ပြီး နာမည်ကျော် တောင်တက်လမ်းကိုပဲ မောင်းနှင် စွမ်းဆောင်ပြလာမှာပါ။ အဆိုပါ ကားလေးရဲ့ ကမ္ဘာ‌လှည့် ခရီးစဉ်ကိုလည်း Race2zero ဆိုတဲ့ နာမည် နဲ့ Project တစ်ခု ဖန်တီးထားပြီး ကမ္ဘာတစ်ဝန်းကို သင်္ဘော ၊ ‌ရထားနဲ့ ကုန်တင် ကားတွေနဲ့ပဲ ပို့ဆောင်စေကာ ကာဗွန်ထုတ်လုပ်မှုကို တတ်နိုင်သလောက် လျှော့ချဖို့ ရည်ရွယ်ထား ပါတယ်။ အဆိုပါ World Tour ခရီးကတော့ ၂၀၂၃ အစောပိုင်းလောက် မြောက်အမေရိက ကိုအရောက်မှာ ရပ်တန့် လာနိုင်တယ်လို့ သိရပါတယ်။

Ref: carbuzz.com