Porsche ရဲ့ 718 Boxster နဲ့ 718 Cayman ကားနှစ်မျိုး အတွက်ကို Style Edition ဆိုတဲ့ ပုံစံအသစ်အဖြစ် ဒီဇိုင်း အလန်းစား ပြင်ဆင်ပြီး ထုတ်လုပ်ပေးလိုက်ပါပြီ။ အဆိုပါ Version အသစ်တွေကိုတော့ ကနဦးမှာ ဥရောပ ဈေးကွက် ထဲပဲ ရနိုင်ဖို့ ရှိနေပြီး နောက်ပိုင်းမှသာ အခြားသော နိုင်ငံတကာ ကားဈေးကွက်ထဲ ဝင်လာနိုင်ပါတယ်။ အခု အသစ် ထွက်လာတဲ့ ကားသစ် ၂ မျိုး လုံးမှာတော့ လက်မ ၂၀ မအရွယ် High-Gloss အနက်ရောင်ဘီးတွေ ပါဝင် တပ်ဆင် ထားပြီး Porsche Crests တွေနဲ့လည်း တွဲဖက်ထားတာ တွေ့ရမှာပါ။ အခုလို High-Gloss ခပ်ပြောင်လက်လက် အပြင်အဆင် လေးတွေအပြင် Porsche ဆိုတဲ့ စာသား အမှတ်တံဆိပ်လေးကိုလည်း ကားရဲ့ အနောက်ဘက်မှာ လိုက်ဖက်အောင် ထည့်သွင်းပေးထား ပါသေးတယ်။ ဒါ့အပြင် Style Edition Version ၂ မျိုးလုံးမှာ နဂိုကားရဲ့ အနက်ရောင် Sport Tailpipes တွေနဲ့လည်း ကိုက်ညီအောင် ပြင်ဆင်ပေးထားတာကို တွေ့ရဦးမှာပါ။

Photo Credit: AllAutoExperts

ကားသစ် ၂ မျိုးလုံးမှာတော့ Standard Equipment တွေ တော်တော်လေး ထည့်ပေးထားပြီး Porsche Dynamic Light System မီးစနစ်ရဲ့ Integrated 4-Point LED Daytime Running Lights တွေကို Bi-Xenon Headlights တွေနဲ့ တွဲဖက် ပေးထားတာလည်း အားရစရာပါပဲ။ ဒါတင်မကသေးပဲ၊ ကားအတွက် သီးသန့် Sport အိတ်ဇော၊ နောက်ကြည့် ကင်မရာ ၊ အရှေ့အနောက် အသုံးဝင်တဲ့ကားပါကင် Assist တို့ အပြင် Two-Zone Automatic Climate Control စနစ်တို့ကိုလည်း ထည့်သွင်း ပေးထားသေးတာပဲ ဖြစ်ပါတယ်။ Porsche ကတော့ အခု Edition ကားသစ် ၂ မျိုးအတွက် ထူးခြားပြီး သီးသန့်ဆန်တဲ့ Ruby Star Neo နာမည်နဲ့ အရောင်ကို ထုတ်လုပ်ပေးထား ပြန်ပါတယ်။ အဆိုပါ အရောင်ကတော့ 964 Carrera RS ကားမှာ သုံးခဲ့တဲ့ မူလ Ruby Star အရောင်ကိုမှ ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ ကားတွေရဲ့  အတွင်းခန်း မှာတော့ အပူပေးစနစ်နဲ့ အရှေ့ထိုင်ခုံတွေ၊ လယ်သာသားနဲ့ စတီယာတိုင်၊ အရောင်ကွဲ လေးတွေနဲ့ ကြမ်းခင်းသားတွေအပြင် တံခါးဘောင်တွေကိုလည်း Illuminated Stainless Steel တွေ သုံးထားတာ စသဖြင့် တော်တော်လေးကို စုံစုံလင်လင် ပါဝင်လာပါတယ်။

Photo Credit: AllAutoExperts

အဆိုပါ ကားသစ် ၂ မျိုးလုံးရဲ့ စက်ပိုင်း ဆိုင်ရာမှာတော့ 2.0 Liter Turbocharged Four-Cylinder Engine တွေကို သုံးထားမှာ ဖြစ်တာကြောင့် 300 hp နဲ့ 280 lb-ft Torque ဆိုတဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်း နိုင်ပါလိမ့်မယ်။ အဆိုပါ အင်ဂျင်ကိုမှ Standard Six-Speed Manual ဂီယာနဲ့ ကားဆိုရင်တော့ ၄.၉ စက္ကန့် အတွင်းမှာတင် တစ်နာရီ ၀ မိုင်က နေ ၆၀ မိုင် ပမာဏ အထိ အရှိန်တင်ပေးနိုင်မှာပါ။ ဒါပေမယ့် နောက်ထပ် ရွေးချယ်လို့ရဦးမယ့် Seven- Speed PDK နဲ့ Sport Chrono Package တွေမှာ ဆိုရင်တော့ အကွာအဝေး ပမာဏတူကိုပဲ ၄.၅ စက္ကန့် အတွင်းမှာတင် အရှိန်တင် မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts