Porsche Taycan လို ကားမျိုးကို အနုပညာ လက်ရာတွေ ပေါင်းထည့်ထားတဲ့ Art Car လိုမျိုး ဖန်တီးရတာ အတော် လေးပျော်ဖို့ ကောင်းနိုင်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး အနုပညာလက်ရာ ဖန်တီးထားတဲ့ Art Car တွေဆိုတာကတော့ လမ်းမတွေထက်မြင်ရခဲပြီး စက်ရုံကထုတ်ပေးလိုက်တဲ့ အရောင်တွေအတိုင်းသာ နေ့စဉ် မြင်တွေ့ကြရတာ ထုံးစံပါပဲ။ Porsche ကလည်း အခုလို Art Car တွေအဖြစ် မြင်တွေ့ကြရတဲ့ နေရာမှာ အတော်လေး နာမည်ရထားခဲ့ပြီး ၁၉၆၀ ခုနှစ် တွေဆီက စတင်ခဲ့တဲ့ Janis Joplin ရဲ့ Psychedelic 365 ကားကစလို့ ၂၀၁၉ ခုနှစ်က Richard Philips ဆိုသူ ဖန်တီးထားတဲ့ 911 RSR ကားတွေအထိကို အမျိုးအ စား စုံလို့ပါပဲ။ အခုဆိုရင်လည်း အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ Sean Wotherspoon ဆိုသူ ဖန်တီး ထားတဲ့ Porsche Art Car တစ်စီးကို ထူးထူးဆန်းဆန်း မြင်တွေ့ရဦးမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လမ်းမ ထက်က Streetwear Fashion တွေမှာ မြင်ရတဲ့ အရောင်တွေနဲ့ ပုံမှန်မဟုတ်တဲ့ သတ္တုတွေကို အသုံးပြုကာ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ကားကို ယခင်ကလည်း Porsche ဘက်က ဖော်ပြလာတာ မျိုး ရှိခဲ့ပေမယ့် အတွင်းခန်းမပြီးသေးတာကြောင့် သေချာ မမြင်ထားရသေးတာ ဖြစ်ကာ အခုဆိုရင် တော့ အတွင်းခန်းကိုပါ လှလှပပ မြင်တွေ့လာရပါပြီ။ ပထမဆုံးအနေနဲ့ အခုလိုမျိုး ဒီဇိုင်းကာလာတွေကို ရ‌ရှိအောင် Wotherspoon က VR ပုံရိပ် ယောင် အသုံးပြုပြီး ကြိုတင်ပုံဖော်ကြည့် ခဲ့ ပါသေးတယ်။ နောက်ပိုင်းမှာ တော့ လိုချင်တဲ့ အရောင်တွေ အတိုင်း Porsche ဆီကို  ပို့ကာ အရောင်တွေ စပ်ခဲ့ပြီး ‌ကားနမူနာ တစ်စီးမှာ အရင်ဆုံး အသုံးချကာ အတွင်းခန်းကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ အကောင်းဆုံး ကတော့ အဆိုပါ အရောင် တွေကိုမှ Corduroy Fabric ချည်သားနဲ့ တွဲဖက် ပေးထားတာပါပဲ။

Photo Credit: CARBUZZ

အဆိုပါ အသားကိုတော့ ကားရဲ့ အမိုးလိုင်းတွေ ၊ ထိုင်ခုံ အစွပ်တွေနဲ့ နေကာနေရာ တွေမှာ သုံး ပေးထားတဲ့ အပြင် 911 Targa Heritage Edition တုန်းကလိုမျိုး တစ်ချို့ Material တွေကိုလည်းထည့်သုံး ပေးထားပါ သေးတယ်။ ဒါ့အပြင် ဖန်တီးသူ Wotherspoonကိုယ်တိုင် ကလည်း သတ်သတ်လွတ်သမား ဖြစ်တာကြောင့် အခု အတွင်းခန်းကို တိရစ္ဆာန် တွေရဲ့ သားရေတွေ မပါအောင် ဖန်တီးထားခဲ့ပါတယ်။ အဆိုပါ သားရေတွေ အစား တစ်ခြားသော ပစ္စည်း အသစ် အစိတ်အပိုင်းတွေ ထည့်သုံးခဲ့တာကိုတော့ Wotherspoon က သူ့ အတွက်တော့ ဒါတွေက အမြဲတမ်း စိန်ခေါ်မှုတွေ အနေနဲ့ လုပ်ဆောင် နေခဲ့တာတွေပဲ ဖြစ်ပြီး ဒီဇိုင်းပိုင်းနဲ့ သတ္တုပိုင်းတွေမှာလည်း အကောင်းဆုံး ဖန်တီး ဖြစ်တယ်လို့ ဆိုထား ပါတယ်။ အခုလိုအရောင် ပေါင်းစုံရဖို့ အတွက် ကိုလည်း ကားရဲ့ Dash နေရာတွေ ၊ Pillars တွေ ၊ Center Console နဲ့ စတီယာတိုင် နေရာတွေ မှာ ဖော့ဆို့တွေ ထည့်ပြီးမှ ပြန်ပြင်ခဲ့ရတာ မျိုးတွေ ရှိခဲ့ပါတယ်။ အခုလို ဖန်တီး ရတာ ကတော့ တကယ်ကို ခက်ခဲတဲ့ အလုပ် ဖြစ်ခဲ့ပေမယ့် Style Porsche ရဲ့ အရောင်နဲ့ Trim တွေ ထည့်ပေးသူ Volker Muller ကတော့ တကယ်ကို စိန်ခေါ်မှုတွေ အများကြီး ယူဆောင်လာ ပေးတဲ့ Project တစ်ခု အဖြစ်ရှုမြင် ထား ခဲ့ ပါတယ်။

Photo Credit: CARBUZZ

ဒါ့အပြင် အခု Art Car ကိုပဲ သူတို့ရဲ့ ကိုယ်ပိုင် Manufaktur Program သီးသန့်နဲ့အတူ Porsche တို့က ပြန်လည် အမွှန်းတင် ပေးခဲ့သေးပြီး အနက်ရောင် ၂၁ လက်မ အရွယ်ဘီးတွေ ၊ အနက်ရောင် Wiper အဖုံး တွေနဲ့ အနက်ရောင် Porsche ဆိုတဲ့ စာသားလေးတွေကိုပါ ထည့်ပေးထား ခဲ့ပါသေးတယ်။ တကယ်လို့ အခုကားရဲ့ အတွင်းခန်းထဲက ထူးထူးခြားခြား အရောင်တွေကို ကြိုက်တယ် ဆိုရင်တော့ သတင်းကောင်း တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အခု ကားလို ပုံစံ မျိုးဖြစ်သွားအောင် Porsche ရဲ့ သီးသန့် Exclusive Manufaktur ရဲ့ အစီအစဉ်ကိုသုံးကာ ဖန်တီးနိုင်မှာ ပါ။ ဒါ့အပြင် တံခါးလေးဘက်လုံးရဲ့ အရောင်တွေကို လည်း နောက်ပိုင်း ကားတွေမှာပါ သုံးပေးလာဖို့ ရှိနေသလို ဒီ အရောင်တွေကို ဘယ်တော့လောက် စရမလဲ ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာပါ။ အရောင်တွေ ကတော့ Nash Blue ၊ Sean Peach ၊ Loretta Purple နဲ့ Ashley Green တို့ပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အရောင် စုံစုံလေးတွေ လိုချင်တယ် ဆိုရင် Harlequin Style Color Scheme တွေကို သုံးလို့ရနေပြီး နောက်ပိုင်း ကားသစ်တွေ မှာလည်း Art Car တွေကို ကြည့်ပြီး အရောင်စုံစုံ လေးတွေ ပါလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: carbuzz.com