Porsche ကတော့ ယာဉ်မောင်းတွေအနေနဲ့ သူတို့ရဲ့ စိတ်ကြိုက်လမ်းတွေကို အိမ်မှာတင်ပဲ နည်းပညာနဲ့ အလွယ် တကူ မောင်းနှင်နိုင်မယ့် Virtual Road Project ဆိုတဲ့ နည်းပညာတစ်ရပ်ကို မိတ်ဆက်လာ ခဲ့ပါ တယ်။ လက်တွေ့ ကမ္ဘာ ထဲက လမ်းကြောင်းတွေကို Virtual ပုံရိပ်ယောင် လမ်းမတွေ အဖြစ်ပြောင်းလဲ ပေး နိုင်မယ့် နည်းပညာ ဖြစ်ပြီး စမတ်ဖုန်းနဲ့ App တို့က အဓိက ကျပါလိမ့်မယ်။ ဒါ့အပြင် နေ့စဉ် သွားလာနေရတဲ့ ကမ္ဘာပေါ်က လမ်းမတွေဆီကနေ စိတ်ကြိုက် လမ်းတွေကို ချက်ချင်း ရွေးချယ်နိုင်မှာဖြစ်ပြီး Driving Simulator တွေ အသုံးပြုကာမောင်းနှင်နိုင်မှာပါ။ လက်ရှိလမ်းမတွေကို ဒီဂျစ်တယ်စနစ် ပြောင်းလဲပေးထား တာ ကတော့ လေဆာကိုပဲ စကန်ဖတ်တဲ့ စနစ်နဲ့ သုံးထားတာ ကြောင့် Racing Video Game တွေ ကောင်း ကောင်းလည်ပတ် နိုင်ဖို့ ဆိုရင်တော့ လပိုင်း ဒါမှမဟုတ် နှစ်နဲ့ ချီပြီးတော့တော့ ကြာမြင့် နိုင်ပါသေးတယ်။ ဒါပေမယ့် အခု နည်းပညာသစ်နဲ့ ဆိုရင်တော့ လမ်းတွေကို ဒီဂျစ်တယ် စနစ် နဲ့ အလွယ်တကူ မောင်းနှင်နိုင် မယ့် စောင့်ဆိုင်းရချိန်ကို လျှော့ချ ပေးနိုင်လိမ့်မယ်လို့ Porsche က ယုံကြည် နေပါတယ်။
အခုနည်းပညာအသစ် မှာတော့ Way Ahead Technologies က ဖန်တီးထားတဲ့ Software နဲ့ ပူးပေါင်း လုပ်ဆောင်မှာ ဖြစ်ပြီး အဆိုပါ Software ကနေ လမ်းမတွေ ၊ လမ်းတွေ ပတ်ပတ်လည်က သစ်ပင်တွေ ပတ် ဝန်းကျင်တွေကို အစစ်အတိုင်း ရိုက်ကူး မှတ်တမ်းတင် ထားနိုင်ဖို့ အတွက် AI စနစ် ကိုလည်း သုံးသွား ဦးမှာ ပါ။ ပြီးတာနဲ့ 3 D ပုံရိပ် အဖြစ် လမ်းတွေကို ပုံရိပ်ယောင်အနေနဲ့ ချက်ချင်း ပြန်လည် ထုတ်ပေးနိုင်မှာ ဖြစ်ပါ တယ်။ အဆိုပါ ကုမ္ပဏီရဲ့ အဆိုအရတော့လက်ရှိ နည်းပညာက လမ်းတွေရဲ့ ၈ ကီလိုမီတာလောက် အကွာ အဝေးကို ၁ နာရီအတွင်း ဒီဂျစ်တယ် ပုံရိပ်တွေ အဖြစ် ပြောင်းလဲပေးနိုင်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် ဒါကတော့ လမ်းရဲ့ ရှုပ်ထွေးမှု အတိုင်းအတာ ပေါ်မှာလည်း မူတည်နေပါသေးတယ်။ လမ်းပေါ်မှာ ရှိနေတဲ့ ကားတွေရဲ့ တကယ့် အချက်အလက်တွေ ပေါက်ကြားမှာ ကိုတော့ စိုးရိမ်စရာ မလိုအပ်ပဲနဲ့ တကယ့်လက် တွေ့ လမ်းတွေပေါ်က ကားတွေလူတွေကိုတော့ ဒီဂျစ်တယ် ပုံရိပ် တွေ အဖြစ် ပြောင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Driving Simulation ဂိမ်းတွေ အတော်များများမှာလိုပဲ လမ်းရဲ့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံး ကိုတော့ Program ထဲ ထည့်ထားမှာ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာထဲမှာဆိုရင် ပြင်ပလမ်းရဲ့ မညီမညာ ဖြစ်နေတာ တွေ ရှိရင်တောင် ထည့်ပေးထားနိုင်မှာဖြစ်ပြီး တုန်ခါမှုတွေပါ အပြင်နဲ့အလားတူ ခံစားနိုင်အောင် ထည့်ပေးထားနိုင် ပါသေးတယ်။ Porsche ကတော့ အဆိုပါ နည်းပညာသစ်က လတ်တလောမှာတော့ Racing Video Games အတော် များများ နဲ့ ကိုက်ညီမှု ရှိနေပြီဖြစ်ပြီး Assetto Corsa လို ကားဂိမ်းမျိုးနဲ့ပါ ကိုက်ညီတယ်လို့ သိရပါတယ်။ ဘယ်လို ဂိမ်းတွေမှာ သုံးလို့ရမယ် ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ကိုတော့ မသိရသေးတာကြောင့် ဆက်လက် စောင့်ကြည့် ရဦးမှာပဲ ဖြစ်ပါတယ်။
Ref: motor 1.com