Track Precision App ဆိုတဲ့ ယာဉ်လမ်းကြောင်းအကူ နည်းပညာသုံး App အသစ်တစ်ခုကို Porsche တို့ စတင် ချပြလာခဲ့ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကပဲ အဆိုပါ App မှာ နောက်ထပ် လုပ်ဆောင်ချက် အသစ်တစ် ခုကို ထည့်ပေး လာခဲ့ပြန်ပါတယ်။ အဆိုပါ လုပ်ဆောင်ချက်ကတော့ အသုံး ပြုသူတွေအနေနဲ့ ဘယ်နေရာပဲ ရောက်ရောက် ကိုယ့်ရဲ့ ခရီးစဉ် အမှတ်တရ လမ်းကြောင်းလေးတွေကို သိမ်းထားနိုင်မယ့် Function ပါပဲ။ အဆိုပါ App ကတော့ စမတ် ဖုန်းရဲ့ ကင်မရာကိုပဲ သုံးထားတာဖြစ်ပြီး မြန်နှုန်း ၊ ဘရိတ် ၊ စတီယာတိုင် အကွေ့ အခေါက်တွေနဲ့ ကားရဲ့ ဝိုင်ဖိုင်စနစ် အလုပ်လုပ်နေတာတွေ ဒါတွေ အကုန်လုံးကို သေချာချိတ်ဆက် မှတ်သားပေးထားနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Feature တွေကတော့  ကားမောင်းတဲ့ သူတွေအတွက် Lap Time ကိုပါ မှတ်သားထားရာ ရောက်သလို Free Drive Mode မှာ ဆိုရင်လည်း ပိုပြီး စိတ်ကြိုက် ပြင်ဆင် လို့ ရပါသေးတယ်။

Photo Credit: MotorAuthority

အဆိုပါ လုပ်ဆောင်ချက် မှာကတော့ တစ်ဆက် တစ်စပ်တည်း Video Record ယူထားမယ့် အစား ၁ မိနစ် စာ Video လေးတွေကိုပဲ မှတ်တမ်းတင်ထားတာ ဖြစ်ပြီး လိုသလို ပြန်ကြည့်ကာ Special Driving Event တစ်ခုအနေနဲ့ ဖန်တီး လို့ ရမှာပါ။ အဆိုပါ အချက်အလက် တွေကနေ တစ်ဆင့် Sensor အနေအထားတွေ ၊ ဘရိတ်နင်းတဲ့ အခြေအနေ တွေ ဒါမှမဟုတ် မြန်နှုန်းတွေကို ယာဉ်မောင်းတွေ အနေနဲ့ ပြန်ကြည့်ကာ တွက် ချက်ချိန်ညှိ နိုင်မှာပဲ ဖြစ်ပါတယ်။ ယာဉ်မောင်း တွေကတော့ Free Drive Mode ကိုလည်း လိုသလို ချိန်ညှိ နိုင်မှာဖြစ်ပြီး အခြားသော မီဒီယာလုပ်ဆောင်ချက်တွေနဲ့လည်း ချိတ်ဆက်နိုင်မှာဖြစ်ကာ ကားမောင်းနေ တုန်း ရိုက်ကူးထားတဲ့ဓာတ်ပုံတွေရှိရင်လည်း ကောင်းကောင်းအသုံးပြုနိုင်ပါလိမ့်မယ်။ ဒါတွေကနေတစ်ဆင့် နောက်ပိုင်းမှာတော့ ယာဉ်မောင်းရဲ့ လမ်းကြောင်း အစုံအလင်မှာ ပြန်ပြီး အသုံးချနိုင် လိမ့်မယ်လို့လည်း Porsche တို့က ဆိုထား ပါတယ်။

Photo Credit: MotorAuthority

အဆိုပါ App ကို ၂၀၁၅ ကတည်းက ထုတ်လုပ်ခဲ့တဲ့ Porsche ကတော့ တဖြည်းဖြည်းနဲ့ ဆက်တိုက် အဆင့် မြှင့်တင် လာခဲ့ကာ Virtual Driving Coach လို့ ခေါ်တဲ့ယာဉ်မောင်းအကူ နည်းပညာကိုလည်း ဖန်တီးထား နိုင်ခဲ့ပါသေးတယ်။ ပြိုင်ကား တစ်စီးလိုမျိုး သေချာစနစ်တကျမောင်းချင်တဲ့ သူတွေအတွက် အသုံးတည့်တဲ့ လုပ်ဆောင်ချက် ဖြစ်ပြီး ပြေးလမ်းကြောင်းပေါ်က အခြေအနေတွေ ၊ လိုအပ်ချက်တွေကို မှတ်သားကာ လမ်းပြပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းကြမ်းမောင်း ကားသမားတွေအတွက်လည်း Off-Road Precision App ဆိုတာကို သပ်သပ်ဖန်တီး ပေးထားပါသေးတယ်။ လက်ရှိ မှာတော့ Track Precision App ရဲ့ နောက်ဆုံး Version ကို iOS မှာဆိုရင် iOS 14 နဲ့ အထက် ၊ Android မှာဆိုရင် Version 8 နဲ့ အထက်တို့မှာ အသုံးပြုနိုင်ပြီ ဖြစ်ပြီး Apple App Store ဒါမှမဟုတ် Google Play Store တို့ကနေ အလွယ် တကူ ရယူနိုင်တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority