ကားအလန်းစားတွေအတွက် အကောင်းစား Body Kit အသစ်တွေကို ထုတ်ပေးနေကျ ဂျာမနီ  Tuning Company တစ်ခု Prior Design ကတော့ အခုဆိုရင် လည်း Porsche Taycan အတွက် တော်တော်လှတဲ့ Widebody Kit အသစ်တစ်ခု ထုတ်ပေးလိုက်ပြန်ပါပြီ။ Taycan ကားအတွက် Aftermarket ဈေးကွက် ထဲက အလန်းစား ပြင်ဆင်မှုတွေကို မျှော်လင့်နေကြတဲ့ Customer တွေအဖို့တော့ အခု Prior Design ရဲ့ အပြင် အဆင်က တော်တော်ကို အားရစရာ ကောင်း နေစေမှာ သေချာပါတယ်။

Photo Credit: AllAutoExperts

အခု Widebody Aero Kit ရဲ့ ထူးခြားချက်ကတော့ Taycan ကားကို ယခင်ကထက် ပိုပြီး ထင်ထင်ရှားရှား ဒီဇိုင်း ဖြစ်စေခဲ့သလို ၊ ပိုပြီးလည်း ခပ်ကြမ်းကြမ်း Aggressive ပုံပေါက်စေတာ ဖြစ်ပါတယ်။ နောက်ထပ် သိသာတဲ့ အပြောင်းအလဲ တစ်ရပ်ကတော့ ကားရဲ့ ကိုယ်ထည်ကို အရှေ့ဘက်မှာ ၆၀ မီလီမီတာ ၊ အနောက်ဘက်မှာ ၁၀၀ မီလီမီတာ အထိကို ဘေးကားသွားစေမယ့် Over Fenders တွေ  ထပ်ထည့်ပေးထား လိုက်တာ ပါပဲ။ အဆိုပါ Over-Fenders တွေကို တော့ ကားရဲ့ မူလ ကိုယ်ထည်နဲ့ တစ်သားတည်း ဖြစ်အောင် ဖန်တီးပေးထားတာပါ။ ဒါကြောင့်လည်း ဖန်တီးရတဲ့ အဆင့်တိုင်းမှာ Fenders တွေ ၊ ဘန်ဘာတွေ နဲ့ ကွက်တိ လိုက်ဖက်ညီစေမယ့် အပြင်အဆင်တွေကို သေချာပြုလုပ် ရတာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခု Aero Kit မှာ နောက်ထပ် ထပ်မံပါဝင်လာတာ ကတော့ ဘေးဘက် Skirts တွေ၊ ပိုကြီးလာတဲ့ GT-Style အနောက်ဘက် Wing တွေပါပဲ။ ဒါပေမယ့် အဆိုပါ အနောက်ဘက် Wing ကြီးကြောင့်ပဲ ကားရဲ့ Range ကို အနည်းနဲ့ အများတော့ အကျိုးသက်ရောက် စေလိမ့်မယ်လို့ ယူဆရပါတယ်။ ဘယ်လိုပဲဖြစ် ဖြစ် Tuner အနေနဲ့ Twin-Spoke ၂၂ လက်မ အရွယ်ဘီးတွေကိုပါ ထပ်ထည့်ပေးထား သေးတာပါ။ အခုလို Kit ကိုလည်း သဘောကျပြီး Porsche Taycan မှာလည်း သုံးချင်ပေမယ့် အခုလောက် အထိ ကိုယ်ထည်ပိုင်း အပြင်အဆင် တွေကို မလိုချင်ဘူး ဆိုသူတွေ အတွက်တော့ Prior Design ကနေ ဒီထက်နည်း နည်း ပိုပြီး အပြင်အဆင် နည်းကာ ကားကိုယ်ထည် ပိုင်းအတိုင်းပဲ လိုသလို ခပ်ပါးပါးပဲ ပြင်ပေးထားမယ့် Package တစ်မျိုးကို ထပ်မံ မိတ်ဆက် ပေးလာဦး မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts